عَن أبِي هُرَيْرَةَ رضي الله عنه قَالَ:
كُنَّا قُعُودًا حَوْلَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، مَعَنَا أَبُو بَكْرٍ، وَعُمَرُ فِي نَفَرٍ، فَقَامَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مِنْ بَيْنِ أَظْهُرِنَا، فَأَبْطَأَ عَلَيْنَا، وَخَشِينَا أَنْ يُقْتَطَعَ دُونَنَا، وَفَزِعْنَا، فَقُمْنَا، فَكُنْتُ أَوَّلَ مَنْ فَزِعَ، فَخَرَجْتُ أَبْتَغِي رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ حَتَّى أَتَيْتُ حَائِطًا لِلْأَنْصَارِ لِبَنِي النَّجَّارِ، فَدُرْتُ بِهِ هَلْ أَجِدُ لَهُ بَابًا؟ فَلَمْ أَجِدْ، فَإِذَا رَبِيعٌ يَدْخُلُ فِي جَوْفِ حَائِطٍ مِنْ بِئْرٍ خَارِجَةٍ - وَالرَّبِيعُ الْجَدْوَلُ - فَاحْتَفَزْتُ، فَدَخَلْتُ عَلَى رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: «أَبُو هُرَيْرَةَ» فَقُلْتُ: نَعَمْ يَا رَسُولَ اللهِ، قَالَ: «مَا شَأْنُكَ؟» قُلْتُ: كُنْتَ بَيْنَ أَظْهُرِنَا، فَقُمْتَ فَأَبْطَأْتَ عَلَيْنَا، فَخَشِينَا أَنْ تُقْتَطَعَ دُونَنَا، فَفَزِعْنَا، فَكُنْتُ أَوَّلَ مَنْ فَزِعَ، فَأَتَيْتُ هَذَا الْحَائِطَ، فَاحْتَفَزْتُ كَمَا يَحْتَفِزُ الثَّعْلَبُ، وَهَؤُلَاءِ النَّاسُ وَرَائِي، فَقَالَ: «يَا أَبَا هُرَيْرَةَ» وَأَعْطَانِي نَعْلَيْهِ، قَالَ: «اذْهَبْ بِنَعْلَيَّ هَاتَيْنِ، فَمَنْ لَقِيتَ مِنْ وَرَاءِ هَذَا الْحَائِطَ يَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ مُسْتَيْقِنًا بِهَا قَلْبُهُ، فَبَشِّرْهُ بِالْجَنَّةِ»، فَكَانَ أَوَّلَ مَنْ لَقِيتُ عُمَرُ، فَقَالَ: مَا هَاتَانِ النَّعْلَانِ يَا أَبَا هُرَيْرَةَ؟ فَقُلْتُ: هَاتَانِ نَعْلَا رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، بَعَثَنِي بِهِمَا مَنْ لَقِيتُ يَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ مُسْتَيْقِنًا بِهَا قَلْبُهُ، بَشَّرْتُهُ بِالْجَنَّةِ، فَضَرَبَ عُمَرُ بِيَدِهِ بَيْنَ ثَدْيَيَّ فَخَرَرْتُ لِاسْتِي، فَقَالَ: ارْجِعْ يَا أَبَا هُرَيْرَةَ، فَرَجَعْتُ إِلَى رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَأَجْهَشْتُ بُكَاءً، وَرَكِبَنِي عُمَرُ، فَإِذَا هُوَ عَلَى أَثَرِي، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «مَا لَكَ يَا أَبَا هُرَيْرَةَ؟» قُلْتُ: لَقِيتُ عُمَرَ، فَأَخْبَرْتُهُ بِالَّذِي بَعَثْتَنِي بِهِ، فَضَرَبَ بَيْنَ ثَدْيَيَّ ضَرْبَةً خَرَرْتُ لِاسْتِي، قَالَ: ارْجِعْ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «يَا عُمَرُ، مَا حَمَلَكَ عَلَى مَا فَعَلْتَ؟» قَالَ: يَا رَسُولَ اللهِ، بِأَبِي أَنْتَ، وَأُمِّي، أَبَعَثْتَ أَبَا هُرَيْرَةَ بِنَعْلَيْكَ، مَنْ لَقِيَ يَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ مُسْتَيْقِنًا بِهَا قَلْبُهُ بَشَّرَهُ بِالْجَنَّةِ؟ قَالَ: «نَعَمْ»، قَالَ: فَلَا تَفْعَلْ، فَإِنِّي أَخْشَى أَنْ يَتَّكِلَ النَّاسُ عَلَيْهَا، فَخَلِّهِمْ يَعْمَلُونَ، قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «فَخَلِّهِمْ».
المزيد
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
“ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ပတ်ပတ်လည်၌ ဝိုင်းရံထိုင်နေခဲ့ကြပြီး၊ (ထို)အုပ်စုထဲ၌ ကျွန်ုပ်တို့နှင့်အတူ အဗူဘကရ်နှင့် အုမရ်( ရဿွိယလ္လာဟုအန်ဟုမာ) တို့လည်း ရှိနေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့ကြားထဲမှ ထသွားတော်မူပြီး၊ ကျွန်ုပ်တို့ထံ ပြန်လာရန် ကြန့်ကြာနေတော်မူသဖြင့်၊ ကျွန်ုပ်တို့သည် (ရန်သူများက ကိုယ်တော်တစ်ဦးတည်းရှိနေသည်ကိုတွေ့ပြီး) ကိုယ်တော့်အား အန္တရာယ်ပြုမည်ကို စိုးရိမ်ကြောက်လန့်ပြီး၊ ထိတ်လန့်ကာ ထရပ်လိုက်ကြသည်။ ကျွန်ုပ်သည် ပထမဦးဆုံး ထိတ်လန့်သူဖြစ်ပြီး၊ ကိုယ်တော့်အား ရှာဖွေရန်ထွက်လာခဲ့သည်။ နောက်ဆုံး၌ အန်စွာရီဆွဟာဗဟ်များထဲမှ ဗနီနဂျ်ဂျာရ်မျိုးနွယ်ဝင်တို့၏ ဥယျာဉ်တစ်ခုသို့ ရောက်ရှိသွားသည်။ ထိုဥယျာဉ်၏ တံခါးကို ရှာဖွေသော်
လည်း မတွေ့ခဲ့ပေ။ ထိုအခါ အပြင်ဘက်ရေတွင်းမှ ဥယျာဉ်အတွင်းသို့ စီးဝင်နေသောမြောင်းငယ်တစ်ခုကို တွေ့လိုက်ရသည်။ ကျွန်ုပ်သည် ခန္ဓာကိုယ်ကိုကျုံ့ကာ(ထိုမြောင်းမှ တွားသွား၍) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ဝင်ရောက်ခစားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အဗူဟိုရိုင်ရဟ်”လား ဟု မိန့်တော်မူသည်။ ကျွန်ုပ်က “အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ဟုတ်ပါသည်” ဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က “သင်ဘယ်လိုဖြစ်တာလဲ” ဟု မေးတော်မူ၏။ ကျွန်ုပ်က “ကိုယ် တော်သည် ကျွန်တော်မျိုးတို့ကြား၌ ရှိနေခဲ့ပါသည်။ ထို့နောက် ထသွားတော်မူ၍ ပြန်လာရန် ကြန့်ကြာတော်မူသဖြင့်၊ ကျွန်တော်မျိုးတို့သည် (ရန်သူများက ကိုယ်တော်တစ်ဦးတည်းရှိနေသည်ကိုတွေ့ပြီး) ကိုယ်တော့်အား အန္တရာယ်ပြုမည်ကို စိုးရိမ်ကြောက်လန့်ပြီး၊ ထိတ်လန့်ခဲ့ကြသည်။ ကျွန်တော်မျိုးသည် ပထမဦးဆုံး ထိတ်လန့်သူဖြစ်ပြီး၊ ကိုယ်တော့်အား ရှာဖွေရန်ထွက်လာခဲ့ပြီး ဤဥယျာဉ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် မြေခွေးကျုံ့ဝင်သကဲ့သို့ ကိုယ်ကိုကျုံ့ကာဝင်ရောက်ခဲ့ပါသည်။ ဤလူများ( ကျန်သည့် စွဟာဗဟ်သာဝကများ) မှာလည်း ကျွန်တော်မျိုး၏နောက်တွင် ရှိကြပါသည်” ဟု လျှောက်ထားသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်- “အို - အဗူဟိုရိုင်ရဟ်” ဟု ခေါ်တော်မူ၍ မိမိ၏ဖိနပ်နှစ်ဖက်ကို ကျွန်ုပ်အား ပေးတော်မူပြီး “သင်သည် ငါကိုယ်တော်၏ ဤဖိနပ်နှစ်ဖက်ကို ယူသွားပါ။ ဤဥယျာဉ်၏နောက်ဘက်တွင် သင်တွေ့ရသောသူမှန်သမျှ မည်သူမဆို "လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာ သက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဟု ဝမ်းမြောက်စရာသတင်းပေးလိုက်ပါ”။ ထိုအခါ ကျွန်ုပ်တွေ့ရှိသော ပထမဆုံးလူမှာ စွဟာဗဟ်ကြီးအုမရ်သခင် ဖြစ်သည်။ သူက “အို - အဗူဟိုရိုင်ရဟ်၊ ဤဖိနပ်နှစ်ဖက်ကား အဘယ်နည်း” ဟု မေးသည်။ ကျွန်ုပ်က “ဤသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဖိနပ်နှစ်ဖက်ဖြစ်ပါသည်။ ကျွန်ုပ်တွေ့ရသူမှန်သမျှ မည်သူမဆို"လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာသက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်၏သတင်းကောင်းပေးရန် ကိုယ်တော်က ကျွန်ုပ်အား ဤဖိနပ်နှစ်ဖက်နှင့်အတူ စေလွှတ်တော်မူပါသည်” ဟု ဖြေကြားလိုက်သည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ - ထိုအခါ အုမရ်(ရဿွိယလ္လာဟုအန်ဟု)သည် သူ၏လက်ဖြင့် ကျွန်ုပ်၏ရင်ဘတ်ကြားတွင် ရိုက်လိုက်သဖြင့် ကျွန်ုပ်သည် ဖင်ထိုက်လျက် လဲကျသွားပါသည်။ ထို့နောက် သူက “အို - အဗူဟိုရိုင်ရဟ်၊ ပြန်သွားလော့” ဟု ဆိုသည်။ ထို့ကြောင့် ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံတော်သို့ ပြန်လာခဲ့ပြီး ရှိုက်ကြီးတငင်ငိုကြွေးလိုက်သည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)ကလည်း ကျွန်ုပ်၏နောက်မှ လိုက်ပါလာခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အို-အဗူဟိုရိုင်ရဟ်၊ သင်ဘာဖြစ်တာလည်း” ဟု မေးတော်မူ၏။ ကျွန်ုပ်က လျှောက်ထားခဲ့သည်မှာ- “ ကျွန်တော်မျိုး အုမရ်အား တွေ့ဆုံခဲ့ပြီး ကိုယ်တော် ကျွန်တော်မျိုးအား စေလွှတ်တော်မူသည့်အကြောင်းကို ၎င်းအား ပြောပြလိုက်သည်။ ထိုအခါ ၎င်းကသူ ကျွန်တော်မျိုး၏ရင်ဘတ်ကြားကို တစ်ချက်ရိုက်လိုက်ရာ ကျွန်တော်မျိုး ဖင်ထိုက်လျက် လဲကျသွားပါသည်။ ထို့နောက် ၎င်းက အသင် ‘ပြန်သွားလော့’ ဟု ပြောပါသည်” ဟု လျှောက်ထားသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အို “အုမရ်၊ အဘယ်အရာက သင့်အား ဤသို့ပြုလုပ်စေခဲ့သနည်း” ဟု မေးတော်မူ၏။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က “အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုး၏မိဘနှစ်ပါးကို ကိုယ်တော့်အတွက် စွန့်လွှတ်စတေးပါ၏။ ကိုယ်တော်သည် အဗူဟုရိုင်ရဟ်အား ကိုယ်တော်၏ ဖိနပ်နှစ်ဖက်နှင့်အတူ စေလွှတ်၍ ၎င်းတွေ့ဆုံခဲ့သည့် မည်သူမဆို "လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာသက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်သုခဘုံ၏ သတင်းကောင်းပေးလိုက်ပါ ဟု မိန့်ကြားတော်မူခဲ့ပါသလောဟု လျှောက်ထားမေးမြန်း၏။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က က “ဟုတ်တယ်” ဟု မိန့်တော်မူ၏။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က “ထိုသို့ ပြုလုပ်တော်မမူပါနှင့်။ အကြောင်းမှာ လူတို့သည် ဤအပေါ်တွင်သာ အားထား၍ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းအားစွန့်လွှတ်ကြမည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ထို့ကြောင့် ၎င်းတို့အား ကောင်းမှုကုသိုလ်များ ကျင့်ဆောင်နေကြလျက်ပင်” လွှတ်ထားတော်မူပါဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က“သို့ဆိုလျှင် အသင် သူတို့ကို လွှတ်ထားလိုက်ပါ” ဟု မိန့်တော်မူသည်။