عن عائشة رضي الله عنها قالت: قال رسول الله صلى الله عليه وسلم:
«السِّوَاكُ مَطْهَرَةٌ لِلْفَمِ، مَرْضَاةٌ لِلرَّبِّ».

[صحيح] - [رواه النسائي وأحمد] - [مسند أحمد: 24203]
المزيــد ...

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
(မစ္စဝါက်) တံပူစားခြင်းသည် ခံတွင်းကို သန့်ရှင်းစင်ကြယ်စေပြီး အလ္လာဟ်အရှင်မြတ် ‌ကျေနပ်နှစ်သက်မှုကိုရရှိစေသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه النسائي وأحمد] - [مسند أحمد - 24203]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်တော်တို့အား မိန့်ကြားတော်မူခဲ့သည်မှာ အရာက်အပင်(သွားတိုက်တံလုပ်သည့်အပင်)၏ ကိုင်းနှင့် ၎င်းကဲ့သို့အလားတူအရာမျိုးဖြင့် သွားတိုက်ခြင်းသည် ခံတွင်းရှိအညစ်အကြေးများနှင့် အနံ့ဆိုးများကို သန့်ရှင်းစင်ကြယ်စေသည်။ ထို့ပြင် ဤလုပ်ရပ်သည် လူသားအပေါ် အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်စေသည့် အကြောင်းခံတစ်ရပ်လည်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သွားတိုက်ခြင်း၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံခြင်း၊ အရှင်မြတ်နှစ်သက်သည့် သန့်ရှင်းစင်ကြယ်မှုရှိခြင်းတို့ကြောင့်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ‘မစ္စဝါက်’တံပူတိုက်ခြင်း၏ မွန်မြတ်မှုကို သိရပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အွမ္မသ်သားတို့အား တံပူများများတိုက်ရန် တိုက်တွန်းထားသည်။
  2. တံပူတိုက်ရာတွင် အရာက်အပင်ကိုင်းကို သုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ပြီး ထိုအစား သွားတိုက်တံနှင့် သွားတိုက်ဆေးကိုလည်း အစားထိုးသုံးစွဲခွင့်ရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)