عَنْ أَبِي سَعِيدٍ الخُدْرِيَّ رَضِيَ اللَّهُ عَنْهُ -وَكَانَ غَزَا مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ ثِنْتَيْ عَشْرَةَ غَزْوَةً- قَالَ: سَمِعْتُ أَرْبَعًا مِنَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَأَعْجَبْنَنِي، قَالَ:
«لاَ تُسَافِرِ المَرْأَةُ مَسِيرَةَ يَوْمَيْنِ إِلَّا وَمَعَهَا زَوْجُهَا أَوْ ذُو مَحْرَمٍ، وَلاَ صَوْمَ فِي يَوْمَيْنِ: الفِطْرِ وَالأَضْحَى، وَلاَ صَلاَةَ بَعْدَ الصُّبْحِ حَتَّى تَطْلُعَ الشَّمْسُ، وَلاَ بَعْدَ العَصْرِ حَتَّى تَغْرُبَ، وَلاَ تُشَدُّ الرِّحَالُ إِلَّا إِلَى ثَلاَثَةِ مَسَاجِدَ: مَسْجِدِ الحَرَامِ، وَمَسْجِدِ الأَقْصَى، وَمَسْجِدِي هَذَا».
المزيد
အဗူစအီးဒ် အလ်ခုဿ်ွရီ(ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်သည်။ သာဝကကြီးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်အတူ ဂဇ်ဝဟ်စစ်ပွဲ ၁၂ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည်။ သာဝကကြီးက အမိန့်ရှိသည်မှာ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ထံတော်ပါးမှ လေးခုသောအရာကို ကြားခဲ့ရပြီး ယင်းအရာများကို ကျွန်တော်နှစ်သက်မိခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ -
"အမျိုးသမီးတစ်ဦးသည် နှစ်ရက်တာကြာမြင့်မည့်ခရီးကို သူမ၏ခင်ပွန်း သို့မဟုတ် မဟ်ရမ်(မိမိနှင့် နိကာဟ် ဟရာမ်ဖြစ်သူတစ်ဦး)အတူ မပါဘဲ ခရီးမထွက်ရ။ အီဒ်ဒုလ်ဖိသ်ရ်နှင့် အီဒုလ်အဿွ်ဟာနေ့တွင် ‘စောင်မ်’ဥပုသ်မစောင့်ရ။ ဖဂ်ျရ်ဆွလာသ်ဝတ်ပြုပြီး နောက် နေထွက်သည်အထိ မည်သည့်ဆွလာသ်မှဝတ်မပြုရ။ အဆွ်ရ်ဆွလာသ်ဝတ်ပြုပြီးနောက် နေဝင်သည်အထိ မည်သည့်ဆွလာသ်မှဝတ်မပြုရ။ ဗလီသုံးလုံးမှအပ အခြားဗလီဝတ်ကျောင်းတော်များဘက်သို့ခရီးမထွက်ရ။ ၎င်းဗလီသုံးလုံးမှာ မတ်စ်ဂျိဒုလ်ဟရာမ်၊ မတ်စ်ဂျိဒုလ်အက္ကဆွာ၊ ငါကိုယ်တော်မြတ်၏ဤဗလီဝတ်ကျောင်းတော် စသည်တို့ဖြစ်သည်။