+ -

عن سَمُرَة بن جندبٍ رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«أَحَبُّ الْكَلَامِ إِلَى اللهِ أَرْبَعٌ: سُبْحَانَ اللهِ، وَالْحَمْدُ لِلهِ، وَلَا إِلَهَ إِلَّا اللهُ، وَاللهُ أَكْبَرُ، لَا يَضُرُّكَ بِأَيِّهِنَّ بَدَأْتَ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2137]
المزيــد ...

စမုရဟ်ဗင်န် ဂျွန်ဒဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး စကားရပ်လေးခုရှိသည်။ ၎င်းတို့မှာ စွဗ်ဟာနလ္လာဟ်၊ အလ်ဟမ်ဒုလိလ္လာဟ်၊ လာအိလာဟ အိလ္လလ္လာဟ်၊ အလ္လာဟု အက္ကဗရ် ဖြစ်သည်။ ၎င်းတို့အနက် မည်သည့်စကားရပ်ဖြင့် စတင်သည်ဖြစ်စေ သင့်အားဆိုးကျိုးဖြစ်စေမည် မဟုတ်ပေ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2137]

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး စကားရပ်လေးခုရှိကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကရှင်းလင်း မိန့်ကြားတော်မူခဲ့သည်။ ‌‌၎င်းတို့မှာ
(၁) “စွဗ်ဟာနလ္လာဟ်” အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသည်။
(၂) “အလ်ဟမ်ဒုလိလ္လာဟ်”ချစ်ခင်မှု ဂုဏ်ပေးလေးစားမှုနှင့်တကွအရှင်မြတ်၏ ပြည့်စုံလှသော ဂုဏ်တော်များဖြင့် အရှင်မြတ်အား ဂုဏ်ပေးချီးမွမ်းခြင်းဖြစ်သည်။
(၃) “လာအိလာဟ အိလ္လလ္လာဟ်” အလ္လာအရှင်မြတ်မှအပ စစ်မှန်သည့် ခဝပ်ကိုးကွယ်ရာအရှင်မရှိ။
(၄) “အလ္လာဟု အက္ကဗရ်” အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းထက် အကြီးကျယ်ဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံး ဖြစ်တော်မူသည်။
ဤဇိက်ရ်တော်၏ မွန်မြတ်မှုနှင့် အကျိုးကုသိုလ် ရရှိရန်အတွက် ဖတ်ရွတ်သည့်အခါ အစဉ်လိုက်ဖတ်ရန် အရေးမကြီးပေ။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি অরমো কন্নড় الولوف البلغارية আজারী الأوزبكية الأوكرانية الجورجية اللينجالا المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. “၎င်းတို့အနက် မည်သည့်စကားရပ်ဖြင့် စတင်သည်ဖြစ်စေ သင့်အားဆိုးကျိုးဖြစ်စေမည် မဟုတ်ပေ။” ဟုမိန့်ကြားထားသည့်အတွက် ရရှီအသ် တရားလမ်းစဉ်၏လွယ်ကူမှုကို ဖော်ပြထားသည်။
ထပ်၍