عَنْ أَنَسِ بْنِ مَالِكٍ رَضيَ اللهُ عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَنَّهُ قَالَ:
«اللهُمَّ لَا عَيْشَ إِلَّا عَيْشُ الْآخِرَهْ، فَاغْفِرْ لِلْأَنْصَارِ وَالْمُهَاجِرَهْ».

[صحيح] - [متفق عليه] - [صحيح مسلم: 1805]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ်ဗက်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ -
အို- အလ္လာဟ်အရှင်မြတ်၊ နောင်တမလွန်၏ ရှင်သန်မှုလွဲ၍ စစ်မှန်သည့် ဘဝရှင်သန်မှုဟူ၍ လုံးဝမရှိပါ။ ထို့ကြောင့် အန်ဆွာရီများနှင့် မုဟာဂျိရ်များအား ခွင့်လွှတ်တော်မူပါ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1805]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - စင်မှန်သည့် ဘဝရှင်သန်မှုဟူသည် အာခိရသ်နောင်တမလွန်ဘဝတွင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု၊ ကရုဏာတော်နှင့် ဂျန္နသ်သုခဘုံတွင် နေရသော ရှင်သန်မှုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လောကီ၏ ရှင်သန်မှုသည် ခဏတာမျှသာဖြစ်ကာ ပျက်စီးချုပ်ငြိမ်းသွားမည်ဖြစ်ပြီး အာခိရသ်၏ ရှင်သန်မှုသည်သာလျှင် ထာဝရတည်မြဲသောကြောင့် ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) သည် အန်ဆွာရီဆွဟာဗဟ်များအတွက် အလ္လာဟ်အရှင်မြတ်ထံ လွတ်ငြိမ်းချမ်း သာခွင့်၊ ဂုဏ်ပေး‌လေးစားခြင်းနှင့် အဆင်ပြေချောမွေ့မှုများ ပေးသနားတော်မူရန် ဒုအာပြုတော်မူခဲ့သည်။ အကြင် အန်ဆွာရီ ( မဒီနဟ်မြို့သား ) ဆွဟာဗဟ်များသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့် မုဟာဂျိရ် ( မက္ကဟ်မှ ရွှေ့ပြောင်းလာသော ဆွဟာဗဟ် )များအား ခိုလှုံခွင့်ပေးခဲ့ကြပြီး အကူအညီပေးခဲ့ကြသည့်အပြင် မိမိတို့၏ ဥစ္စာပစ္စည်းများကိုပင် မျှဝေပေးခဲ့ကြသည်။ ထိုနည်းတူ မုဟာဂျိရ်များအတွက် အလ္လာဟ်အရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့်၊ ဂုဏ်ပေး‌လေးစားခြင်းနှင့် အဆင်ပြေချောမွေ့မှုများ ပေးသနားတော်မူရန် ဒုအာပြုတော်မူခဲ့သည်။ အကြင် မုဟာဂျိရ်ဆွဟာဗဟ်များသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကျေနပ်နှစ်သက်မှုကို ရှာဖွေဆည်းပူးရန် မိမိတို့၏ နေရပ်များနှင့် ပစ္စ္စည်းဥစ္စာများကို စွန့်လွှတ်ခဲ့ကြသူများ ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ လောကီအပေါ် တပ်မက်ခြင်းမရှိမှုနှင့် အာခိရသ်ဘက်သို့ ယိမ်းညွှတ်မှု။
  2. တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏အွမ္မသ်သားများအား လောကီ၏ ခဏတာပျော်ရွှင်မှုများကို မမက်မောကြရန် သွန်သင်ခဲ့သည်။
  3. မုဟာဂျိရ်နှင့် အန်ဆွာရီတို့၏ ထူးကဲမြင့်မြတ်မှုကို ဖော်ပြထားခြင်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အတွက် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) က အရှင်မြတ်ထံ လွှတ်ငြိမ်းချမ်းသာခွင့်ရရန် ဆုတောင်းပေးခြင်းခံခဲ့ရသောကြောင့်ဖြစ်သည်။
  4. လူသားသည် ရရှိထားသော လောကီစည်းစိမ်များကြောင့် ပျော်ရွှင်မနေသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် မြန်ဆန်စွာ ကုန်ဆုံးပျက်စီးတတ်သော အရာများသာမက စိတ်ရှုပ်ထွေးပူပန်ရမှုများလည်း ပါဝင်နေသောကြောင့်ဖြစ်သည်။ စင်စစ်အားဖြင့် ထာဝရတည်တံ့ခိုင်မြဲသော နေရာဌာနမှာ အာခိရတ်နောင်တမလွန်ဘဝ သာလျှင်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (35)
ထပ်၍