عن عبد الله بن عمرو بن العاص رضي الله عنهما:
عن النبي صلى الله عليه وسلم أنه كان إذا دخل المسجد قال: «أعوذ بالله العظيم، وبوجهه الكريم، وسلطانه القديم، من الشيطان الرَّجِيم»، قال: أَقَطُّ؟ قلت: نعم، قال: فإذا قال ذلك قال الشيطان: حُفِظَ منِّي سائر اليوم.
المزيد
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ကိုယ်တော်မြတ်သည် ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ
”أَعُوذُ بِاللَّهِ الْعَظِيمِ، وَبِوَجْهِهِ الْكَرِيمِ، وَسُلْطَانِهِ الْقَدِيمِ، مِنَ الشَّيْطَانِ الرَّجِيمِ“
အဓိပ္ပာယ် - ကျွန်တော်မျိုးသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ဖြင့်လည်းကောင်း၊ အလွန်ရက်ရောတော်မူသောအရှင်မြတ်၏မျက်နှာတော်အားဖြင့်လည်းကောင်း၊ ရှေးမဆွကတည်းကပင် ရှိခဲ့သော အရှင်မြတ်၏စိုးမိုးမှုဖြင့်လည်းကောင်း နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏အနှောင့်အရှက်မှ ကင်းဝေးရန် အရှင်မြတ်ထံခိုလှုံပါ၏။