عَنْ سَلْمَانَ رَضيَ اللهُ عنه قَالَ:
قَالَ لَنَا الْمُشْرِكُونَ: إِنِّي أَرَى صَاحِبَكُمْ يُعَلِّمُكُمْ حَتَّى يُعَلِّمَكُمُ الْخِرَاءَةَ، فَقَالَ: أَجَلْ، إِنَّهُ نَهَانَا أَنْ يَسْتَنْجِيَ أَحَدُنَا بِيَمِينِهِ، أَوْ يَسْتَقْبِلَ الْقِبْلَةَ، وَنَهَى عَنِ الرَّوْثِ وَالْعِظَامِ وَقَالَ: «لَا يَسْتَنْجِي أَحَدُكُمْ بِدُونِ ثَلَاثَةِ أَحْجَارٍ».
المزيد
စလ်မားန် ( ရဿွိယလ္လာဟာအန်ဟု ) ကဆင့်ပြန်ခဲ့သည်။
မုရှ်ရိက်တို့က ကျွန်ုပ်တို့အား (ပြက်ရယ်ပြုသည့်အနေဖြင့်) ပြောဆိုခဲ့ကြသည်။ ကျွန်ုပ်သည်( မုရှ်ရိက်တစ်ဦးက) အသင်တို့၏မိတ်ဆွေ(တမန်တော်မြတ်)အား အသင်တို့ကို (ကိစ္စရပ်တိုင်းကို) သင်ကြားပေးကာ နောက်ဆုံး အပေါ့အလေးစွန့်သည့် ကိစ္စအထိ သင်ကြားပေးသည်ကို တွေ့မြင်ရသည်။ ထိုအခါ စလ်မာန်ဖာရစီ (ရဿွိယလ္လာဟုအန်ဟု) က ဟုတ်ပါသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်တို့ထဲမှ တစ်ဦးတစ်ယောက်သည် သူ၏ညာဘက်လက်ဖြင့် သန့်စင်မှုပြုလုပ်ခြင်း၊ ( အပေါ့၊အလေးစွန့်ရာတွင် ) ကိဗ်လဟ်ဘက်သို့ မျက်နာမူခြင်း၊ တိရိစ္ဆာန်၏မစင်ခြောက်နှင့် အရိုးတို့ဖြင့် သန့်စင်မှုပြုလုပ်ခြင်းတို့မှ ကျွန်ုပ်တို့အား တားမြစ်တော်မူခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျောက်ခဲသုံးခဲထက်နည်း၍ သန့်စင်မှုမပြုလုပ်ကြလေနှင့်။