عَنْ ‌قَتَادَةَ رحمه الله قال:
حَدَّثَنَا ‌أَنَسُ بْنُ مَالِكٍ رَضِيَ اللهُ عَنْهُ أَنَّ رَجُلًا قَالَ: يَا نَبِيَّ اللهِ كَيْفَ يُحْشَرُ الْكَافِرُ عَلَى وَجْهِهِ؟ قَالَ: «أَلَيْسَ الَّذِي أَمْشَاهُ عَلَى الرِّجْلَيْنِ فِي الدُّنْيَا قَادِرًا عَلَى أَنْ يُمْشِيَهُ عَلَى وَجْهِهِ يَوْمَ الْقِيَامَةِ؟» قَالَ قَتَادَةُ: بَلَى وَعِزَّةِ رَبِّنَا.

[صحيح] - [متفق عليه] - [صحيح البخاري: 6523]
المزيــد ...

ကသာဒဟ်(ရဟိမဟုလ္လာဟ်)က ဆင့်ပြန်ခဲ့သည်။
အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ကျွန်တော်တို့အားဆင့်ပြန် ပြောကြားခဲ့သည်။ လူတစ်ဦးက ကိုယ်တော့်အား အို - အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော် ကာဖိရ်ငြင်းပယ်သူသည် ကိယာမသ်နေ့၌ မျက်နှာနှင့်မည်သို့လမ်းလျှောက်ပြီး စုရုံးခံရမည်နည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ လောကတွင် ၎င်းအား ခြေနှစ်ချောင်းပေါ်၌ လျှောက်လှမ်းနိုင်ရန် လုပ်ပေးတော်မူသော အရှင်မြတ်သည် ကိယာမသ်နေ့တွင် ၎င်းကိုမျက်နှာပေါ်၌ လျှောက်လှမ်းနိုင်ရန် မစွမ်းဆောင်နိုင်လေသလော။ ကသာဒဟ်ကပြောသည်မှာ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဂုဏ်သိက္ခာကို တိုင်တည်ပါသည်။ အမှန်ပင်စွမ်းဆောင်နိုင်တော်မူ၏။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 6523]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကာဖိရ်ငြင်းပယ်သူသည် ကိယာမသ်နေ့၌ မျက်နှာနှင့်မည်သို့လမ်းလျှောက်ပြီး စုရုံးခံရမည်နည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ လောကတွင် ၎င်းအား ခြေနှစ်ချောင်းပေါ်၌ လျှောက်လှမ်းနိုင်ရန် ပြုလုပ်ပေးတော်မူသော ကြီးကျယ်မြင့်မြတ်သည့် အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် ၎င်းအားမျက်နှာပေါ်၌ လျှောက်လှမ်းနိုင်ရန် စွမ်းဆောင်နိုင်သည့် အရှင်မဟုတ်လေသလော။ အလ္လာဟ်အရှင်မြတ်သည်အရာရာတိုင်းကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကိယာမသ်နေ့၌ ကာဖိရ်တို့၏ သေးသိမ်မှုနှင့် ၎င်းတို့သည် မိမိတို့၏မျက်နှာများဖြင့် လျှောက်လှမ်းရမည်ဖြစ်ကြောင်း ဖော်ပြပါထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (65)
ထပ်၍