عَنْ صُهَيْبٍ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِذَا دَخَلَ أَهْلُ الْجَنَّةِ الْجَنَّةَ، قَالَ: يَقُولُ اللهُ تَبَارَكَ وَتَعَالَى: تُرِيدُونَ شَيْئًا أَزِيدُكُمْ؟ فَيَقُولُونَ: أَلَمْ تُبَيِّضْ وُجُوهَنَا؟ أَلَمْ تُدْخِلْنَا الْجَنَّةَ، وَتُنَجِّنَا مِنَ النَّارِ؟ قَالَ: فَيَكْشِفُ الْحِجَابَ، فَمَا أُعْطُوا شَيْئًا أَحَبَّ إِلَيْهِمْ مِنَ النَّظَرِ إِلَى رَبِّهِمْ عَزَّ وَجَلَّ».
المزيد
စူဟိုင်ဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဂျန္နသ်သုခဘုံသားတို့သည် ဂျန္နတ်သို့ ဝင်ရောက်သွားသောအခါ၊
အလ္လာဟ်အရှင်မြတ်က" အသင်တို့ ငါအရှင့်ထံမှ အခြားတစ်စုံတစ်ရာ တောင်းလိုကြသလော၊ ငါအရှင် အသင်တို့အား ထပ်မံ၍ ပေးတော်မူမည်" ဟု မိန့်ကြားတော်မူ၏။
ထိုအခါ ၎င်းတို့က "အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ မျက်နှာများကို ဖြူဝင်းစေတော်မူခဲ့ပြီ မဟုတ်ပါလော။ ကျွန်တော်မျိုးတို့အား ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စေတော်မူပြီး၊ ဂျဟန္နမ်ငရဲမှလည်း လွတ်မြောက်စေတော်မူပြီ မဟုတ်ပါလော" ဟု လျှောက်ထားကြမည်။
(တမန်တော်မြတ် ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်က)မိန့်တော်မူ၏။ ထိုအခါ အရှင်မြတ်သည် ( အဖန်ဆင်းခံများနှင့် မိမိ၏ကြား၌ တားဆီးထားသော) အကာအရံ ကို ဖယ်ရှားတော်မူလေသည်။ သို့ဖြစ်ရာ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို တွေ့မြင်ခွင့်ရခြင်းထက် ပိုမို၍ နှစ်သက်ဖွယ်ရာကောင်းသော အခြားတစ်စုံတစ်ရာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရမည် မဟုတ်ပေ။