عَنْ أَبِي قَتَادَةَ رضي الله عنه قَالَ: قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«الرُّؤْيَا الصَّالِحَةُ مِنَ اللَّهِ، وَالحُلُمُ مِنَ الشَّيْطَانِ، فَإِذَا حَلَمَ أَحَدُكُمْ حُلُمًا يَخَافُهُ فَلْيَبْصُقْ عَنْ يَسَارِهِ، وَلْيَتَعَوَّذْ بِاللَّهِ مِنْ شَرِّهَا، فَإِنَّهَا لاَ تَضُرُّهُ».
[صحيح] - [متفق عليه] - [صحيح البخاري: 3292]
المزيــد ...
အဗူကသာဒဟ်
(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"ကောင်းသောအိပ်မက်သည် အလ္လာဟ်အရှင်မြတ်ထံမှဖြစ်၍၊ မကောင်းသောအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်ရာ သင်တို့အနက် တစ်ဦးဦးသည် မိမိအား ထိတ်လန့်စေသည့် အိပ်မက်ဆိုးကို မြင်မက်ပါက၊ မိမိ၏ ဘယ်ဘက်သို့ သုံးကြိမ်တံတွေးထွေး(ဟန်ပြုလုပ်) ပါ။ ထို့နောက် ရှိုင်တွာန်၏ဘေးရန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါလေ။ ဤသို့ပြုလျှင် ထိုအိပ်မက်သည် သူ့အား မည်သည့်ဘေးဒုက္ခမျှ မဖြစ်စေတော့ပါ။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 3292]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - အိပ်မက်ကောင်း၊ စိတ်ချမ်းသာဖွယ်အိပ်မက်သည် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဖြစ်၏။ မနှစ်မြို့ဖွယ်၊ ဝမ်းနည်းပူဆွေးဖွယ်အိပ်မက်သည် ရှိုင်တွာန်ဘက်မှဖြစ်၏။
သို့ဖြစ်ရာ မည်သူမဆို မနှစ်မြို့ဖွယ် အိပ်မက်ကို မြင်မက်ပါက
မိမိ၏ ဘယ်ဘက်အခြမ်းသို့ လှည့်၍ တံတွေး (ထွေးသကဲ့သို့) ပြုလုပ်ပါ။ ထို့နောက် ယင်းအိပ်မက်၏ ဆိုးယုတ်မှုမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပါ။ ဤသို့ဆောင်ရွက်လိုက်ခြင်းဖြင့် ထိုအိပ်မက်သည် ၎င်းအား မည်သည့်ဘေးအန္တ
ရာယ်မျှ မဖြစ်စေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဤအမှုကိစ္စများကို အိပ်မက်ဆိုး၏ ဆိုးကျိုးများမှ ကာကွယ်ရန် နည်းလမ်းအဖြစ် ပြုလုပ်ပေးထားသောကြောင့်ဖြစ်၏။