عَنْ عَبْدِ الرَّحْمَنِ بْنِ أَبِي لَيْلَى قَالَ: لَقِيَنِي كَعْبُ بْنُ عُجْرَةَ، فَقَالَ: أَلاَ أُهْدِي لَكَ هَدِيَّةً؟
إِنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ خَرَجَ عَلَيْنَا، فَقُلْنَا: يَا رَسُولَ اللَّهِ، قَدْ عَلِمْنَا كَيْفَ نُسَلِّمُ عَلَيْكَ، فَكَيْفَ نُصَلِّي عَلَيْكَ؟ قَالَ: «فَقُولُوا: اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ، اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ».

[صحيح] - [متفق عليه] - [صحيح البخاري: 6357]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုရ်ရဟ်မာန်ဗင်န် အဗီလိုင်လာက ဆင့်ပြန်ပြောကြားခဲ့သည်။ ကအ်ဗ်ဗင်န် အုဂ်ျရဟ်သည် ကျွန်တော့်အားတွေ့ဆုံခဲ့ပြီး ကျွန်ုပ်သည် သင့်အားလက်ဆောင်တစ်ခုပေးရမလား ဟုပြောကြားခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့ထံ ကြွမြန်းလာတော်မူသည်။ ကျွန်တော်တို့က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား မည်သို့စလာမ်ပေးရမည်ကို သိရှိကြပါသည်။ ကိုယ်တော့်အပေါ် မည်သို့ဆွလာသ်ပို့သရပါမည်နည်း။ဟု လျှောက်ထား မေးမြန်းခဲ့ကြသည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ သင်တို့ ဤသို့ရွတ်ဆိုကြပါ။ “အလ္လာဟုမ္မဆွလ္လိ အလာမုဟမ္မဒ် ဝအလာ အားလိမုဟမ္မဒ် ကမာ ဆွလ္လိုင်းသ အလာအားလိ အိဗ်ရာဟီးမ အင်န်နက ဟမီးဒုမ်မဂျီးဒ်၊ အလ္လာဟုမ္မဗာရိက် အလာမုဟမ္မဒ် ဝအလာ အားလိမုဟမ္မဒ် ကမာ ဗာရက်သ အလာ အားလိ အိဗ်ရာဟီးမ အင်န်နက ဟမီးဒုမ်မဂျီးဒ်” အဓိပ္ပါယ် - (အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် အီဗရာဟီမ်၏ သား၊ မြေး၊ နောက်လိုက်များအပေါ်သို့ ရဟ်မသ်ဂရုဏာတော်အပေါင်း ခညောင်းစေတော်မူတော်မူသကဲ့သို့ မုဟမ္မဒ်နှင့် မုဟမ္မဒ်၏သားမြေး၊ နောက်လိုက်များအပေါ်သို့ ရဟ်မသ်ကရုဏာတော်အပေါင်း ခညောင်းစေတော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်၊ ခပ်သိမ်းကုန်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။ အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် အီဗရာဟီမ်၏ သား၊ မြေးများ၊ နောက်လိုက်များ အပေါ်သို့ ဗရ်ကသ် ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းစေတော်မူခဲ့သလို မုဟမ္မဒ်နှင့် မုဟမ္မဒ်၏သားမြေးများ၊နောက်လိုက်များအပေါ်သို့ ဗရ်ကသ်ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းစေတော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်၊ ခပ်သိမ်းကုန်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါ၏။)

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 6357]

ရှင်းလင်းချက်

ဆွဟာဗဟ်သာဝကကြီးများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ၎င်းအပေါ် ဆွလားသ် ( ဒရူးဒ်) မည်သို့ပို့သ ရမည်နည်းဟု မေးမြန်းလျှောက်ထားခဲ့ကြသည်။ ၎င်းတို့သည် အသ်သဟိယားသ် (သရှဟ်ဟွဒ်) အတွင်း၌ ရွတ်ဖတ်ရသည့် "السلام عليك أيها النبي ورحمة الله وبركاته..." ဟူသော တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ် စလာမ်မေတ္တာ ပို့သနည်းကို သိရှိပြီး‌နောက် မှ ထိုသို့ မေးမြန်းခဲ့ခြင်းဖြစ်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်းတို့အား မိမိအပေါ်၌ ဆွလာသ်(ဒုရူဒ်) ပို့သရမည့် နည်းလမ်းနှင့် ၎င်း၏ ဆိုလိုရင်းအဓိပ္ပာယ်ကို ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထိုနည်းလမ်းမှာ
"اللهم صلِّ على محمدٍ وعلى آل محمد" ဟူသော ပုံစံဖြစ်သည်။ ဆိုလိုသည်မှာ- အို အလ္လာဟ်အရှင်မြတ် အထက်ကောင်းကင်ရှိ အပါးတော်မြဲ ကောင်းကင်တမန်များထံတွင် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်မုဟမ္မဒ်၏ ဆွေမျိုးသားချင်းများအနက် အီမာန်သက်ဝင်ယုံကြည်သူများနှင့် မုဟမ္မဒ်၏ သာသနာ့နောက်လိုက်တို့အား ချီးမွမ်းတော်မူပါ။ “ကမာ ဆွလ္လိုင်းသ အလာအားလိ အိဗ်ရာဟီးမ“ ဆိုလိုသည်မှာ- အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)၏ အိမ်တော်သားများဖြစ်သည့် တမန်တော် အိဗ်ရာဟီးမ်၊ တမန်တော် အစ္စမာအီလ်၊ တမန်တော် အိစ်ဟာက်နှင့် ၎င်းတို့၏ သား၊မြေးများ၊ ၎င်းတို့၏ နောက်လိုက် မုအ်မင်န်များအပါ် ကျေးဇူးတော်များ ချီးမြှင့်တော်မူခဲ့သည့်အတိုင်း မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အပေါ်သို့လည်း ကျေးဇူးတော်များ ချီးမြှင့်တော်မူပါ။ “အင်န်နက ဟမီးဒုမ်မဂျီးဒ်” ဆိုလိုသည်မှာ- အရှင်မြတ်သည် အရှင်မြတ်၏ဇာတိတော်၊ ဂုဏ်တော်အ‌ပေါင်းနှင့် လုပ်ဆောင်မှုများတွင် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်၊ အရှင်မြတ်၏ကြီးကျယ်မှု၊ စိုးမိုးအုပ်ချုပ်မှု၊ ပေးကမ်းချီးမြှင့်မှုတို့တွင် ပြီးပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။ “အလ္လာဟုမ္မဗာရိက် အလာမုဟမ္မဒ် ဝအလာ အားလိမုဟမ္မဒ် ကမာ ဗာရက်သ အလာ အားလိ အိဗ်ရာဟီးမ“ ဆိုလိုသည်မှာ- အို အလ္လာဟ်အရှင်မြတ် တမန်တော် မုဟမ္မဒ်အား ကောင်းချီးမင်္ဂလာချီးမြှင့်တော်မူပါ။ ဂုဏ်သိက္ခာကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုဂုဏ်သိက္ခာကို ကြီးကျယ်စေတော်မူပါ၊ တိုးပွား၍ ခိုင်မြဲစေတော်မူပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စလဖ် ရှေးသူမွန်သူမြတ်များသည် အသိပညာဆိုင်ရာ ကိစ္စများကို တစ်ဦးနှင့်တစ်ဦး လက်ဆောင်ပေးလေ့ရှိကြသည်။
  2. ဆွလာသ်၌ နောက်ဆုံးသရှဟ်ဟုဒ်တွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ်သို့ ဆွလာသ်မေတ္တာပို့သခြင်း ဝါဂျိဗ်ဖြစ်သည်။
  3. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ သာဝကများအား မိမိအပါ်ပို့သရမည့် ဆွလာသ်နှင့် စလာမ်ကို သင်ကြားပေးတော်မူခဲ့သည်။
  4. ဤစာသားများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ဆွလာသ် မေတ္တာပို့သသည့်စာသားများအနက် အပြည့်စုံဆုံး စာသားများဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
ထပ်၍