عن عبد الله بن عمرو بن العاص رضي الله عنهما:
عن النبي صلى الله عليه وسلم أنه كان إذا دخل المسجد قال: «أعوذ بالله العظيم، وبوجهه الكريم، وسلطانه القديم، من الشيطان الرَّجِيم»، قال: أَقَطُّ؟ قلت: نعم، قال: فإذا قال ذلك قال الشيطان: حُفِظَ منِّي سائر اليوم.
[حسن] - [رواه أبو داود] - [سنن أبي داود: 466]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ကိုယ်တော်မြတ်သည် ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ
”أَعُوذُ بِاللَّهِ الْعَظِيمِ، وَبِوَجْهِهِ الْكَرِيمِ، وَسُلْطَانِهِ الْقَدِيمِ، مِنَ الشَّيْطَانِ الرَّجِيمِ“
အဓိပ္ပာယ် - ကျွန်တော်မျိုးသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ဖြင့်လည်းကောင်း၊ အလွန်ရက်ရောတော်မူသောအရှင်မြတ်၏မျက်နှာတော်အားဖြင့်လည်းကောင်း၊ ရှေးမဆွကတည်းကပင် ရှိခဲ့သော အရှင်မြတ်၏စိုးမိုးမှုဖြင့်လည်းကောင်း နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏အနှောင့်အရှက်မှ ကင်းဝေးရန် အရှင်မြတ်ထံခိုလှုံပါ၏။
[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - [အဗူဒါဝူဒ်ကျမ်း။] - [سنن أبي داود - 466]
တမန်တော်မြတ်သည် ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ ‘အအူဇုဗိလ္လာဟိအဇွီးမ်’ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်နှင့်အရှင်မြတ်၏ဆွိဖာသ် ဂုဏ်တော်များဖြင့်လည်းကောင်း၊ ‘ဝဝဂ်ျဟိဟိလ်ကရီးမ်’ အလွန်ရက်ရောတော်မူသောအရှင်မြတ်၏မျက်နှာတော်အားဖြင့်လည်းကောင်း၊ ‘ဝဆွလ်သွားနိဟီ’ အရှင်မြတ်သည် မိမိအလိုရှိသော အဖန်ဆင်းခံတို့အပေါ်လွမ်းမိုးနိုင်စွမ်းရှိတော်မူသော ‘အလ်ကဒီးမ်’ ရှေးမဆွကတည်းကပင် ထာဝရတည်ရှိတော်မူသောအရှင်မြတ်၏စိုးမိုးမှုဖြင့်လည်းကောင်း ‘မိနရှ်ရှိုင်သွာနိရ်ရဂျီးမ်’ အလ္လာဟ်အရှင်မြတ်၏ရဟ်မသ်ဂရုဏာတော်မူသောမှ နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏အနှောင့်အရှက်မှ ကင်းဝေးရန် အရှင်မြတ်ထံခိုလှုံပါ၏။ ဆိုလိုသည်မှာ အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ရှိုင်သွာန်၏မကောင်းသောအကြံအစည်များထည့်သွင်းခံရခြင်း၊ ရှိုင်သွာန်ဘက်မှလမ်းလွဲသွားအောင်ပြုလုပ်ခြင်း၊ သူ၏ခြေလှမ်းများ၊ လူသားစိတ်နှလုံးထဲသို့ ထည့်သွင်းတတ်သော သူ၏မကောင်းသောအကြံအစည်များ၊ မကောင်းမှုကို နှစ်သက်လာအောင်ပြုလုပ်တတ်သည့်သူ၏အကြံအစည်နှင့် သူသည် လူသားကို လမ်းမှားအောင်ပြုလုပ်ခြင်းစသည်တို့မှ ကျွန်တော်မျိုးအား ကာကွယ်စောင့်ရှောက်တော်မူပါ။ မုချထိုရှိုင်သွာန်သည် လမ်းမှားစေခြင်း၊ လမ်းလွဲစေခြင်းနှင့် အသိပညာကင်းမဲ့အောင်ပြုလုပ်ခြင်းတို့၏အဓိကအကြောင်းခံဖြစ်သည်။ အချို့က အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ် အားပြောသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤမျှလောက်သာရွတ်ဆိုခဲ့ပါသလား။ ဟု မေးမြန်းကြရာ ဟုတ်ကဲ့၊ ဤမျှလောက်သာ ရွတ်ဆိုခဲ့သည်ဟု အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ် က ဖြေကြားခဲ့လေသည်။
ဗလီသို့ဝင်သူသည် ဤဒုအာကို ရွတ်ဆိုလိုက်ပါက ရှိုင်သွာန်ကပြောသည်မှာ ဤသူသည် မိမိကိုယ်မိမိ ငါ၏အနှောင့်အရှက်မှကင်းဝေးရန် နေ့ရောညပါ အချိန်ပြည့် ကာကွယ်ထိန်းသိမ်းလိုက်ချေပြီ။