عَنْ عَائِشَةَ أُمِّ المؤْمنينَ رَضيَ اللهُ عنها:
أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ إِذَا خَرَجَ مِنَ الغَائِطِ قَالَ: «غُفْرَانَكَ».

[صحيح] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن أبي داود: 30]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာမှထွက်လာသောအခါတိုင်း«غُفراك» "ဂွဖ်ရာနက"ဟု ရွတ်ဆို‌တော်မူလေ့ရှိသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن أبي داود - 30]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာမှထွက်လာသောအခါတိုင်း : "غُفرانَك" (အို-အလ္လာဟ် အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ခွင့်လွှတ်ချမ်းသာပေးမှုကို တောင်းခံပါ၏)ဟု ရွတ်ဆို‌တော်မူလေ့ရှိသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိမ်သာမှထွက်ပြီးနောက် "ဂွဖ်ရာနက" ဟု ဆိုခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  2. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အခြေအနေအမျိုးမျိုးတွင် အလ္လာဟ်အရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံတော်မူလေ့ရှိသည်။
  3. အိမ်သာမှထွက်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံရခြင်း၏ အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖော်ပြထားသည် - အလ္လာဟ်အရှင်မြတ်၏ မရေမတွက်နိုင်သော ကျေးဇူးတော်များအတွက် ကျေးဇူးတင်ခြင်းမပြုနိုင်သည့် ပေါ့လျော့လစ်ဟာမှုကြောင့်ဖြစ်ပြီး၊ ထိုကျေးဇူးတော်များထဲတွင် အန္တရာယ်ရှိသောအရာများကို ခန္ဓာကိုယ်မှ လွယ်ကူစွာထွက်ခွာစေခြင်းလည်း ပါဝင်သည်။ ထို့ပြင် သဘာဝလိုအပ်ချက်ဖြည့်ဆည်းသည့်အချိန်တွင် အရှင်မြတ်၏ သတိရတသမှု (ဇိကရ်) မှ ပျက်ကွက်ခဲ့သောကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံခြင်းလည်း ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (51)
ထပ်၍