عَنْ أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«يَقُولُ اللَّهُ تَعَالَى لِأَهْوَنِ أَهْلِ النَّارِ عَذَابًا يَوْمَ القِيَامَةِ: لَوْ أَنَّ لَكَ مَا فِي الأَرْضِ مِنْ شَيْءٍ أَكُنْتَ تَفْتَدِي بِهِ؟ فَيَقُولُ: نَعَمْ، فَيَقُولُ: أَرَدْتُ مِنْكَ أَهْوَنَ مِنْ هَذَا، وَأَنْتَ فِي صُلْبِ آدَمَ: أَلّاَ تُشْرِكَ بِي شَيْئًا، فَأَبَيْتَ إِلَّا أَنْ تُشْرِكَ بِي».
المزيد
အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ငရဲသားများအနက်မှ ပြစ်ဒဏ်အပေါ့ဆုံးသူကို ဤသိုမိန့်တော်မူမည်။ ကမ္ဘာပေါ်တွင်ရှိရှိသမျှအရာများအားလုံးကို အသင်ပိုင်ဆိုင်ပြီး ယင်းပိုင်ဆိုင်မှုအားလုံးနှင့်(ဤပြစ်ဒဏ်ကို လဲလှယ်၍)လျော်ကြေးပေးမည်လော။ ထိုအခါ ယင်းငရဲသားက လဲလှယ်ပါမည်ဟု ဖြေကြားလိမ့်မည်။ အရှင်မြတ်က မိန့်တော်မူမည်။ အသင်သည် အာဒမ်၏ကျောရိုးထဲတွင်ရှိနေစဉ် ငါအရှင်မြတ်သည် အသင့်အား ဒီထက်ပို၍ပေါ့ပါးသည့်တာဝန်ကို ထမ်းဆောင်ရန်လိုလားခဲ့သည်။ ယင်းတာဝန်မှာ အသင်သည် ငါအရှင်မြတ်နှင့်ရှိရ်က်တုပယှဥ်တွဲကိုးကွယ်ခြင်းမပြုရန်ဖြစ်သည်။ သို့သော် အသင်သည် မနာခံဘဲ ငါအရှင်မြတ်နှင့်သာရှိရ်က်တုပယှဥ်တွဲကိုးကွယ်ခဲ့သည်။