အမျိုးအစားခွဲများ

ဟဒီးဆ်တော်များစာရင်း

အသင်တို့သည် ကျင်ငယ်ရေ(ပေကျံခြင်း) မှ ရှောင်ကြဉ်ကြပါ။ ကဗရ်၌ အဇာဗ်ပေးခြင်းခံရသည့် (အကြောင်းအရင်းများအနက်) အများစုသည် ဤကိစ္စကြောင့်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူပြုလုပ်သည့်အခါ မိမိနှာခေါင်းထဲသို့ ရေထည့်ပြီး ညှစ်ထုတ်ကာသန့်စင်မှုပြုပါ။ အပေါ့၊ အလေး သွားပြီး ကျောက်ခဲဖြင့် သန့်စင်မှုပြုသည့်အခါ မဂဏန်း အရေအတွက်ကို အသုံးပြုပါ။
عربي အင်္ဂလိပ် အုရ်ဒူ
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်သာသို့ ဝင်သောအခါ ဤသို့ ရွတ်ဆိုတော်မူသည်။ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» အဓိပ္ပါယ်။ ။အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ရှိုင်သွာန်အထီး၊ ရှိုင်သွာန်အမတို့မှ အရှင်မြတ်ထံခိုလှုံပါ၏။
عربي အင်္ဂလိပ် အုရ်ဒူ