عَنْ عُبَادَةَ بْنِ الصَّامِتِ رضي الله عنه أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَا صَلَاةَ لِمَنْ لَمْ يَقْرَأْ بِفَاتِحَةِ الكِتَابِ».
[صحيح] - [متفق عليه] - [صحيح البخاري: 756]
المزيــد ...
အုဗာဒဟ်ဗင်န် ဆွာမိသ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
စူရဟ်ဖာသိဟဟ် မဖတ်ရွတ်သူ၏ ဆွလာသ်သည် အထမမြောက်ပေ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 756]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်လင်း မိန့်ကြားတော်မူခဲ့သည်မှာ စူရဟ်ဖာသိဟဟ် မဖတ်ရွတ်ပါက ဆွလာသ်အထမမြောက်မည် မဟုတ်ပါ။ သို့ဖြစ်၍ စူရဟ်ဖာသိဟဟ်သည် ဆွလာသ်၏ ရကအသ်တိုင်းတွင်ရှိသော ဖရ်ဿ်ွအချက်များအနက်မှ တစ်ခုဖြစ်သည်။