عَنْ أَنَسِ بْنِ مَالِكٍ رَضيَ اللهُ عنهُ قَالَ:
وُقِّتَ لَنَا فِي قَصِّ الشَّارِبِ، وَتَقْلِيمِ الْأَظْفَارِ، وَنَتْفِ الْإِبِطِ، وَحَلْقِ الْعَانَةِ، أَلَّا نَتْرُكَ أَكْثَرَ مِنْ أَرْبَعِينَ لَيْلَةً.

[صحيح] - [رواه مسلم] - [صحيح مسلم: 258]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
"ကျွန်ုပ်တို့အတွက် နှုတ်ခမ်းမွေးညှပ်ရန်၊ လက်သည်း ခြေသည်းညှပ်ရန်၊ ချိုင်းမွှေးနုတ်ရန်၊ ချက်အောက်မွှေးရိတ်ရန်နှင့် ထိုအရာများအား ရက်ပေါင်း (၄၀) ထက်ကျော်လွန်ပြီး မထားကြရန် အချိန်သတ်မှတ်ပေးခြင်း ခံထားရသည်။"

[صحيح] - [رواه مسلم] - [صحيح مسلم - 258]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသားတစ်ဦးအတွက် နှုတ်ခမ်း မွေးညှပ်ခြင်း၊ လက်သည်းခြေသည်းညှပ်ခြင်း၊ ချိုင်းမွှေးနုတ်ခြင်းနှင့် ချက်အောက်မွှေးရိတ်ခြင်းတို့ကို ရက်(၄၀)ထက် မကျော်လွန်စေရန် အချိန်သတ်မှတ်ပေးတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိမာမ်ရှောင်ဝ်ကာနီက ဤသို့ဆိုသည်- "ရွေးချယ်ထားသည့်အဆိုမှာ- (ဤအရာများကို) တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သတ်မှတ်ပေးခဲ့သည့် ရက်(၄၀) အတွင်း ကန့်သတ်ထားသင့်သည်။ ထိုသတ်မှတ်ချက်ကို ကျော်လွန်ခွင့်မရှိပေ။ ထို့ပြင် အမွှေးအမျှင်များရှည်လာသည့်တိုင် ထိုအကန့်အသတ် ရက်ပေါင်း (၄၀) သို့ မရောက်မီ ဖြတ်တောက်ခြင်း သို့မ ဟုတ် အလားတူအရာကို စွန့်လွှတ်သူအား တမန်တော်မြတ်၏ စွန္နသ်တော်နှင့် ဆန့်ကျင်သူဟု မသတ်မှတ်ရပါ။
  2. အိဗ်နုဟိုဗိုင်ရဟ်က ဤသို့ဆိုသည်- "ဤဟဒီးစ်တော်သည် ယင်းကိစ္စကို နောက်ဆိုင်းခြင်း၏ အဆုံးစွန်သော အချိန်ကန့်သတ်ချက်ကို ဖော်ပြထားသည်။ သို့ရာ တွင် အကောင်းဆုံးမှာ ယင်းအချိန်ကန့်သတ်ချက်မတိုင်မီပင် ထိုကိစ္စကို ဆောင်ရွက်ခြင်းဖြစ်သည်။
  3. ၁။ အစ္စလာမ်သာသနာ၏ သန့်ရှင်းမှု၊ စင်ကြယ်မှုနှင့် အလှဆင်မှုအပေါ် ဂရုစိုက်ပုံ။
  4. ၂။ နှုတ်ခမ်းမွှေးညှပ်ခြင်း - အပေါ်နှုတ်ခမ်းပေါ်ရှိ အမွှေးအမျှင်များကို ဖြတ်ယူခြင်း။
  5. ၃။ ချိုင်းမွှေးနုတ်ခြင်း - ချိုင်းကြားတွင် ပေါက်သော အမွှေးများကို ဖယ်ရှားခြင်း။ (ချိုင်းကြားသည် ပခုံးအဆစ်အောက်ရှိ နေရာဖြစ်သည်။)
  6. ၄။ ချက်အောက်မွှေးရိတ်ခြင်း - အမျိုးသား၊ အမျိုးသမီးတို့၏ လိင်အင်္ဂါတစ်ဝိုက်ရှိ ကြမ်းတမ်းသော အမွှေးများကို ဖယ်ရှားခြင်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အင်ဒိုနီးရှား ဘင်္ဂလီ ထပ်၍ (32)
ထပ်၍