عَنْ أَبِي سَعِيدٍ الخُدْرِيَّ رَضيَ اللهُ عنهُ قَالَ:
بَعَثَ عَلِيُّ بْنُ أَبِي طَالِبٍ رَضِيَ اللَّهُ عَنْهُ إِلَى رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مِنَ اليَمَنِ بِذُهَيْبَةٍ فِي أَدِيمٍ مَقْرُوظٍ، لَمْ تُحَصَّلْ مِنْ تُرَابِهَا، قَالَ: فَقَسَمَهَا بَيْنَ أَرْبَعَةِ نَفَرٍ، بَيْنَ عُيَيْنَةَ بْنِ بَدْرٍ وَأَقْرَعَ بْنِ حابِسٍ وَزَيْدِ الخَيْلِ، وَالرَّابِعُ: إِمَّا عَلْقَمَةُ وَإِمَّا عَامِرُ بْنُ الطُّفَيْلِ، فَقَالَ رَجُلٌ مِنْ أَصْحَابِهِ: كُنَّا نَحْنُ أَحَقَّ بِهَذَا مِنْ هَؤُلاَءِ، قَالَ: فَبَلَغَ ذَلِكَ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَقَالَ: «أَلاَ تَأْمَنُونِي وَأَنَا أَمِينُ مَنْ فِي السَّمَاءِ، يَأْتِينِي خَبَرُ السَّمَاءِ صَبَاحًا وَمَسَاءً»، قَالَ: فَقَامَ رَجُلٌ غَائِرُ العَيْنَيْنِ، مُشْرِفُ الوَجْنَتَيْنِ، نَاشِزُ الجَبْهَةِ، كَثُّ اللِّحْيَةِ، مَحْلُوقُ الرَّأْسِ، مُشَمَّرُ الإِزَارِ، فَقَالَ يَا رَسُولَ اللَّهِ اتَّقِ اللَّهَ، قَالَ: «وَيْلَكَ، أَوَلَسْتُ أَحَقَّ أَهْلِ الأَرْضِ أَنْ يَتَّقِيَ اللَّهَ» قَالَ: ثُمَّ وَلَّى الرَّجُلُ، قَالَ خَالِدُ بْنُ الوَلِيدِ: يَا رَسُولَ اللَّهِ، أَلاَ أَضْرِبُ عُنُقَهُ؟ قَالَ: «لاَ، لَعَلَّهُ أَنْ يَكُونَ يُصَلِّي» فَقَالَ خَالِدٌ: وَكَمْ مِنْ مُصَلٍّ يَقُولُ بِلِسَانِهِ مَا لَيْسَ فِي قَلْبِهِ، قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «إِنِّي لَمْ أُومَرْ أَنْ أَنْقُبَ عَنْ قُلُوبِ النَّاسِ وَلاَ أَشُقَّ بُطُونَهُمْ» قَالَ: ثُمَّ نَظَرَ إِلَيْهِ وَهُوَ مُقَفٍّ، فَقَالَ: «إِنَّهُ يَخْرُجُ مِنْ ضِئْضِئِ هَذَا قَوْمٌ يَتْلُونَ كِتَابَ اللَّهِ رَطْبًا، لاَ يُجَاوِزُ حَنَاجِرَهُمْ، يَمْرُقُونَ مِنَ الدِّينِ كَمَا يَمْرُقُ السَّهْمُ مِنَ الرَّمِيَّةِ»، وَأَظُنُّهُ قَالَ: «لَئِنْ أَدْرَكْتُهُمْ لَأَقْتُلَنَّهُمْ قَتْلَ ثَمُودَ».
[صحيح] - [متفق عليه] - [صحيح البخاري: 4351]
المزيــد ...
အဘူစအီးဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။
အလီဗင်န်အဘီသွာလစ်ဗ် (ရဿွယလ္လာဟုအန်ဟု) သည် ယီမင်နိုင်ငံမှ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်) ထံသို့ မသန့်စင်ရသေးသော ရွှေတုံးတချို့ကို နယ်ပြီးသားသားရေဖြင့်ပြုလုပ်ထားသော အိတ်တစ်လုံးတွင် ထည့်ပြီး ပို့လိုက်လေသည်။ ဆင့်ပြန်သူ(အဘူစအီးဒ်ခွဒ်ရီ) က ဆက်လက်ပြောပြသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က ထိုရွှေကို လူလေးဦးကြားမှာ ခွဲဝေပေးတော်မူခဲ့သည်။ ၎င်းတို့မှာ ‘အိုယိုင်ယ်နာဗင်န်ဘဒ်ရ်၊ အက်ရအ်ဗင်န်ဟာဘစ်၊ ဇိုင်ဒ်ဗင်န်ခိုယ်လ် နှင့် စတုတ္ထမြောက်သူမှာ ‘အလ်ကမဟ် သို့မဟုတ် ‘အာမိရ်ဗင်န်သုဖိုင်လ် တို့ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)၏ တပည့်သာဝကများထဲမှ တစ်ဦးက “ဤသူတို့ထက် ကျွန်ုပ်တို့သည် ဤရွှေအား ပိုမိုထိုက်တန်ပါသည်” ဟု ပြောဆိုလေသည်။ ထိုသတင်းသည် တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်) ထံ ရောက်သွားသောအခါ တမန်တော်မြတ်က မိန့်တော်မူသည်- “ငါကိုယ်တော်သည် မိုးကောင်းကင်၌ရှိတော်မူသောအရှင်မြတ်က စိတ်ချတော်မူသည့်သူဖြစ်ပြီး၊မိုးကောင်းကင်မှ သတင်းစ
ကား(ဝဟီ) သည် နံနက်နှင့်ညနေ ငါကိုယ်တော်ထံ ဆင်းသက်နေပါလျက်နှင့် သင်တို့သည် ငါကိုယ်တော်အား စိတ်ချယုံကြည်မှု မရှိကြလေသလော။ ဆင့်ပြန်သူက ဆက်လက်ပြောပြသည်။ ထိုအခါ မျက်လုံးနှစ်လုံးစလုံး အတွင်းထဲကိုချိုင့်ဝင်နေသူ၊ ပါးနှစ်ဖက်စလုံး မို့မောက်နေသူ၊ နဖူးလည်းမောက်နေသူ၊ မုတ်ဆိတ်ထူထူနှင့် ဦးခေါင်းလည်းရိတ်ထားသူ၊ ပုဆိုးကို မထားသော အမျိုးသားတစ်ဦးက ထရပ်လျက် “အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အသင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါ” ဟု ပြောဆိုလေသည်။ ထိုအခါ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က “အသင် ပျက်စီးပါစေ၊ ငါကိုယ်တော်သည် ကမ္ဘာသူကမ္ဘာသားများအနက် အလ္လာဟ်အရှင်မြတ်အား အကြောက်ထိုက်ဆုံးသူ မဟုတ်ပါလေသလော” ဟု မိန့်ကြား တော်မူသည်။ ဆင့်ပြန်သူက ဆက်လက်ပြောပြသည်။ ထို့နောက် ထိုသူသည် ကျောခိုင်းထွက်သွားလေသည်။ ခါလစ်ဒ်ဗင်န်ဝလီးဒ် (ရဿွယလ္လာဟုအန်ဟု)က “အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုး ထိုသူ၏လည်ပင်းကို ဖြတ်လိုက်ရမလား” ဟု လျှောက်ထားသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က “ထိုသို့မလုပ်လေနှင့်၊ သူသည် ဆွလာသ်ဝတ်ပြုသူ ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု မိန့်တော်မူ၏။ ထိုအခါ ခါလစ်ဒ်ဗင်န်ဝလီးဒ် (ရဿွယလ္လာဟုအန်ဟု)က “များစွာသော ဆွလာသ်ဝတ်ပြုတို့သူ မိမိတို့၏ နှလုံးသားထဲ၌မရှိသော စကားကို နှုတ်လျှာဖြင့် ပြောဆိုကြပါသည်” ဟု လျှောက်ထားလေသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က “ငါကိုယ်တော်သည် လူတို့၏ စိတ်နှလုံးသားများကို စူးစမ်းစိစစ်ရန်နှင့် သူတို့၏ ဝမ်းဗိုက်များကိုခွဲကြည့်ရန် အမိန့်ပေးခြင်း မခံထားရပေ” ဟု မိန့်တော်မူသည်။ ထို့နောက် ထိုသူ ကျောခိုင်းသွားနေသည်ကို ကြည့်ရှုလျက် “ဤသူ၏ မျိုးနွယ်မှ အုပ်စုတစ်စု ထွက်ပေါ်လာလိမ့်မည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်ကို (အမြဲတစေ) ရွတ်ဖတ်ကြ (သောကြောင့် ၎င်းတို့၏နှုတ်လျှာဟာ) စွတ်စိုနေသော်လည်း သူတို့၏ လည်ချောင်းကို မကျော်လွန်နိုင်ပေ။ မြားသည် ပစ်မှတ်ကို ထိုးဖောက်ကျော်လွန်သွားသကဲ့သို့ သူတို့သည် သာသနာတော်မှ ထွက်ခွာသွားကြလိမ့်မည်” ဟု မိန့်တော်မူသည်။ ဆင့်ပြန်သူက ဆက်လက် ပြောပြသည်။ တမန်တော်မြတ်သည် “အကယ်၍ ငါတမန်တော် သူတို့နှင့်ဆုံစည်းခဲ့လျှင် စမူဒ်အမျိုးသားတို့အား သုတ်သင်ခဲ့သည့်အတိုင်း သူတို့ကို သုတ်သင်သတ်ဖြတ်မည်” ဟုလည်း မိန့်တော်မူသည်ဟု ကျွန်တော်ထင်ပါသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 4351]
အလီဗင်န်အဘီသွာလစ်ဗ် (ရဿွယလ္လာဟုအန်ဟု) သည် ယီမင်နိုင်ငံမှ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်) ထံသို့ မသန့်စင်ရသေးသော ရွှေတုံးတချို့ကို နယ်ပြီးသားသားရေဖြင့်ပြုလုပ်ထားသော အိတ်တစ်လုံးတွင် ထည့်ပြီး ပို့လိုက်လေသည်။ ဆင့်ပြန်သူ(အဘူစအီးဒ်ခွဒ်ရီ) က ဆက်လက်ပြောပြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က ထိုရွှေကို လူလေးဦးကြားမှာ ခွဲဝေပေးတော်မူခဲ့သည်။ ၎င်းတို့မှာ ‘အိုယိုင်ယ်နာ ဗင်န် ဘဒ်ရ် အလ်ဖဇာရီ၊ အက်ရအ် ဗင်န် ဟာဘစ် အလ်ဟန်ဇွလီ၊ ဇိုင်ဒ်ဗင်န်ခိုယ်လ် အန်နဗ်ဟာနီ နှင့် အလ်ကမဟ် ဗင်န် အလာစဟ် အလ်အာမိရီတို့ ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)၏ တပည့်သာဝကများထဲမှ တစ်ဦးက “ဤသူတို့ထက် ကျွန်ုပ်တို့သည် ဤရွှေအား ပိုမိုထိုက်တန်ပါသည်” ဟု ပြောဆိုလေသည်။ ဆင့်ပြန်သူက ပြောပြသည်။ ထိုသတင်းသည် တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်) ထံ ရောက်သွားသောအခါ တမန်တော်မြတ်က မိန့်တော်မူသည်- “ငါကိုယ်တော်သည် မိုးကောင်းကင်၌ရှိတော်မူသောအရှင်မြတ်က စိတ်ချတော်မူသည့်သူဖြစ်ပြီး၊မိုးကောင်းကင်မှ သတင်းစ ကား(ဝဟီ) သည် နံနက်နှင့်ညနေ ငါကိုယ်တော်ထံ ဆင်းသက်နေပါလျက်နှင့် သင်တို့သည် ငါကိုယ်တော်အား စိတ်ချယုံကြည်မှု မရှိကြလေသလော။ ဆင့်ပြန်သူက ဆက်လက်ပြောပြသည်။ ထိုအခါ မျက်လုံးနှစ်လုံးစလုံး အတွင်းထဲကိုချိုင့်ဝင်နေသူ၊ ပါးများမို့မောက်နေပြီး၊ နဖူးလည်းမောက်နေသူ၊ မုတ်ဆိတ်မွေးထူထပ်သော်လည်း ရှည်လျားခြင်းမရှိသူ၊ ဦးခေါင်းလည်းရိတ်ထားသူ၊ ခန္ဓာကိုယ်အောက်ပိုင်းကိုလွမ်းခြုံဖုံးအုပ်ရမည့် ပုဆိုးကို မထားသော အမျိုးသားတစ်ဦးက ထရပ်လျက် “အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အသင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါ” ဟု ပြောဆိုလေသည်။ ထိုအခါ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က “အသင် ပျက်စီးပါစေ၊ ငါကိုယ်တော်သည် ကမ္ဘာသူကမ္ဘာသားများအနက် အလ္လာဟ်အရှင်မြတ်အား အကြောက်ထိုက်ဆုံးသူ မဟုတ်ပါလေသလော” ဟု မိန့်ကြားတော်မူသည်။ ဆင့်ပြန်သူက ဆက်လက်ပြောပြသည်။ ထို့နောက် ထိုသူသည် ကျောခိုင်းထွက်သွားလေသည်။ ခါလစ်ဒ်ဗင်န်ဝလီးဒ် (ရဿွယလ္လာဟုအန်ဟု)က “အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုး ထိုသူ၏လည်ပင်းကို ဖြတ်လိုက်ရမလား” ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က “ထိုသို့မလုပ်လေနှင့်၊ သူသည် ဆွလာသ်ဝတ်ပြုသူ ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု မိန့်တော်မူ၏။ ထိုအခါ ခါလစ်ဒ်ဗင်န်ဝလီးဒ် (ရဿွယလ္လာဟုအန်ဟု)ကလျှောက်ထားသည်မှာ- “များစွာသော ဆွလာသ်ဝတ်ပြုတို့သူ မိမိတို့၏ နှလုံးသားထဲ၌မရှိသော စကားကို နှုတ်လျှာဖြင့် ပြောဆိုကြပါသည်”။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က မိန့်တော်မူသည်မှာ- “ငါကိုယ်တော်သည် လူတို့၏ စိတ်နှလုံးသားများကို စူးစမ်းစိစစ်ရန်နှင့် သူတို့၏ ဝမ်းဗိုက်များကိုခွဲကြည့်ရန် အမိန့်ပေးခြင်း မခံထားရပေ” စင်စစ် ငါကိုယ်တော်သည် သူတို့၏အပြင်ပန်းကိုသာ လက်ခံရန် အမိန့်ပေးခြင်းခံရသည်။" ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က ထိုသူ ကျောခိုင်းသွားနေသည်ကို ကြည့်ရှုလျက် မိန့်တော်မူသည်။ “ဤသူ၏ သားစဉ်မြေးဆက်၊ သို့မဟုတ် သူ၏အပေါင်းအဖော်များ၊ သို့မဟုတ် သူ၏မျိုးနွယ်စုမှ အုပ်စုတစ်စု ထွက်ပေါ်လာလိမ့်မည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်ကို အသံသာယာစွာ ဖတ်ရွတ်ရာတွင် အလွန်ကျွမ်းကျင်ကြလိမ့်မည်။ သူတို့၏နှုတ်လျှာများသည် ထိုကျမ်းတော်ကို များစွာရွတ်ဖတ်ခြင်းကြောင့် စိုစွတ်နေလိမ့်မည်။ သို့သော် ကုရ်အာန်သည် သူတို့၏လည်ချောင်းကို ကျော်လွန်မည် မဟုတ်ပေ။ (စိတ်နှလုံးသားထဲသို့ ရောက်ရှိမည် မဟုတ်ပေ)။ သူတို့၏စိတ်နှလုံးသားများက ၎င်းကို နားလည်သဘောပေါက်၍ ပြုပြင်နိုင်မည်မဟုတ်။ အလ္လာဟ်ရှင်မြတ်ကလည်း သူတို့ကို မြှင့်တင်တော်မူမည်မဟုတ်ပေ။ လက်ခံတော်မူမည်လည်း မဟုတ်ပေ။ သူတို့သည် အစ္စလာမ်သာသနာမှ ထွက်သွားကြလိမ့်မည်။ မြားသည် ပစ်မှတ်မှ လျင်မြန်စွာ ထွက်သွားသကဲ့သို့ လျင်မြန်စွာ၊ ပေါ့ပါးစွာ ထွက်သွားကြလိမ့်မည်။" (ဆင့်ပြန်သူက ဆက်လက် ပြောပြသည်။) ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က " အကယ်၍ သူတို့ဟာထွက်လာပြီး မွတ်စ်လင်မ်တွေအပေါ် ဓားစွဲကိုင်၍ တိုက်ခိုက်သည်ကို ငါတမန်တော်တွေ့ရှိခဲ့လျှင် စမူဒ်အမျိုးသားတို့အား သုတ်သင်ခဲ့သည့်အတိုင်း သူတို့ကို ပြင်းထန်စွာသုတ်သင်သတ်ဖြတ်မည်” ဟုလည်း မိန့်တော်မူသည်ဟု ကျွန်တော်ထင်ပါသည်။