+ -

عن أبي هريرة رضي الله عنه عن النبي صلى الله عليه وسلم قال: «مَنْ قَالَ: سُبْحَانَ اللَّهِ وَبِحَمْدِهِ في يومٍ مِائَةَ مَرَّةٍ حُطَّتْ عَنْهُ خَطَايَاهُ وَإِنْ كَانَتْ مِثْلَ زَبَدِ الْبَحْرِ».
[صحيح] - [متفق عليه]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို سُبْحَانَ اللَّهِ وَبِحَمْدِهِ (စွဗ်ဟာနလ္လာဟိ ဝဗိဟမ်ဒိဟီ)ကို တစ်ရက်လျှင် အကြိမ်တစ်ရာ ရွတ်ဆိုမည်ဆိုပါက ထိုသူ၏ အပြစ်အကုသိုလ်များသည် ပင်လယ်ရေမြှုပ်ပမာများပြားခဲ့လျှင်လည်း ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တင်ပြထားသည့် စာသားအတိုင်း အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်မှုအား သတိရတသခြင်း၏ မွန်မြတ်မှုကို ဟဒီးဆ်တော်တွင် ညွှန်ပြထားသည်။ မည်သူမဆို ထိုဇိက်ရ်တော်ကို ရွတ်ဆိုမည်ဆိုပါက ၎င်း၏ အပြစ်အကုသိုလ်များသည် မည်မျှပင်များပြားနေသည်ဖြစ်စေ အကယ်၍ ပင်လယ်ရေမြှုပ်ကဲ့သို့ များပြားခဲ့လျင်လည်း ဧကန်မုချ အလ္လာဟ်အရှင်သည် ထိုသူ၏ အပြစ်အကုသိုလ်များအား ပယ်ဖျက်တော်မူမည်ဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်အား သတိရတသသောကျွန်များအဖို့ အရှင်မြတ်ထံတော်မှ ကျေးဇူးတော် တစ်ရပ်ပင်ဖြစ်သည်။ ဤဟဒီးဆ်တော်တွင် (တစ်ရက်လျှင်)ဟု လာရှိသည့်အတွက် ၎င်းသည် မနက်ပိုင်းတွင်ရွတ်ဖတ်ရသော ဇိက်ရ်တော်များတွင်ပါဝင်ကြောင်းသိရသည်။ ထို့ပြင် အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည့်ဟဒီးဆ်တော်အရ ၎င်းသည် ညနေပိုင်းတွင်ရွတ်ဖတ်ရသော ဇိက်ရ်တော်များတွင်လည်း ပါဝင်ကြောင်းသိရသည်။ အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အကြင်သူသည် سُبْحَانَ اللَّهِ وَبِحَمْدِهِ ကို နံနက်နှင့်ညနေ အကြိမ်တစ်ရာစီ ရွတ်ဆိုမည်ဆိုလျှင် ကိယာမသ်နေ့၌ ထိုသူထက် ကျင့်စဉ်အားဖြင့်ပိုကောင်းသူသည် ထိုသူအတိုင်းရွတ်ဆိုသူ သို့မဟုတ် ထိုသူထက်ပို၍ ရွတ်ဆိုသူသာလျှင် ဖြစ်လိမ့်မည်။ (မွတ်စ်လင်မ်ကျမ်း)

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية القيرقيزية النيبالية اليوروبا الليتوانية الدرية الصومالية الكينياروندا
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့် မသင့်တော်သော အားနည်းချက်များနှင့် ချို့ယွင်းမှုများမှကင်းစင်တော်မူ၍ သန့်ရှင်းစင်ကြယ်တော်မူကြောင်း ပါဝင်သော ဤဇိက်ရ်တော်၏ ထွတ်မြတ်မှုကို တင်ပြထားသည်။
  2. ဟဒီးဆ်တော်၏ ပေါ်လွင်နေသည့် အဓိပ္ပါယ်အရ ဤဇိက်ရ်တော်ကို တစ်ရက်လျှင် အကြိမ်တစ်ရာ ရွတ်ဆိုရာ၌ ဆက်တိုက်ရွတ်ဆိုသည်ဖြစ်စေ၊ သို့မဟုတ် ခွဲ၍ရွတ်ဆိုသည်ဖြစ်စေ၊ သို့မဟုတ် နေ့တွင် အကြိမ်အချို့ကိုရွတ်ဆိုပြီး ကျန်အချို့ကို ညတွင် ရွတ်ဆိုသည်ဖြစ်စေ ဤအကျိုးကုသိုလ်ကို ရရှိမည်ဖြစ်သည်။
  3. (မည်သူမဆို ရွတ်ဆိုမည်ဆိုပါက... )ဟု လာရှိထားသည့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်အရ လူသားသည် မိမိ၏လုပ်ရပ်များကို ရွေးချယ်ပိုင်ခွင့်မရှိဘဲ သတ်မှတ်ထားသည့်အတိုင်း မလွှဲမရှောင်သာ ပြုလုပ်နေရသည်ဟု ပြောဆိုသူများကို ပယ်ချထားသည်။
ထပ်၍