عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنه قَالَ:
إِنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ نَهَى أَنْ يُسْتَنْجَى بِرَوْثٍ أَوْ عَظْمٍ، وَقَالَ: «إِنَّهُمَا لَا تُطَهِّرَانِ».

[صحيح] - [رواه الدارقطني] - [سنن الدارقطني: 152]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တိရိစ္ဆာန်၏ မစင်ခြောက် သို့မဟုတ် အရိုးဖြင့် သန့်စင်မှုပြုခြင်းမှ တားမြစ်တော်မူခဲ့ပြီး မိန့်ကြားတော်မူသည်မှာ - "ဧကန်စင်စစ် ထိုနှစ်မျိုး (တိရိစ္ဆာန်၏မစင်ခြောက်နှင့် အရိုး)သည် (အညစ်အကြေးကို) သန့်ရှင်းစင်ကြယ်အောင် မပြုလုပ်နိုင်ပေ။”

[صحيح] - [رواه الدارقطني] - [سنن الدارقطني - 152]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အပေါ့၊အလေး စွန့်ပြီးသူအား တိရစ္ဆာန်၏ အရိုး သို့မဟုတ် ၎င်း၏ မစင်ခြောက်များဖြင့် သန့်စင်မှုပြုခြင်းမှ တားမြစ်တော်မူခဲ့ပြီး မိန့်ကြားတော်မူသည်မှာ - အမှန်စင်စစ် ယင်းတို့သည် အညစ်အကြေးကို ဖယ်ရှားခြင်း မရှိသကဲ့သို့၊ ယင်းမှ သန့်ရှင်းစင်ကြယ်အောင်လည်း မပြုလုပ်နိုင်ပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၂။ အိမ်သာတက်ခြင်းနှင့် သန့်စင်မှုပြုလုပ်ခြင်းဆိုင်ရာ စည်းကမ်းအချို့ကို ဖော်ပြထားခြင်း။
  2. တိရိစ္ဆာန်တို့၏ ချေးခြောက်ဖြင့် သန့်စင်ခြင်းမပြုလုပ်ရန်တားမြစ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ညစ်ညမ်းသောအရာ (သို့မဟုတ်) ဂျင်န်သတ္တဝါများ၏ အစားအစာဖြစ်သောကြောင့်ဖြစ်သည်။
  3. အရိုးဖြင့် သန့်စင်ခြင်းမပြုလုပ်ရန် တားမြစ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ညစ်ညမ်းသောအရာ သို့မဟုတ် ဂျင်န်များကိုယ်တိုင် စားသုံးသည့် အစားအစာဖြစ်သောကြောင့် ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (35)
ထပ်၍