عن أبي مَرْثَدٍ الغَنَوِيّ رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«لَا تَجْلِسُوا عَلَى الْقُبُورِ، وَلَا تُصَلُّوا إِلَيْهَا».
[صحيح] - [رواه مسلم] - [صحيح مسلم: 972]
المزيــد ...
အဗူမရ်ဆဒ် အလ်ဂနဝီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့သည် ကဗရ်သင်္ချိုင်းများပေါ်တွင် မထိုင်ကြနှင့် ၎င်းတို့ဘက်သို့လှည့်၍ ဆွလာသ် မဆောက်တည်ကြနှင့်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 972]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကဗရ်သင်္ချိုင်းများပေါ်ထိုင်ခြင်းကို တားမြစ်တော်မူခဲ့သည်။
ထို့အတူ ကဗရ်သင်္ချိုင်းဘက်သို့ လှည့်၍ ဆွလာသ် ဆောက်တည်ခြင်းကိုလည်း တားမြစ်တော်မူသည်။ ထိုသို့ဆောက်တည်ခြင်းဖြင့် ကဗရ်သည် ဆွလာသ်ဆောက်တည်သူ၏ ရှေ့တွင်ရှိနေသောကြောင့် ဤသည် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ကျရောက်စေမည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။