عَنْ سَعْدِ بنِ أبي وَقَّاصٍ رَضيَ اللهُ عنه قَالَ:
كُنَّا عِنْدَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: «أَيَعْجِزُ أَحَدُكُمْ أَنْ يَكْسِبَ، كُلَّ يَوْمٍ أَلْفَ حَسَنَةٍ؟» فَسَأَلَهُ سَائِلٌ مِنْ جُلَسَائِهِ: كَيْفَ يَكْسِبُ أَحَدُنَا أَلْفَ حَسَنَةٍ؟ قَالَ: «يُسَبِّحُ مِائَةَ تَسْبِيحَةٍ، فَيُكْتَبُ لَهُ أَلْفُ حَسَنَةٍ، أَوْ يُحَطُّ عَنْهُ أَلْفُ خَطِيئَةٍ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2698]
المزيــد ...
စအဒ် ဗင်န် အဗီဝက္ကါစ်ွ (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အပါးတော်၌ ကျွန်ုပ်တို့ ရှိနေကြစဉ် ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ- "အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် နေ့စဥ် ကောင်းမှုကုသိုလ် တစ်ထောင်ကို ရယူနိုင်ဖို့ မတတ်စွမ်းနိုင်ဘူးလား။"
ထိုအခါ ကိုယ်တော်မြတ်၏ (ထိုင်ဝိုင်းတွင်)ထိုင်နေသူများထဲမှတစ်ဦးက လျှောက်ထားမေးမြန်းခဲ့သည်မှာ- ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးတစ်ယောက်သည် ကောင်းမှုကုသိုလ်တစ်ထောင်ကို မည်သို့ရယူနိုင်မည်နည်း။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- သူသည် "سبحان الله" 'စူဗ်ဟာနလ္လာဟ်' အကြိမ်တစ်ရာ ရွတ်ဆိုရမည်။ ထိုသို့ရွတ်ဆိုခြင်းအားဖြင့် သူ့အတွက် ကောင်းမှုကုသိုလ် တစ်ထောင် ရေးမှတ်ခြင်းခံရမည် သို့မဟုတ် သူ၏ အပြစ်အကုသိုလ်တစ်ထောင် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2698]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိမိ၏တပည့်သားစွဟာဗဟ်များအား မေးမြန်းတော်မူခဲ့သည်- အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် နေ့စဥ်ကောင်းမှုကုသိုလ် တစ်ထောင်ကို ရယူဖို့ မတတ်စွမ်းနိုင်ကျဘူးလား။ ထိုအခါ ကိုယ်တော်မြတ်၏အပါးတော်၌ ထိုင်နေကြသူများထဲမှ တစ်ဦးက လျှောက်ထားမေးမြန်းခဲ့သည်- ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးတစ်ယောက်သည် တစ်ရက်မှာ ကောင်းမှုကုသိုလ်တစ်ထောင်ကို မည်သို့ လွယ်လွယ်ကူကူ ရယူနိုင်မည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- သူသည် 'စူဗ်ဟာနလ္လာဟ်' (အလ္လာဟ်အရှင်မြတ် ပကတိစင်ကြယ်မြင့်မြတ်တော်မူကြောင်း) ကို အကြိမ်တစ်ရာ ရွတ်ဆိုရမည်။ ထိုသို့ ရွတ်ဆိုခြင်းအားဖြင့် သူ့အတွက် ကောင်းမှုကုသိုလ် တစ်ထောင် ရေးမှတ်ခြင်းခံရမည်။ အဘယ် ကြောင့်ဆိုသော် ကောင်းမှုတစ်ခုသည် အဆဆယ်ဆ ရှိသောကြောင့်တည်း။ သို့တည်းမဟုတ် သူ့မှ အပြစ်ပေါင်း တစ်ထောင်ကို ပယ်ဖျက်ပေးခြင်း ခံရမည် ဖြစ်သည်။