عَنْ عِمْرَانَ بْنِ حُصَيْنٍ رَضِيَ اللَّهُ عَنْهُ قَالَ:
جَاءَ رَجُلٌ إِلَى النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَقَالَ: السَّلَامُ عَلَيْكُمْ، فَرَدَّ عَلَيْهِ ثُمَّ جَلَسَ، فَقَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «عَشْرٌ» ثُمَّ جَاءَ آخَرُ فَقَالَ: السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ، فَرَدَّ عَلَيْهِ فَجَلَسَ، فَقَالَ: «عِشْرُونَ» ثُمَّ جَاءَ آخَرُ فَقَالَ: السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ، فَرَدَّ عَلَيْهِ فَجَلَسَ، فَقَالَ: «ثَلَاثُونَ».

[حسن] - [رواه أبو داود والترمذي وأحمد والدارمي] - [سنن أبي داود: 5195]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အင်မ်ရားန် ဗင်န် ဟုစွိုင်းန် (ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်။
လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ရောက်ရှိလာပြီး “အတ်စ်လာမု အလိုင်ကွမ်”ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်‌လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က (၎င်းအတွက် ကောင်းမှု) ဆယ်ခု ရှိ၏” ဟု မိန့်တော်မူလေသည်။ ဒုတိယလူတစ်ယောက်ရောက်လာပြီး “အတ်စ်လာမု အလိုင်ကွမ် ဝရဟ်မသုလ္လာဟ်” ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်‌လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က (၎င်းအတွက် ကောင်းမှု) အခုနှစ်ဆယ် ရှိ၏” ဟု မိန့်တော်မူလေသည်။ ထို့နောက် တတိယလူတစ်ယောက်ရောက်လာပြီး “အတ်စ်လာမု အလိုင်ကွမ် ဝရဟ်မသုလ္လာဟ် ဝဗရကာသုဟူ” ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်‌လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က (၎င်းအတွက် ကောင်းမှု) အခုသုံးဆယ် ရှိ၏” ဟု မိန့်တော်မူလေသည်။

[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - [رواه أبو داود والترمذي وأحمد والدارمي] - [سنن أبي داود - 5195]

ရှင်းလင်းချက်

လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ရောက်ရှိလာပြီး “အတ်စ်လာမု အလိုင်ကွမ်”ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်‌လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအတွက် ကောင်းမှု ဆယ်ခု ရေးမှတ်ခံရ၏” ဟု မိန့်တော်မူလေသည်။ ဒုတိယလူတစ်ယောက်ရောက်လာပြီး “အတ်စ်လာမု အလိုင်ကွမ် ဝရဟ်မသုလ္လာဟ်” ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်‌လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအတွက် ကောင်းမှု အခုနှစ်ဆယ် ရေးမှတ်ခံရ၏” ဟု မိန့်တော်မူလေသည်။ ထို့နောက် တတိယလူတစ်ယောက်ရောက်လာပြီး “အတ်စ်လာမု အလိုင်ကွမ် ဝရဟ်မသုလ္လာဟ် ဝဗရကာသုဟူ” ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်‌လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအတွက် ကောင်းမှု အခုသုံးဆယ် ရေးမှတ်ခံရ ၏” ဟု မိန့်တော်မူလေသည်။ ဆိုလိုသည်မှာ စကားလုံးတစ်ခုတိုင်းအတွက် ကောင်းမှု ဆယ်ခုဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (42)
ထပ်၍