عَنْ حُذَيْفَةَ رضي الله عنه قَالَ:
كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا قَامَ مِنَ اللَّيْلِ يَشُوصُ فَاهُ بِالسِّوَاكِ.
[صحيح] - [متفق عليه] - [صحيح البخاري: 245]
المزيــد ...
ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ညအချိန် (သဟဒ်ဂျုဒ်ဆွလာသ်ဝတ်ပြုရန်အတွက်) နိုးထတော်မူသောအခါတိုင်း တံပူဖြင့် မိမိပါးစပ်(သွား)ကို တိုက်တော်မူလေ့ရှိသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 245]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တံပူ ( မိစ်ဝါးက်) ဖြင့်သွားတိုက်ခြင်းကို မကြာခဏ ပြုလုပ်တတ်ပြီး ထိုသို့ပြုလုပ်ရန်လည်းအမိန့်ပေးတော်မူသည်။ ထိုအလေ့အထသည် အချို့အချိန်များတွင် အထူးပင် အားပေးထားသည်ကို တွေ့ရသည်။ ယင်းအချိန်များအနက်တစ်ခုမှာ ညအချိန် နိုးထသောအခါ မိစ်ဝါက်တံပူစားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုအချိန်တွင် မိစ်ဝါးက်တံပူဖြင့် မိမိပါးစပ်ကို ကောင်းစွာ ပွတ်တိုက်၍ သန့်ရှင်းစေတတ်သောကြောင့် ဖြစ်သည်။