عَنْ عَبْدِ الرَّحْمَنِ بْنِ أَبِي لَيْلَى قَالَ: لَقِيَنِي كَعْبُ بْنُ عُجْرَةَ، فَقَالَ: أَلاَ أُهْدِي لَكَ هَدِيَّةً؟
إِنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ خَرَجَ عَلَيْنَا، فَقُلْنَا: يَا رَسُولَ اللَّهِ، قَدْ عَلِمْنَا كَيْفَ نُسَلِّمُ عَلَيْكَ، فَكَيْفَ نُصَلِّي عَلَيْكَ؟ قَالَ: «فَقُولُوا: اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ، اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ».
المزيد
အဗ်ဒုရ်ရဟ်မာန်ဗင်န် အဗီလိုင်လာက ဆင့်ပြန်ပြောကြားခဲ့သည်။ ကအ်ဗ်ဗင်န် အုဂ်ျရဟ်သည် ကျွန်တော့်အားတွေ့ဆုံခဲ့ပြီး ကျွန်ုပ်သည် သင့်အားလက်ဆောင်တစ်ခုပေးရမလား ဟုပြောကြားခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့ထံ ကြွမြန်းလာတော်မူသည်။ ကျွန်တော်တို့က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား မည်သို့စလာမ်ပေးရမည်ကို သိရှိကြပါသည်။ ကိုယ်တော့်အပေါ် မည်သို့ဆွလာသ်ပို့သရပါမည်နည်း။ဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ သင်တို့ ဤသို့ရွတ်ဆိုကြပါ။
اَللّٰهُمَّ صَلِّ عَلَىٰ مُحَمَّدٍ وَعَلَىٰ آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلىٰ آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ. اَللّٰهُمَّ بَارِكْ عَلىٰ مُحَمَّدٍ وَعَلىٰ آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلىٰ آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ
“အလ္လာဟုမ္မဆွလ္လိ အလာမုဟမ္မဒ် ဝအလာ အားလိမုဟမ္မဒ် ကမာ ဆွလ္လိုင်းသ အလာအားလိ အိဗ်ရာဟီးမ အင်န်နက ဟမီးဒုမ်မဂျီးဒ်၊ အလ္လာဟုမ္မဗာရိက် အလာမုဟမ္မဒ် ဝအလာ အားလိမုဟမ္မဒ် ကမာ ဗာရက်သ အလာ အားလိ အိဗ်ရာဟီးမ အင်န်နက ဟမီးဒုမ်မဂျီးဒ်” အဓိပ္ပါယ် - (အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် အီဗရာဟီမ်၏ သား၊ မြေး၊ နောက်လိုက်များအပေါ်သို့ ရဟ်မသ်ဂရုဏာတော်အပေါင်း ခညောင်းစေတော်မူတော်မူသကဲ့သို့ မုဟမ္မဒ်နှင့် မုဟမ္မဒ်၏သားမြေး၊ နောက်လိုက်များအပေါ်သို့ ရဟ်မသ်ကရုဏာတော်အပေါင်း ခညောင်းစေတော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်၊ ခပ်သိမ်းကုန်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။ အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် အီဗရာဟီမ်၏ သား၊ မြေးများ၊ နောက်လိုက်များ အပေါ်သို့ ဗရ်ကသ် ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းစေတော်မူခဲ့သလို မုဟမ္မဒ်နှင့် မုဟမ္မဒ်၏သားမြေးများ၊ နောက်လိုက်များအပေါ်သို့ ဗရ်ကသ်ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းစေတော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်၊ ခပ်သိမ်းကုန်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါ၏။)