عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَا يَسْتُرُ عَبْدٌ عَبْدًا فِي الدُّنْيَا إِلَّا سَتَرَهُ اللهُ يَوْمَ الْقِيَامَةِ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2590]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"လူတစ်ဦးသည် ဤလောက၌ အခြားသူတစ်ဦး၏ အပြစ်များကို ဖုံးကွယ်ပေးလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ထိုသူ၏ အပြစ်များကို ဖုံးကွယ်ပေးတော်မူမည်။"
[صحيح] - [رواه مسلم] - [صحيح مسلم - 2590]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ - မည်သည့်ကိစ္စတွင်မဆို မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏မွတ်စ်လင်မ်ညီနောင်တစ်ဦး၏ အပြစ်များကို ဖုံးကွယ်ပေးလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ထိုသူ၏ အပြစ်များကို ဖုံးကွယ်ပေးတော်မူမည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် သူ၏အပြုအမူနှင့်အညီ အကျိုးဆက်ကို ခံစားရသည်။ ၎င်းအား အလ္လာဟ်အရှင်မြတ်၏ ဖုံးကွယ်ပေးခြင်းဆိုသည်မှာ ကိယာမတ်နေ့ ရှင်ပြန်ထမည့်နေရာ၌ လူအုပ်ကြားတွင် ထိုသူ၏ ချို့ယွင်းချက်များနှင့်အပြစ်အကုသိုလ်များကို ဖုံးကွယ်ပေးတော်မူခြင်းဖြင့် ဖြစ်သည်။ သို့မဟုတ် ၎င်းအား ထိုအပြစ်များအတွက် စစ်ဆေးမေးမြန်းခြင်းနှင့် ထုတ်ဖော်ပြောဆိုခြင်း မပြုခြင်းဖြင့်လည်းကောင်း ဖြစ်နိုင်သည်။