عن أبي صرمة رضي الله عنه مرفوعاً: «من ضارَّ مسلما ضارَّه الله، ومن شاقَّ مسلما شقَّ الله عليه».
[حسن] - [رواه أبوداود والترمذي وابن ماجه وأحمد]
المزيــد ...

အဗူစွိရ်မဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ခက်ခဲဒုက္ခရောက်စေလိမ့်မည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ - အိဗ်နုမာဂျဟ်ကျမ်း။

ရှင်းလင်းချက်

မွတ်စ်လင်တစ်ဦး၏ ခန္ဓာကိုယ်ကိုဖြစ်စေ၊ မိသားစုကိုဖြစ်စေ၊ ဥစ္စာပစ္စည်းကိုဖြစ်စေ၊ သားသမီးကိုဖြစ်စေ ဒုက္ခပေးခြင်း၊ ထိခိုက်နစ်နာစေခြင်း၊ ခက်ခဲဒုက္ခရောက်အောင်ပြုခြင်း တို့အား တားမြစ်ထားကြောင်း ဟဒီးဆ်တော်တွင်အထောက်အထားပါရှိသည်။ ထို့ပြင် မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်အောင်နှင့် ခက်ခဲဒုက္ခရောက်အောင်ပြုလျှင် အလ္လာဟ်အရှင်မြတ်သည်၎င်းအား သူ၏လုပ်ရပ်အတိုင်းပင် ပြန်လည်အစားပေးတော်မူမည်ဖြစ်သည်။ ထိုသို့ ထိခိုက်နစ်နာစေခြင်းသည် အကျိုးစီးပွား ပျက်စီးဆုံးရှုံးအောင်လုပ်သည်ဖြစ်စေ သို့မဟုတ် မည်သည့်နည်းဖြင့်မဆို ထိခိုက်နစ်နာအောင်လုပ်သည်ဖြစ်စေ အတူတူပင်ဖြစ်သည်။ ၎င်းထဲတွင် လှည့်စားခြင်း၊ အရောင်းအဝယ်တွင် လိမ်လည်ခြင်း၊ အပြစ်အနာအဆာများကို ဖုံးထားခြင်း၊ မိမိညီနောင် မွတ်စ်လင်မ်တစ်ဦးက နိကာဟ်ပြုရန် ကမ်းလှမ်းထားသောကိစ္စအား ကြားဖြတ်ကမ်းလှမ်းခြင်း စသည်တို့ပါဝင်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စ်လင်မ်တစ်ဦးအား မည့်သည့်နည်းဖြင့်မဆို ဒုက္ခပေးခြင်း မပိုင်ပေ။
  2. လုပ်ရပ်အမျိုးစားပေါ်တွင် မူတည်၍ အစားရရှိမည်။
  3. အရှင်မြတ်၏ကျွန် မွတ်စ်လင်မ်များအား အရှင်မြတ်ထိန်းသိမ်းစောင့်ရှောက်တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မိမိကိုယ်တိုင် ကာကွယ်ပေးတော်မူသည်။
ထပ်၍