عَنْ أَبِي سَعِيدٍ الخُدْرِيِّ رضي الله عنه قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِنَّ اللَّهَ تَبَارَكَ وَتَعَالَى يَقُولُ لِأَهْلِ الجَنَّةِ: يَا أَهْلَ الجَنَّةِ؟ فَيَقُولُونَ: لَبَّيْكَ رَبَّنَا وَسَعْدَيْكَ، فَيَقُولُ: هَلْ رَضِيتُمْ؟ فَيَقُولُونَ: وَمَا لَنَا لاَ نَرْضَى وَقَدْ أَعْطَيْتَنَا مَا لَمْ تُعْطِ أَحَدًا مِنْ خَلْقِكَ؟ فَيَقُولُ: أَنَا أُعْطِيكُمْ أَفْضَلَ مِنْ ذَلِكَ، قَالُوا: يَا رَبِّ، وَأَيُّ شَيْءٍ أَفْضَلُ مِنْ ذَلِكَ؟ فَيَقُولُ: أُحِلُّ عَلَيْكُمْ رِضْوَانِي، فَلاَ أَسْخَطُ عَلَيْكُمْ بَعْدَهُ أَبَدًا».

[صحيح] - [متفق عليه] - [صحيح البخاري: 6549]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသားများအား မိန့်ကြားတော်မူမည်။ “အို− သုခဘုံသားတို့။ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတိုအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို နာခံဖို့ အသင့်ရှိနေကြပါသည်”ဟု လျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ကျွန်တော်မျိုးတို့အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သူ့ကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်မှာ ငါအရှင်မြတ်သည် ဤသည်ထက်ပို၍ကောင်းသောအရာကို အသင်တို့ကိုချီးမြှင့်တော်မူပေမည်။ သူတို့က လျှောက်ထားမေးမြန်းကြလိမ့်မည်။ ဤသည်ထက်ပို၍ကောင်းသောဆုလာဘ်မှာ အဘယ်အရာနည်း။ ထိုအခါအရှင်မြတ်မိန့်တော်မူမည်။ အသင်တို့ကို ငါအရှင်အမြဲကျေနပ်သွားပြီဖြစ်ရာ ဤနောက်ပိုင်းတွင် အသင်တို့အားမည်သည့်အခါမျှ အမျက်တော်ရှမည်မဟုတ်ပေ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 6549]

ရှင်းလင်းချက်

ဂျန္နသ်သုခဘုံသားများအား ဂျန္နသ်တွင်ရှိသော အခါမိန့်ကြားတော်မူမည်မှာ “အို− သုခဘုံသားတို့ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ နာခံဖို့အသင့်ရှိနေကြပါသည်”ဟုလျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ ကျွန်တော်မျိုးတို့ကျေနပ်သွားကြပါပြီ။ ကျွန်တော်မျိုးတို့ အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သည့်အဖန်ဆင်းခံကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးတို့အား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်မှာ ငါအရှင်မြတ်သည် ဤသည်ထက်ပို၍ကောင်းသောအရာကို အသင်တို့ကို ငါအရှင်မပေးရဘူးလား။ သူတို့က လျှောက်ထားမေးမြန်းကြလိမ့်မည်။ အို-အရှင်မြတ် ဤသည်ထက်ပို၍ကောင်းသောဆုလာဘ်မှာ အဘယ်အရာနည်း။ ထိုအခါအရှင်မြတ်မိန့်တော်မူမည်။ အသင်တို့ကို ငါအရှင်အမြဲကျေနပ်သွားပြီဖြစ်ရာ ဤနောက်ပိုင်းတွင် အသင်တို့အားမည်သည့်အခါမျှ အမျက်တော်ရှမည်မဟုတ်ပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသားတိုနှင့် စကားပြောတော်မူမည်။
  2. ဂျန္နသ်သုခဘုံသားတို့အား အလ္လာဟ်အရှင်မြတ် ကျေနပ်သွားပြီဖြစ်ကြောင်း အရှင်မြတ်ထံတော်မှသတင်းကောင်းပါရှိပြီး အရှင်မြတ်သည် သူတို့အားကျေနပ်သွားပြီဖြစ်ရာ မည်သည့်အခါမျှ အမျက်တော်ရှမည်မဟုတ်ပေ။
  3. အရှင်မြတ်သည် မည်သည့်အဖန်ဆင်းခံကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးတိုအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်ဟု စကားတစ်မျိုးကိုသာ အားလုံးကဖြေကြားခြင်းကို ကြည့်ခြင်းဖြင့် ဂျန္နသ်၌ရှိသောသူများသည် အဆင့်အတန်းမတူသော်လည်း မိမိရှိနေသည့်အခြေအနေကို မိမိကြေနပ်ကြောင်းသိရှိရပေသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (51)
ထပ်၍