عَن أَبِي هُرَيْرَةَ رَضيَ اللهُ عنهُ عَنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ أَدْنَى مَقْعَدِ أَحَدِكُمْ مِنَ الْجَنَّةِ أَنْ يَقُولَ لَهُ: تَمَنَّ فَيَتَمَنَّى، وَيَتَمَنَّى، فَيَقُولُ لَهُ: هَلْ تَمَنَّيْتَ؟ فَيَقُولُ: نَعَمْ، فَيَقُولُ لَهُ: فَإِنَّ لَكَ مَا تَمَنَّيْتَ وَمِثْلَهُ مَعَهُ».
[صحيح] - [رواه مسلم] - [صحيح مسلم: 182]
المزيــد ...
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
“ဧကန်စင်စစ် ဂျန္နသ်သုခဘုံတွင် သင်တို့ထဲမှ တစ်ဦးတစ်ယောက်၏ အနိမ့်ဆုံးအဆင့်မှာ (အလ္လာဟ်အရှင်မြတ်က) − အသင်အလိုရှိရာဆန္ဒပြုလော့ဟု ထိုသူအား မိန့်ဆိုတော်မူမည်ဖြစ်သည်။ ထို့နောက် သူသည် အလိုရှိရာကို ဆန္ဒပြုလိမ့်မည်၊ ထို့နောက် ထပ်မံ၍ ဆန္ဒပြုလိမ့်မည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ်က) ထိုသူအား သင်အလိုရှိရာကို ဆန္ဒပြုပြီးပြီလောဟု မေးမြန်းတော်မူမည်။ ထိုအခါ သူကဟုတ်ကဲ့ ဆန္ဒပြုပြီးပါပြီဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က ၎င်းအား အသင်ဆန္ဒပြုသမျှအရာအားလုံးနှင့် ယင်း၏ဥပမာတူညီသောအရာကို ထပ်ဆောင်းအားဖြင့် သင့်အဖို့ ဖြစ်သည်’ဟု မိန့်တော်မူလိမ့်မည်။”
[صحيح] - [رواه مسلم] - [صحيح مسلم - 182]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- ဂျန္နသ်သို့ ဝင်ရောက်ရသူများတွင် အဆင့်အတန်း အနိမ့်ဆုံးသော သူအား ‘သင်အလိုရှိသည်ကို ဆန္ဒပြုလော့’ဟု မိန့်ဆိုလိမ့်မည်။ ထို့နောက် သူသည် အလိုရှိရာကို ဆန္ဒပြုလိမ့်မည်။ ထပ်ခါထပ်ခါ ဆန္ဒပြုလိမ့်မည်။ နောက်ဆုံး၌ သူဖော်ပြခြင်းမပြုရသေးသော ဆန္ဒတစ်စုံတစ်ရာ ကျန်ရှိတော့မည် မဟုတ်ပေ။ ထို့နောက် (အလ္လာဟ်အရှင်မြတ်က) ထိုသူအား သင်အလိုရှိရာကို ဆန္ဒပြုပြီးပြီလောဟု မေးမြန်းတော်မူမည်။ ထိုအခါ သူကဟုတ်ကဲ့ ဆန္ဒပြုပြီးပါပြီဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က အသင်ဆန္ဒပြုသမျှအရာအားလုံးနှင့် ယင်း၏ဥပမာတူညီသောအရာကို ထပ်ဆောင်းအားဖြင့် သင့်အဖို့ ဖြစ်သည်’ဟု မိန့်တော်မူလိမ့်မည်။