عَنْ سَلْمَانَ رَضيَ اللهُ عنه قَالَ:
قَالَ لَنَا الْمُشْرِكُونَ: إِنِّي أَرَى صَاحِبَكُمْ يُعَلِّمُكُمْ حَتَّى يُعَلِّمَكُمُ الْخِرَاءَةَ، فَقَالَ: أَجَلْ، إِنَّهُ نَهَانَا أَنْ يَسْتَنْجِيَ أَحَدُنَا بِيَمِينِهِ، أَوْ يَسْتَقْبِلَ الْقِبْلَةَ، وَنَهَى عَنِ الرَّوْثِ وَالْعِظَامِ وَقَالَ: «لَا يَسْتَنْجِي أَحَدُكُمْ بِدُونِ ثَلَاثَةِ أَحْجَارٍ».
[صحيح] - [رواه مسلم] - [صحيح مسلم: 262]
المزيــد ...
စလ်မားန် ( ရဿွိယလ္လာဟာအန်ဟု ) ကဆင့်ပြန်ခဲ့သည်။
မုရှ်ရိက်တို့က ကျွန်ုပ်တို့အား (ပြက်ရယ်ပြုသည့်အနေဖြင့်) ပြောဆိုခဲ့ကြသည်။ ကျွန်ုပ်သည်( မုရှ်ရိက်တစ်ဦးက) အသင်တို့၏မိတ်ဆွေ(တမန်တော်မြတ်)အား အသင်တို့ကို (ကိစ္စရပ်တိုင်းကို) သင်ကြားပေးကာ နောက်ဆုံး အပေါ့အလေးစွန့်သည့် ကိစ္စအထိ သင်ကြားပေးသည်ကို တွေ့မြင်ရသည်။ ထိုအခါ စလ်မာန်ဖာရစီ (ရဿွိယလ္လာဟုအန်ဟု) က ဟုတ်ပါသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်တို့ထဲမှ တစ်ဦးတစ်ယောက်သည် သူ၏ညာဘက်လက်ဖြင့် သန့်စင်မှုပြုလုပ်ခြင်း၊ ( အပေါ့၊အလေးစွန့်ရာတွင် ) ကိဗ်လဟ်ဘက်သို့ မျက်နာမူခြင်း၊ တိရိစ္ဆာန်၏မစင်ခြောက်နှင့် အရိုးတို့ဖြင့် သန့်စင်မှုပြုလုပ်ခြင်းတို့မှ ကျွန်ုပ်တို့အား တားမြစ်တော်မူခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျောက်ခဲသုံးခဲထက်နည်း၍ သန့်စင်မှုမပြုလုပ်ကြလေနှင့်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 262]
စလ်မာန်ဖာရစီ (ရဿွိယလ္လာဟုအန်ဟု) က ပြောသည်မှာ- မုရှ်ရိက်တို့က ကျွန်ုပ်တို့အား ပြက်ရယ်ပြု၍ ပြောဆိုခဲ့ကြသည်။ သင်တို့၏နဗီတမန်တော်သည် သင်တို့အား အရာရာတိုင်းကို သင်ပေးသည်၊ သင်တို့ အပေါ့၊အလေးစွန့်ရာတွင် မည်သို့ပြုလုပ်ရမည်ကိုပင် သင်ကြားပေးသည်။ စလ်မာန်ဖာရစီ (ရဿွိယလ္လာဟုအန်ဟု)က ပြန်လည် ဖြေကြားခဲ့သည်မှာ-ဟုတ်ပါသည်။ တမန်တော်မြတ်သည် ကျွန်ုပ်တို့အား အပေါ့၊အလေးစွန့်ခြင်း၏ စည်းကမ်းများကို သင်ပေးခဲ့သည်။ ထိုသင်ကြားချက်များထဲမှ တစ်ခုမှာ- ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား အပေါ့၊အလေးစွန့်ပြီးနောက် ညာလက်ဖြင့် သန့်စင်မှုမပြုလုပ်ရန် တားမြစ်ခဲ့သည်။ ဤသည် ညာလက်ကို အညစ်အကျေးမှ ကာကွယ်ရန်နှင့်၊ ညာလက်ကို ဂုဏ် ပေးသည့်အနေဖြင့် ဖြစ်သည်။ ထို့ပြင် အပေါ့၊အလေးစွန့်သည့်အခါ ကအ်ဗဟ်ကျောင်းတော်ဘက်သို့ မျက်နှာမမူရန် တားမြစ်ခဲ့သည်။ ထို့အတူ ကျွဲ၊ နွား စသည့်တိရစ္ဆာန်များ၏ မစင်ခြောက်များ သို့မဟုတ် ၎င်းတို့၏ အရိုးများဖြင့် သန့်စင်မှု မပြုလုပ်စေရန် တားမြစ်ခဲ့ပြီး၊ သန့်စင်မှုပြုလုပ်ရာတွင် ကျောက်ခဲသုံးခဲထက် နည်းသောအရေအတွက်ဖြင့် မတင်းတိမ်ရန် တားမြစ်တော်မူခဲ့သည်။