عَنْ أَبِي سَعِيدٍ الْخُدْرِيِّ قَالَ: خَرَجَ مُعَاوِيَةُ عَلَى حَلْقَةٍ فِي الْمَسْجِدِ، فَقَالَ: مَا أَجْلَسَكُمْ؟ قَالُوا: جَلَسْنَا نَذْكُرُ اللهَ، قَالَ آللَّهِ مَا أَجْلَسَكُمْ إِلَّا ذَاكَ؟ قَالُوا: وَاللهِ مَا أَجْلَسَنَا إِلَّا ذَاكَ، قَالَ: أَمَا إِنِّي لَمْ أَسْتَحْلِفْكُمْ تُهْمَةً لَكُمْ، وَمَا كَانَ أَحَدٌ بِمَنْزِلَتِي مِنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَقَلَّ عَنْهُ حَدِيثًا مِنِّي:
وَإِنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ خَرَجَ عَلَى حَلْقَةٍ مِنْ أَصْحَابِهِ، فَقَالَ: «مَا أَجْلَسَكُمْ؟» قَالُوا: جَلَسْنَا نَذْكُرُ اللهَ وَنَحْمَدُهُ عَلَى مَا هَدَانَا لِلْإِسْلَامِ، وَمَنَّ بِهِ عَلَيْنَا، قَالَ: «آللَّهِ مَا أَجْلَسَكُمْ إِلَّا ذَاكَ؟» قَالُوا: وَاللهِ مَا أَجْلَسَنَا إِلَّا ذَاكَ، قَالَ: «أَمَا إِنِّي لَمْ أَسْتَحْلِفْكُمْ تُهْمَةً لَكُمْ، وَلَكِنَّهُ أَتَانِي جِبْرِيلُ فَأَخْبَرَنِي أَنَّ اللهَ عَزَّ وَجَلَّ يُبَاهِي بِكُمُ الْمَلَائِكَةَ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2701]
المزيــد ...
အဘူစအီဒ် ခုဒ်ရီ (ရဿွိယလ္လာဟု အန်ဟု ) ကဆင့်ပြန်ပြောပြခဲ့သည်မှာ - "မုအာဝိယာ (ရဿွိယလ္လာဟု အန်ဟု) သည် ဗလီထဲရှိ ထိုင်ဝိုင်းတစ်ခုထံသို့ ရောက်လာပြီး မေးမြန်းခဲ့သည်မှာ- ''သင်တို့ကို ဘယ်အရာက (ဤနေရာ၌) ထိုင်စေခဲ့သနည်း။' သူတို့က 'ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း (ဇိက်ရ်) ပြုလုပ်ရန် ထိုင်ခဲ့ကြသည်' ဟု ဖြေကြားခဲ့ကြသည်။ မုအာဝိယာ (ရဿွိယလ္လာဟု အန်ဟု)က 'အသင်တို့သည် ထိုအတွက်သာ ထိုင်နေကြခြင်းဖြစ်ကြောင်း ကျိန်ဆိုပြောပြကြလော့' ဟု ပြောဆိုခဲ့သည်။ ၎င်းတို့က 'အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ကျွန်ုပ်တို့သည် ထိုအတွက်သာ ထိုင်ခဲ့ကြခြင်းဖြစ်ပါသည်' ဟု ပြောဆိုခဲ့ကြသည်။ ထိုအခါ မုအာဝိယာ (ရဿွိယလ္လာဟု အန်ဟု) က 'ကျွန်ုပ်၏စိတ်ထဲတွင် အသင်တို့အပေါ် စွပ်စွဲလို (သံသယရှိနေ )သောကြောင့် ကျိန်ဆိုစေခြင်းမဟုတ်ပါ။ ထို့ပြင် တမန်တော်မြတ်ထံ၌ ကျွန်ုပ်နှင့်အဆင့်တန်းတူသူများအနက် ကျွန်ုပ်ထက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဟဒီးဆ်တော်များ ပိုမိုနည်းပါးစွာ ဆင့်ပြန်ခဲ့သူ တစ်ဦးမျှမရှိခဲ့ပါ။
ဧကန်စင်စစ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏စွဟာဗဟ်များ၏ ထိုင်ဝိုင်းတစ်ခုဆီသို့ ရောက်ရှိလာပြီး မေးမြန်းတော်မူခဲ့သည်မှာ-'သင်တို့ကို ဘယ်အရာက (ဤနေရာ၌) ထိုင်စေခဲ့သနည်း။' စွဟာဗဟ်တို့က 'ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း (ဇိက်ရ်) ပြုလုပ်ရန်နှင့် ကျွန်ုပ်တို့အား အစ္စလာမ့်တရားတော်ကို ညွှန်ပြတော်မူပြီး ထိုအစ္စလာမ့်တရားတော်ဖြင့် ကျွန်ုပ်တို့အပေါ် ကျေးဇူးပြုတော်မူခဲ့သောကြောင့် အရှင်မြတ်အား ချီးမွမ်းထောပနာခြင်း ပြုလုပ်ရန် ထိုင်ခဲ့ကြပါသည်'' ဟု ဖြေကြားခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) က 'အသင်တို့သည် ထို (ဇိကိရ်ပြုရန်နှင့်ချီးမွမ်းထောပနာပြုရန် )အတွက်သာ ထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ကျိန်ဆိုပြောပြကြလော့' ဟု မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့က 'အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ကျွန်ုပ်တို့သည် ထိုအတွက်သာ ထိုင်ခဲ့ကြခြင်းဖြစ်ပါသည်' ဟု ပြောဆိုခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က 'ကျွန်ုပ်၏စိတ်ထဲတွင် အသင်တို့အပေါ် စွပ်စွဲလို (သံသယရှိနေ )သောကြောင့် ကျိန်ဆိုစေခြင်းမဟုတ်ပါ။ သို့သော် ဂျီဗ်ရီလ် (အလိုင်ဟိစ်စလာမ်) သည် ကျွန်ုပ်ထံသို့ ရောက်ရှိလာပြီး အလ္လာဟ်အရှင်မြတ်သည် မလာအိကဟ်ကောင်းကင်တမန်များရှေ့တွင် အသင်တို့အပေါ်၌ ဂုဏ်ယူတော်မူကြောင်း ကျွန်ုပ်အား သတင်းပေးခဲ့ခြင်းကြောင့်( ကျိန်ဆိုခိုင်းရခြင်းဖြစ်သည် ) ဟု မိန့်ကြားတော်မူခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2701]
မုအာဝိယဟ် ဗင်န် အဘူစွဖ်ယားန် (ရဿွိယလ္လာဟု အန်ဟု) သည် ဗလီထဲရှိ ထိုင်ဝိုင်းတစ်ခုထံသို့ ရောက်လာပြီး ၎င်းတို့အား အဘယ်ကြောင့် (ဤနေရာ၌) စုစည်းနေကြသနည်းဟု မေးမြန်းခဲ့လေသည်။ ထိုအခါ ၎င်းတို့က ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သတိရတသရန် ( ဇိကိရ်ပြုရန်ထိုင်နေကြခြင်းဖြစ်သည် ) ဟုပြောခဲ့ကြလေသည်။ ထိုအခါ မုအာဝိယဟ်(ရဿွိရလ္လာဟုအန်ဟု)က ၎င်းတို့၏ ထိုင်နေခြင်း၊ စုရုံးနေခြင်းသည် အလ္လာဟ်အရှင်မြတ်အား သတိရတသရန်မှလွဲ၍ အခြားမည်သည့် ရည်ရွယ်ချက်နှင့်မျှ မရှိကြောင်း ကျိန်ဆိုခိုင်းခဲ့ရာ ၎င်းတို့ကလည်း သူ့အားကျိန်ဆိုပြကြသည်။ ထိုအခါ ၎င်းက ကျွန်ုပ်သည် အသင်တို့အား စွပ်စွဲလို၍လည်းကောင်း၊ အသင်တို့၏ မှန်ကန်မှုကို သံသယဖြစ်၍လည်းကောင်း ကျိန်ဆိုခိုင်းခြင်း မဟုတ်ပါဟု ပြောကြားခဲ့သည်။ ထို့နောက် ၎င်းက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်တွင်ရှိသော မိမိ၏အဆင့်အတန်းနှင့် မိမိကဲ့သို့ တမန်တော်မြတ်နှင့် နီးကပ်သည့်အဆင့်အတန်းရှိသူ မည်သူမျှမရှိကြောင်းကို အသိပေးပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏နှမဖြစ်သူ အုမ္မုဟဗီဗဟ်(ရဿွိရလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော်ဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း ဝဟီဗျာဒိတ်တော်များကို ရေးမှတ်သူဖြစ်သည်။ ထိုသို့ဖြစ်လျက်နှင့်ပင် ၎င်းသည် ဟဒီးဆ်တော်များကို အနည်းသာ ဆင့်ပြန်ခဲ့သည်။ ထို့နောက် သူက ၎င်းတို့အား ဆင့်ပြန်ပြောပြသည်မှာ တစ်ရက်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအိမ်တော်မှ ကြွမြန်းတော်မူလာရာ ၎င်းတို့ ဗလီဝတ်ကျောင်းတော်၌ ထိုင်နေသည်ကို မြင်တွေ့တော်မူခဲ့သည်။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် သတိရတသပြီး မိမိတို့အား အစ္စလာမ်သာသနာကို ချီးမြှင့်ပြီး ထိုသာသနာဖြင့် မိမိတို့အပေါ် ကျေးဇူးပြုခဲ့သည့်အတွက် အရှင်မြတ်အား ချီမွမ်းထောပနာပြုနေကြသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ၎င်းတို့အား မေးမြန်တော်မူပြီး မုအာဝိယဟ်(ရဿွိရလ္လာဟုအန်ဟု)က သူ၏အပေါင်းအဖော်များကို ကျိန်ဆိုခိုင်းသည့်အတိုင်း ကျိန်ဆိုခိုင်းတော်မူသည်။ ၎င်းနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းတို့အား မေးမြန်းပြီး ကျိန်ဆိုခိုင်းသည့် အကြောင်းအရင်းကိုရှင်းပြတော်မူသည်မှာ ကောင်းကင်တမန် ဂျိဗ်ရီလ် (အလိုင်းဟိစ္စလာမ်)သည် မိမိထံသို့ ရောက်ရှိလာပြီး ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က သင်တို့အား ကောင်းကင်တမန်များထံတွင် ဂုဏ်ယူတော်မူကြောင်းနှင့် အသင်တို့၏ မွန်မြတ်မှုကို ကောင်းကင်တမန်များအားများ ထုတ်ဖာ်ပြသကာ အသင်တို့၏ ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများကို မြင်စေပြီး ၎င်းတို့ရှေ့တွင် သင်တို့အား ချီမွမ်းတော်မူကြောင်း အသိပေးခဲ့သည်။