عن أبي هريرة رضي الله عنه أَن النبيَّ صَلّى اللهُ عَلَيْهِ وسَلَّم قَالَ:
«الرَّجُلُ عَلَى دِينِ خَلِيلِهِ، فَلْيَنْظُر أَحَدُكُم مَنْ يُخَالِل».
[حسن] - [رواه أبو داود والترمذي وأحمد] - [سنن أبي داود: 4833]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“လူတစ်ဦးသည် မိမိနှင့် ရင်းနှီးသောမိတ်ဆွေ၏ သာသနာပေါ်တွင်ရှိသည် (ဆိုလိုသည်မှာ၎င်း၏အမူအကျင့်များကို လိုက် နာတတ် သည်။) ထို့ကြောင့် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မည်သူ့နှင့် မိတ် ဆွေဖွဲ့နေသည်ကို ကြည့်ရှုပါ။ ”
[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - [رواه أبو داود والترمذي وأحمد] - [سنن أبي داود - 4833]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က လူသားသည် မိမိ၏ ရင်းနှီးသော မိတ်ဆွေ၊ အပေါင်းအသင်းတို့၏ စရိုက်၊ အလေ့အထများနှင့် တူလာတတ်ကြောင်း၊ အပေါင်း အသင်းသည် ကိုယ်ကျင့်တရား၊ အပြုအမူနှင့် လုပ်ရပ်များအပေါ် သက်ရောက်မှုရှိကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် မိတ်ဆွေကောင်းရွေးချယ်ရန် တိုက်တွန်းခဲ့သည်။ အကြောင်းမှာ မိတ်ဆွေကောင်းသည် မိမိ၏ မိတ်ဆွေအပေါင်း အသင်းအား အီမာန်ယုံကြည်မှု၊ လမ်းမှန်တရားနှင့် ကောင်းမှုဘက်သို့ ညွှန်ကြားပြသကာ မိမိ၏မိတ်ဆွေအပေါင်းအသင်းအတွက် အကူအညီဖြစ်စေသောကြောင့်တည်း။