عَنْ أَبِي هُرَيْرَةَ رَضِيَ اللهُ عَنْهُ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِنَّمَا بُعِثْتُ لِأُتَمِّمَ مَكَارِمَ الْأَخْلَاقِ».

[حسن] - [رواه البخاري في الأدب المفرد وأحمد والبيهقي] - [السنن الكبرى للبيهقي: 20819]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"ဧကန်စင်စစ်၊ ငါကိုယ်တော်သည် မြင့်မြတ်သည့်ကိုယ်ကျင့်တရားများကို ပြည့်စုံစေရန်အတွက်သာ စေလွှတ်ခြင်းခံရတော်မူသည်။"

[حسن] - [رواه البخاري في الأدب المفرد وأحمد والبيهقي] - [السنن الكبرى للبيهقي - 20819]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်သည် မိမိအား မြင့်မြတ်သည့်၊ကောင်းမွန်သည့်ကိုယ်ကျင့်တရားများကို ပြည့်စုံစေရန်အတွက်သာ စေလွှတ်တော်မူကြောင်း မိန့်ကြားတော်မူခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိရှေ့ရှိ နဗီတမန်တော်အားလုံးတို့ပြီးနောက် စေလွှတ်ခြင်းခံရပြီး ၎င်းတို့၏လုပ်ငန်းကို ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိစေရန်နှင့် အာရပ်တို့၏ ရှိရင်းစွဲကောင်းမွန်သော စာရိတ္တများကို ပိုမိုပြည့်စုံစေရန် ဖြစ်သည်။ အာရပ်လူမျိုးတို့သည် သဘာဝအားဖြင့် ကောင်းမှုကို နှစ်သက်ကြပြီး မကောင်းမှုကို မုန်းတီးကြသည်။ ၎င်းတို့သည် ဂုဏ်သိက္ခာရှိသူ၊ ရက်ရောသူ၊ ရဲစွမ်းသတ္တိရှိသူများဖြစ်ကြသည်။ သို့ရာတွင် ၎င်းတို့၏ စာရိတ္တပိုင်း - ဥပမာ- မျိုးရိုးစဉ်ဆက်ကို ဝါကြွားခြင်း၊ မာနထောင်လွှားခြင်း၊ ဆင်းရဲသားကို အထင်သေးခြင်းစသည့် စာရိတ္တပိုင်းတို့တွင် လိုအပ်ချက်များရှိခဲ့ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ထိုအားနည်းချက်များကို ပြုပြင်ဖြည့်စွက်ရန် စေလွှတ်ခြင်းခံရသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မြင့်မြတ်သည့်ကိုယ်ကျင့်တရားများကို ထားရှိရန် တိုက်တွန်းထားပြီး၊ ၎င်းနှင့်ဆန့်ကျင့်ဘက် မကောင်းသည့် ကိုယ်ကျင့်တရားများမှ တားမြစ်ထားခြင်း။
  2. အစ္စလာမ်သာသနာတွင် ကောင်းမွန်
  3. သောကိုယ်ကျင့်တရားများသည် မည်မျှအရေးပါကြောင်းနှင့် ၎င်းသည် သာသနာတော်၏ ပထမဦးစားပေးများတွင် ပါဝင်ကြောင်းကို ဖော်ပြထားခြင်း။
  4. ဂျာဟိလိယသ်အမိုက်ခေတ်ရှိ လူများတွင်လည်း ရက်ရောမှု၊ ရဲစွမ်းသတ္တိစသည့် ကောင်းမွန်သောကိုယ်ကျင့်တရားများ၏ အကြွင်း
  5. အကျန်များ ရှိခဲ့သည်။ ထို့နောက် အစ္စလာမ်သာသနာ ထွန်းကားလာပြီး ထိုကောင်းမွန်သောကိုယ်ကျင့်တရားများကို ပြည့်စုံစေခဲ့သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ အင်ဒိုနီးရှား ထပ်၍ (38)
ထပ်၍