عَنْ عُمَرَ بْنِ الخَطَّابِ رَضِيَ اللَّهُ عَنْهُ:
قَدِمَ عَلَى النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ سَبْيٌ، فَإِذَا امْرَأَةٌ مِنَ السَّبْيِ قَدْ تَحْلُبُ ثَدْيَهَا تَسْقِي، إِذَا وَجَدَتْ صَبِيًّا فِي السَّبْيِ أَخَذَتْهُ، فَأَلْصَقَتْهُ بِبَطْنِهَا وَأَرْضَعَتْهُ، فَقَالَ لَنَا النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أَتُرَوْنَ هَذِهِ طَارِحَةً وَلَدَهَا فِي النَّارِ؟» قُلْنَا: لاَ، وَهِيَ تَقْدِرُ عَلَى أَلَّا تَطْرَحَهُ، فَقَالَ: «لَلَّهُ أَرْحَمُ بِعِبَادِهِ مِنْ هَذِهِ بِوَلَدِهَا».

[صحيح] - [متفق عليه] - [صحيح البخاري: 5999]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အုမရ် ဗင်န် ခသ်သွာဗ် (رضي الله عنه)ကဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ (ဟဝါဇင်န်မျိုးနွယ်မှ) သုံ့ပန်းအကျဥ်းသားများ ရောက်လာခဲ့ကြသည်။ ထိုသုံ့ပန်းများတွင် အမျိုးသမီးတစ်ဦးသည် သူမရဲ့ရင်သားမှ နို့များယိုစီးကျလျက်ရှိနေလေသည်။ သူမသည် သုံ့ပန်းများအနက်မှ ( မိမိ၏ )ကလေးကို တွေ့ရှိသောအခါ ထိုကလေးကိုယူလိုက်ပြီး သူမ၏ဝမ်းဗိုက်နှင့်ကပ်ထားလျက် နို့တိုက်ကျွေးခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်တို့အား မိန့်ကြားတော်မူသည်မှာ- "ဤအမျိုးသမီးသည် မိမိကလေးကို မီးထဲသို့ ပစ်ချမည်ဟု အသင်တို့ထင်မြင်ယူဆကြသလော"။ ကျွန်ုပ်တို့က " ထိုသို့ထင်မြင်ယူဆခြင်းမရှိပါ။ သူမသည် ကလေးငယ်အား သူမတတ်စွမ်းသရွေ့ ပစ်ချမည် မဟုတ်ပါ" ဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များအပေါ် မိမိကလေးအပေါ် ကရုဏာထားသော ဤအမျိုးသမီးထက် ပို၍ သနားကရုဏာ ထားတော်မူသည်" ဟု မိန့်ကြားတော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 5999]

ရှင်းလင်းချက်

နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ဟဝါဇင်န်မျိုးနွယ်စုမှ ဖမ်းဆီးရမိထားသောသုံ့ပန်းများအား ခေါ်ဆောင်လာခဲ့သည်။ ထိုသူများတွင် မိမိ၏ကလေးငယ်ကို ရှာဖွေနေသော အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့သည်။ သူမသည် ကလေးငယ်တစ်ဦးဦးကို တွေ့သည့်အခါတိုင်း သူမ၏ရင်သားတွင် နို့ရည်ပြည့်လျှံနေမှုကြောင့် မသက်မသာဖြစ်ကာ(ရင်သားနာကျင်မှုကို) သက်သာစေရန် ယူပြီး နို့တိုက်ကျွေးခဲ့သည်။ နောက်ဆုံးတွင် သူမသည် ဖမ်းဆီးရမိထားသူများအုပ်စုအတွင်း မိမိ၏ကလေးငယ်ကို တွေ့ရှိခဲ့ပြီး ယူဆောင်ကာ ဝမ်းဗိုက်နှင့်ကပ်ထားလျက် နို့တိုက်ခဲ့သည်။ ထိုအခါ နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏စွဟာဗဟ်သာဝကများအား ဤအမျိုးသမီးသည် မိမိကလေးကို မီးထဲသို့ ပစ်ချမည်ဟု အသင်တို့ထင်မြင်ယူဆကြသလော ဟု မေးမြန်းတော်မူခဲ့သည်။ ကျွန်ုပ်တို့က "သူမသည် မိမိ၏ကလေးငယ်ကို တတ်စွမ်းသရွေ့ပစ်ချမည် မဟုတ်ပါ" ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ်က "အလ္လာဟ်အရှင်မြတ်သည် မိမိ၏ မုစ်လင်မ်ကျေးကျွန်များအပေါ် မိမိကလေးအပေါ် ကရုဏာထားသော ဤအမျိုးသမီးထက် ပို၍ သနားကရုဏာ ထားတော်မူသည်" ဟု မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ အလ္လာဟ်အရှင်မြတ်၏ ဗန္ဒဟ်ကျေးကျွန်တို့အပေါ်ထားရှိသော ကျယ်ပြန့်လှသည့် သနားကရုဏာတော် နှင့် အရှင်မြတ်သည် ၎င်းတို့အား ကောင်းကျိုးနှင့် ဂျန္နသ်သုခဘုံကို ရရှိစေလိုပြီး ငရဲမီးဒဏ်မှ လွတ်မြောက်စေလိုတော်မူသည်။
  2. ၂။အဖြစ်အပျက်များမှ သင်ခန်းစာယူခြင်းနှင့် ၎င်းတို့ကို လမ်းညွှန်မှုနှင့် သင်ကြားမှုတွင် ဆက်စပ်စဉ်းစားခြင်း။
  3. ၃။ မုအ်မင်န်သည် အလ္လာဟ်အရှင်မြတ်အပေါ် ကောင်းသော အထင်အမြင်ထားရှိသင့်ပြီး၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း မဖြစ်သင့်ဘဲ အရှင်မြတ်အား ကြောက်ရွံ့ထိတ်လန့်ခြင်း (သက္ကဝါတရား) ဖြင့်လည်းကောင်း၊ အရှင်မြတ်၏ဒီန်သာသနာပေါ်တွင် မြဲမြံစွာရပ်တည်ခြင်းဖြင့်လည်းကောင်း နေထိုင်သင့်သည်။ ဧကန်စင်စစ် အရှင်မြတ်သည် အလွန်ကျယ်ပြန့်သောကရုဏာတော်ကို စိုးပိုင်တော်မူသောအရှင်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (34)
ထပ်၍