عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«الدُّنْيَا سِجْنُ الْمُؤْمِنِ وَجَنَّةُ الْكَافِرِ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2956]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
ဒွန်ယာလောကသည် မုအ်မင်န်(ယုံကြည်သူ)အဖို့ အကျဉ်းထောင်ပမာဖြစ်၍ ကာဖိရ်(သွေဖည်ငြင်းပယ်သူ)အဖို့ သုခဘုံပမာ ဖြစ်၏။
[صحيح] - [رواه مسلم] - [صحيح مسلم - 2956]
တမန်တော်မြတ် ﷺ မိန့်ကြားတော်မူခဲ့သည်မှာ- မုအ်မင်န် သက်ဝင်ယုံကြည်သူအတွက် ဤဒွန်ယာ လောက၏သက် တမ်းသည် အကျဉ်း ထောင်ကဲ့သို့ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် သူသည် အမိန့်တော်များကို ဆောင်ရွက်ရန်၊ တားမြစ်ချက်များမှ ရှောင်ကြဉ်ရန် ဆိုသည့် ရှရီအဟ် တာဝန်ဝတ္တရားများကို ဆောင်ရွက်ရသောကြောင့်ဖြစ်သည်။ သို့ရာတွင် သူသေဆုံးသွားသောအခါမှသာ ထိုတာဝန်အားလုံးမှ လွတ်မြောက်ကာ အလ္လာဟ်အရှင်မြတ် သူ့အတွက် အဆင်သင့်ပြင်ဆင်ထားတော်မူသော ထာဝရသုခချမ်းသာဆီသို့ ပြောင်းရွှေ့သွားရလေသည်။ သို့သော် ထိုဒွန်ယာသည် ကာဖိရ်အတွက်မူ သုခဘုံပမာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိစိတ်နှလုံးသား၏ တပ်မက်မှုများနှင့် စိတ်အလိုဆန္ဒအတိုင်း လိုက်စားပြီး ပြုမူနေထိုင်နိုင်သောကြောင့်ဖြစ်သည်။ သို့သော် သူသေဆုံးသောအခါတွင် အလ္လာဟ်အရှင်မြတ် ကိယာမတ်နေ့တွင် အဆင်သင့်ပြင်ထားတော်မူသော မပြတ်တမ်းးခံစားရမည့် ပြစ်ဒဏ်သို့ ပြောင်းရွှေ့ရောက်ရှိလိမ့်မည်။