عَنْ أُمَيْمَةَ بِنْتِ رُقَيْقَةَ رضي الله عنها أَنَّهَا قَالَتْ:
أَتَيْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي نِسْوَةٍ مِنَ الْأَنْصَارِ نُبَايِعُهُ، فَقُلْنَا: يَا رَسُولَ اللَّهِ، نُبَايِعُكَ عَلَى أَلَّا نُشْرِكَ بِاللَّهِ شَيْئًا، وَلَا نَسْرِقَ، وَلَا نَزْنِيَ، وَلَا نَأْتِيَ بِبُهْتَانٍ نَفْتَرِيهِ بَيْنَ أَيْدِينَا وَأَرْجُلِنَا، وَلَا نَعْصِيَكَ فِي مَعْرُوفٍ، قَالَ: «فِيمَا اسْتَطَعْتُنَّ، وَأَطَقْتُنَّ» قَالَتْ: قُلْنَا اللَّهُ وَرَسُولُهُ أَرْحَمُ بِنَا، هَلُمَّ نُبَايِعْكَ يَا رَسُولَ اللَّهِ، فَقَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «إِنِّي لَا أُصَافِحُ النِّسَاءَ، إِنَّمَا قَوْلِي لِمِائَةِ امْرَأَةٍ كَقَوْلِي لِامْرَأَةٍ وَاحِدَةٍ، أَوْ مِثْلُ قَوْلِي لِامْرَأَةٍ وَاحِدَةٍ».

[صحيح] - [رواه الترمذي والنسائي وابن ماجه] - [سنن النسائي: 4181]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိုမိုင်မဟ် ဗင်န်သေ ရုကိုင်ကဟ် (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ သူမက ပြောပြခဲ့သည်။
“ကျွန်မသည် အန်ဆွာရီစွဟာဗီယဟ်အမျိုးသမီးအချို့နှင့်အတူ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ ဗိုင်အသ်သစ္စာခံယူရန် လာခဲ့ကြပါသည်။ ထိုအခါ ကျွန်မတို့က လျှောက်ထားခဲ့သည်မှာ- ‘အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်‌တော် ကျွန်မတို့သည် အလ္လာဟ်အရှင်မြတ်အား မည်သည့်အရာနှင့်မျှ တွဲဖက်မကိုးကွယ်ရန်၊ ခိုးမှုမပြုရန်၊ ဇိနာ (အိမ်ထောင်ရေးဖောက်ပြန်မှု) မပြုရန်၊ မိမိ၏လက်နှင့်ခြေများကြားတွင် (ခင်ပွန်းအပေါ် သားသမီး၏ မျိုးရိုးကိစ္စ၌) မဟုတ်မမှန်စွပ်စွဲမှုမပြုရန်၊ မည်သည့်ကောင်းမှုကိစ္စတွင်မဆို ကိုယ်တော့်ကို အမိန့်ဖီဆန်မှုမပြုရန် စသည့်အချက်များအပေါ် ကျွန်မတို့ ကိုယ်တော်အား ဗိုင်အသ်ပြုပါမည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- “အသင်မတို့တတ်နိုင်သမျှနှင့် ခွန်အားရှိသမျှအတိုင်း (ဆောင်ရွက်ကြလော့)။” သူမ(အိုမိုင်မဟ်)ကဆက်လက်‌ ပြောပြသည်။ ကျွန်မတို့က လျှောက်ထားသည်မှာ - “ကျွန်မတို့အား အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကသာ ကရုဏာအရှိဆုံး ဖြစ်တော်မူပါသည်။ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်‌တော် ကျွန်မတို့ ကိုယ်တော့်ထံ ဗိုင်အသ်ပြုပါရစေ။” ထိုအခါ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- “ဧကန်စင်စစ် ငါကိုယ်တော်သည် အမျိုးသမီးများနှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်ပါ။ အမျိုးသမီးတစ်ရာအား ငါကိုယ်တော် ၏ မိန့်ကြားချက် သည် အမျိုးသမီး တစ်ဦးအား မိန့်ကြားချက်ကဲ့သို့ပင်ဖြစ်သည်။ (သို့မဟုတ်) အမျိုးသမီးတစ်ဦးအတွက် မိန့်ကြားချက်ကဲ့သို့ပင်ဖြစ်သည်။"

[صحيح] - [رواه الترمذي والنسائي وابن ماجه] - [سنن النسائي - 4181]

ရှင်းလင်းချက်

အိုမိုင်မဟ် ဗင်န်သေ ရုကိုင်ကဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်တင်ပြခဲ့သည်။ သူမသည် အန်ဆွာရီစွဟာဗီယဟ်အမျိုးသမီးအချို့နှင့်အတူ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ အလ္လာဟ်အရှင်မြတ်အား မည်သည့်အရာနှင့်မျှ တွဲဖက်မကိုးကွယ်ရန်၊ ခိုးမှုမပြုရန်၊ ဇိနာ (အိမ်ထောင်ရေးဖောက်ပြန်မှု) မပြုရန်၊ မိမိ၏လက်နှင့်ခြေများကြားတွင် (ခင်ပွန်းအပေါ် သားသမီး၏ မျိုးရိုးကိစ္စ၌) မဟုတ်မမှန်စွပ်စွဲမှုမပြုရန်၊ မည်သည့်ကောင်းမှုကိစ္စတွင်မဆို ကိုယ်တော့်ကို အမိန့်ဖီဆန်မှုမပြုရန် စသည့်အချက်များအပေါ် ဗိုင်အသ်သစ္စာခံယူရန် လာခဲ့ကြပါသည်။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- “အသင်မတို့တတ်နိုင်သမျှနှင့် ခွန်အားရှိသမျှအတိုင်း (ဆောင်ရွက်ကြလော့)။” ကျွန်မတို့က လျှောက်ထားသည်မှာ - “ကျွန်မတို့အား အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကသာ ကရုဏာအရှိဆုံး ဖြစ်တော်မူပါသည်။ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်‌တော် အမျိုးသားများ လက်ဆွဲနှုတ်ဆက်သလို လက်ဆွဲနှုတ်ဆက်၍ ကျွန်မတို့ ကိုယ်တော့်ထံ ဗိုင်အသ်ပြုပါရစေ။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- ဧကန်စင်စစ် ငါကိုယ်တော်သည် အမျိုးသမီးများနှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်ပါ။ အမျိုးသမီးတစ်ရာအား ငါကိုယ်တော်။၏ မိန့်ကြားချက် (ဗိုင်အသ်ပြုပေးပုံ)သည် အမျိုး သမီးတစ်ဦးအတွက် မိန့်ကြားချက်ကဲ့သို့ပင်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများအား မည်သို့မည်ပုံ ဗိုင်အသ်ပြုလုပ်ပေးကြောင်း ဖော်ပြထားခြင်း။
  2. ၂။ သူစိမ်းအမျိုးသမီးများနှင့် လက်ဆွဲနှုတ်ဆက်ခြင်းအား ပိတ်ပင်တားမြစ်တားခြင်း။
  3. ၃။ ဘာသာရေးဆိုင်ရာ တာဝန်ဝတ္တရားများသည် လူတစ်ဦးစီ၏ တတ်စွမ်းနိုင်မှုပေါ်တွင် မူတည်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အင်ဒိုနီးရှား ဘင်္ဂလီ ထပ်၍ (32)
ထပ်၍