عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: سَمِعْتُ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«كُلُّ أُمَّتِي مُعَافًى إِلَّا المُجَاهِرِينَ، وَإِنَّ مِنَ المُجَاهَرَةِ أَنْ يَعْمَلَ الرَّجُلُ بِاللَّيْلِ عَمَلًا، ثُمَّ يُصْبِحَ وَقَدْ سَتَرَهُ اللَّهُ عَلَيْهِ، فَيَقُولَ: يَا فُلاَنُ، عَمِلْتُ البَارِحَةَ كَذَا وَكَذَا، وَقَدْ بَاتَ يَسْتُرُهُ رَبُّهُ، وَيُصْبِحُ يَكْشِفُ سِتْرَ اللَّهِ عَنْهُ».
[صحيح] - [متفق عليه] - [صحيح البخاري: 6069]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
ငါကိုယ်တော်၏ အွမ္မသ်သားတို့အနက် (မိမိ၏)အပြစ်အကုသိုလ်အား ထုတ်ဖော်ပြောကြားသူများမှလွဲ၍ အားလုံးသည် ခွင့်လွှတ်ချမ်းသာပေးခြင်းခံရမည်ဖြစ်သည်။ ထုတ်ဖော်ပြောကြားခြင်းဆိုသည်မှာ လူတစ်ဦးသည် ညတွင် အပြစ်အကုသိုလ်ကျူးလွန်ခဲ့သည်။ ၎င်းနောက် နံနက်သို့ရောက်သည့်အခါ ၎င်းအားဖန်ဆင်းမွေးမြူတော်မူသောအရှင်က သူ၏အပြစ်အား ဖုံးကွယ်ပေးထားသော်လည်း ၎င်းက အို - မည်သူမည်ဝါ မနေ့ကညက ကျွန်တော် ဒါတွေ ဒါတွေ လုပ်ခဲ့ပါသည်ဟူ၍ ပြောဆိုလိုက်သည်။ တစ်ညတာလုံး ၎င်း၏အရှင်မြတ်က (သူ၏အပြစ်များကို) ဖုံးကွယ်ပေးခဲ့သည်။ နံနက်သို့ရောက်သည့်အခါ အလ္လာဟ်အရှင်မြတ်က ၎င်း (၏အပြစ်များ)အား ဖုံးကွယ်ပေးထားသည်ကို သူကိုယ်တိုင်ပင် ဖော်ထုတ်လိုက်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 6069]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အပြစ်ကျူးလွန်သူ မွတ်စ်လင်မ်များအနက် အရှက်တရားကင်းမဲ့စွာဖြင့် မိမိအပြစ်ကို ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ဖော်ပြောဆိုသူမှလွဲ၍ ကျန်အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်မှုနှင့် လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိရန်မျှော်လင့်ရသည်။ ထိုသို့ ခွင့်လွှတ်ချမ်းသာပေးခြင်းနှင့် မထိုက်တန်ရခြင်းမှာ ညတွင် အပြစ်အကုသိုလ် ကျူးလွန်ခဲ့ပြီးနောက် နံနက်သို့ရောက်သည့်အခါ ၎င်းအား အလ္လာဟ်အရှင်မြတ်က သူ၏အပြစ်အား ဖုံးကွယ်ပေးထားသည်ကို ၎င်းက အခြားသူများကို မနေ့ကညက ကျွန်တော် ဒီလို ဒီလိုအပြစ်တွေ လုပ်ခဲ့ပါသည်ဟူ၍ ပြောဆိုလိုက်သည့်အတွက်ဖြစ်သည်။ တစ်ညတာလုံး ၎င်း၏အရှင်မြတ်က (သူ၏အပြစ်များကို) ဖုံးကွယ်ပေးခဲ့သည်။ နံနက်သို့ရောက်သည့်အခါ အလ္လာဟ်အရှင်မြတ်က ၎င်း(၏အပြစ်များ)အား ဖုံးကွယ်ပေးထားသည်ကို သူကိုယ်တိုင်ပင် ဖော်ထုတ်လိုက်သည်။