عن قتادة قال: حدثنا أنس بن مالك رضي الله عنه أن رجلًا قال: يا نبي الله، كيف يُحشر الكافر على وجهه؟ قال: «أليس الذي أمشاه على الرجلين في الدنيا قادرًا على أن يمشيه على وجهه يوم القيامة» قال قتادة: بلى وعزة ربنا.
[صحيح] - [متفق عليه]
المزيــد ...

ကသာဒဟ်က ဆင့်ပြန်ခဲ့သည်။ အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ကျွန်တော်တို့အားဆင့်ပြန် ပြောကြားခဲ့သည်။ လူတစ်ဦးက ကိုယ်တော့်အား အို - အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော် ကာဖိရ်ငြင်းပယ်သူသည် ကိယာမသ်နေ့၌ မျက်နှာနှင့်မည်သို့လမ်းလျှောက်ပြီး စုရုံးခံရမည်နည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ လောကတွင် ၎င်းအား ခြေနှစ်ချောင်းပေါ်၌ လျှောက်လှမ်းနိုင်ရန် လုပ်ပေးတော်မူသော အရှင်မြတ်သည် ကိယာမသ်နေ့တွင် ၎င်းကိုမျက်နှာပေါ်၌ လျှောက်လှမ်းနိုင်ရန် မစွမ်းဆောင်နိုင်လေသလော။ ကသာဒဟ်ကပြောသည်မှာ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဂုဏ်သိက္ခာကို တိုင်တည်ပါသည်။ အမှန်ပင်စွမ်းဆောင်နိုင်တော်မူ၏။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အို - အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော် ကာဖိရ်ငြင်းပယ်သူသည် ကိယာမသ်နေ့၌ မျက်နှာနှင့်မည်သို့လမ်းလျှောက်ပြီး စုရုံးခံရမည်နည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏မိန့်ကြားချက်ဖြစ်သည့် (ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် မျက်နှာမှောက်လျက်၊ မျက်စိကန်းသူများ၊ ဆွံ့အသူများနှင့် နားပင်သူများအဖြစ် (လာရောက်) စုရုံးစေတော်မူမည်။) ကုရ်အာန် (၁၇:၉၇) အာယသ်တော်အား ရည်ညွှန်း၍ မေးခြင်းခြင်းဖြစ်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ လောကတွင် ၎င်းအား ခြေနှစ်ချောင်းပေါ်၌ လျှောက်လှမ်းနိုင်ရန် ပြုလုပ်ပေးတော်မူသော ကြီးကျယ်မြင့်မြတ်သည့် အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် ၎င်းကိုမျက်နှာပေါ်၌ လျှောက်လှမ်းနိုင်ရန် စွမ်းဆောင်နိုင်သည့် အရှင်မဟုတ်လေသလော။ ကသာဒဟ်က တတ်စွမ်းနိုင်ပါသည် ဟုပြောကြားခဲ့သည်။ ၎င်းသည်အရှင်မြတ်၏ ဂုဏ်သိက္ခာတော်ဖြင့် ကျိန်ဆို၍ အရှင်မြတ်သည် ထိုကိစ္စကို စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကိယာမသ်နေ့၌ ကာဖိရ်တို့၏ သေးသိမ်မှုနှင့် ၎င်းတို့သည် မိမိတို့၏မျက်နှာများဖြင့် လျှောက်လှမ်းရမည်ဖြစ်ကြောင်း ဖော်ပြပါထားသည်။
  2. ကိယာမသ်နေ့တွင် ချိန်ခွင်အမျိုးမျိုး၊ အခြေအနေအမျိုးမျိုး ရှိမည်ဖြစ်သည်။
  3. အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းကို စွမ်းဆောင်နိုင်တော်မူသည်။
  4. အချို့ပညာရှင်များက ကာဖိရ်ငြင်းပယ်သူအား မျက်နှာနှင့်လျှောက်လှမ်း၍စုရုံးစေခြင်း၌ရှိသည့် အမြော်အမြင်တစ်ခုကို တင်ပြသည်မှာ ၎င်းတို့သည် လောက၌ အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ် ဦးချခြင်းမပြုခဲ့သည့်အတွက် ၎င်းတို့၏ သေးသိမ်မှုကို ပေါ်လွင်စေရန် ကိယာမသ်နေ့၌ ၎င်းတို့အား မျက်နှာမှောက်လျက် တရွတ်တိုက်ဆွဲကာ အပြစ်ပေးခြင်းဖြစ်သည်။
အမျိုးအစားများ
ထပ်၍