عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ:
«أَكْثِرُوا ذِكْرَ هَادمِ اللَّذَّاتِ» يَعْنِي الْمَوْتَ.

[حسن] - [رواه الترمذي والنسائي وابن ماجه] - [سنن ابن ماجه: 4258]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"အရသာများကို ဖြတ်တောက်စေသည့်အရာကို များစွာအောက်မေ့သတိရကြလေကုန်။" သေခြင်းတရားကို ဆိုလိုသည်။

[حسن] - [رواه الترمذي والنسائي وابن ماجه] - [سنن ابن ماجه - 4258]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သေခြင်းတရားကို များစွာအောက်မေ့သတိရကြရန် တိုက်တွန်းတော်မူခဲ့သည်။ အကြောင်းမှာ သေခြင်းတရားကို အောက်မေ့သတိရခြင်းဖြင့် လူသားသည် နောင်တမလွန်ဘဝကို သတိရစေပြီး သေခြင်းတရားသည် သူ၏စိတ်နှလုံးထဲရှိ လောကီသာယာမှုများအား ချစ်ခင်တပ်မက်ခြင်းကို ဖျက်ဆီးပစ်သည်၊ အထူးသ ဖြင့် ဟရာမ်တရားမဝင်သော သာယာမှုများကို ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သေခြင်းတရားသည် လောကီသာယာမှုများကို ဖြတ်တောက်ပစ်သော်လည်း ယုံကြည်သူအတွက်မူ ၎င်းသည် သူ့ကို နောင်တမလွန်ဘဝ၏ သာယာမှုများနှင့် ဂျန္နသ်သုခဘုံ၏ သာယာမှုများသို့ ကူးပြောင်းစေပြီး ထိုနေရာ၌ ရရှိမည့် ကြီးမားသော ကောင်း ကျိုးချမ်းသာများဆီသို့ ပို့ဆောင်ပေး သည်။
  2. သေခြင်းတရားနှင့် ၎င်းနောက်လာမည့်အရာများကို အောက်မေ့သတိရခြင်းသည် သောင်ဗဟ်အမှားဝန်ခံနောင်တရခြင်း၊ ဒုစရိုက်မှ ရှောင်ကြဉ်ခြင်းနှင့် နောင်တမလွန်ဘဝအတွက် ကြိုတင်ပြင်ဆင်ခြင်းတို့၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الإندونيسية البنغالية ထပ်၍ (35)
ထပ်၍