+ -

عن أبي هريرة رضي الله عنه: أن رسول الله صلى الله عليه وسلم قال:
«يَنْزِلُ رَبُّنَا تَبَارَكَ وَتَعَالَى كُلَّ لَيْلَةٍ إِلَى السَّمَاءِ الدُّنْيَا حِينَ يَبْقَى ثُلُثُ اللَّيْلِ الْآخِرُ، يَقُولُ: «مَنْ يَدْعُونِي فَأَسْتَجِيبَ لَهُ؟ مَنْ يَسْأَلُنِي فَأُعْطِيَهُ؟ مَنْ يَسْتَغْفِرُنِي فَأَغْفِرَ لَهُ؟».

[صحيح] - [متفق عليه] - [صحيح البخاري: 1145]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်သည် ည၏နောက် ဆုံး သုံးပုံတစ်ပုံအချိန်တွင် မိုးကောင်းကင်အောက်ဆုံးထပ်သို့ ညစဉ် ဆင်းသက်တော်မူပြီး မိန့်ကြားတော်မူသည်မှာ - ငါအရှင်မြတ်ထံ တောင်းဆုပြုမည့်သူ ရှိသလော။ ငါအရှင်မြတ်သည် သူ(၏တောင်းဆု)ကို လက်ခံတော်မူမည်။ ငါအရှင်မြတ်ထံ တောင်းခံမည့်သူရှိသလော။ ငါအရှင်မြတ်သည် သူ့အား ချီးမြှင့်တော်မူမည်။ ငါအရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံမည့်သူရှိသလော။ ငါအရှင်မြတ်သည် သူ့အား လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူမည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 1145]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်သည် ည၏နောက်ဆုံး သုံးပုံတစ်ပုံအချိန်တွင် မိုးကောင်းကင်အောက်ဆုံးထပ်သို့ ညစဉ် ဆင်းသက်တော်မူပြီး အရှင်မြတ်သည် မိမိ၏ကျေးကျွန်များကို မိမိထံ ဒုအာဆုတောင်းခံခြင်း၌ စိတ်အားထက်သန်စေရန်အတွက် အရှင်မြတ်သည် ဒုအာဆုမွန်တောင်းခံသူ၏ တောင်းဆုကို လက်ခံတော်မူကြောင်း မိန့်ကြားတော်မူသည်။ ထို့အတူ ၎င်းတို့အား မိမိတို့အလိုရှိသည်ကို တောင်းခံကြရန်နှင့် အရှင်မြတ်သည် မိမိထံတောင်းခံသူအား ချီးမြှင့်တော်မူကြောင်း မိန့်ကြားတော်မူသည်။ ထို့အတူ အရှင်မြတ်ထံ ၎င်းတို့၏အပြစ်အကုသိုလ်များကို လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံကြရန်နှင့် အရှင်မြတ်သည် မိမိ၏မုအ်မင်န်ကျေးကျွန်များ၏ အပြစ်အကုသိုလ်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူကြောင်း မိန့်ကြားတော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ည၏နောက်ဆုံး သုံးပုံတစ်ပုံအချိန်နှင့် ထိုအချိန်၌ ဆွလာသ် ဝတ်ပြုခြင်း၊ ဒုအာဆုတောင်းခြင်း၊ အပြစ်အကုသိုလ်များမှ လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံခြင်းတို့၏ မွန်မြတ်မှုကို ဖော်ပြထားသည်။
  2. ဤဩဝါဒတော်ကို ကြားနာရသူအနေဖြင့် ဒုအာလက်ခံခြင်းခံရသည့် အချိန်များကို အကျိုးရှိစွာကုန်ဆုံးရန်အတွက် အလွန်စိတ်အားထက်သန်မှုရှိသင့်သည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ কন্নড় الولوف البلغارية আজারী الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်
ထပ်၍