عَنْ عُقْبَةَ بْنَ عَامِرٍ الْجُهَنِيَّ رضي الله عنه قَالَ:
ثَلَاثُ سَاعَاتٍ كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَنْهَانَا أَنْ نُصَلِّيَ فِيهِنَّ، أَوْ أَنْ نَقْبُرَ فِيهِنَّ مَوْتَانَا: حِينَ تَطْلُعُ الشَّمْسُ بَازِغَةً حَتَّى تَرْتَفِعَ، وَحِينَ يَقُومُ قَائِمُ الظَّهِيرَةِ حَتَّى تَمِيلَ الشَّمْسُ، وَحِينَ تَضَيَّفُ الشَّمْسُ لِلْغُرُوبِ حَتَّى تَغْرُبَ.
[صحيح] - [رواه مسلم] - [صحيح مسلم: 831]
المزيــد ...
အွတ်က်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
“အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား သုံးခုသောအချိန်များ၌ ဆွလာသ်ဝတ်ပြုရန် သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ သေဆုံးကွယ်လွန်သူများကို မြှုပ်နှံရန် သော်လည်းကောင်း တားမြစ်တော်မူခဲ့သည်- (၁) နေထွက်စပြုချိန်မှ နေမြင့်တက်လာချိန်အထိ၊ (၂) နေမွန်းတည့်ချိန်မှ အနောက်သို့ စတင်ယိုင်ဆင်းသည်အထိ၊ (၃) နေဝင်စပြုချိန်မှ နေလုံးဝဝင်သွားသည်အထိ ဖြစ်သည်။"
[صحيح] - [رواه مسلم] - [صحيح مسلم - 831]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နေ့တွင် အောက်ပါအချိန်သုံးခု၌ နဖိလ်ဆွလားသ်ဝတ်ပြုခြင်းနှင့် သေဆုံးကွယ်လွန်သူများကို မြုပ်နှံခြင်းမပြုရန် တားမြစ်တော်မူခဲ့သည်။ ပထမအချိန်- နေထွက်စဉ် ပထမဆုံး အလင်းရောင်စတင်ပေါ်ပြီး နေဟာ လှံတစ်ဖျားစာ (အမြင့်) အထိ မြင့်တက်ချိန်အထိဖြစ်သည်။ ယင်းမှာ ခန့်မှန်းခြေ (၁၅)မိနစ်ခန့် ကြာမြင့်သည်။ ဒုတိယအချိန် – နေသည် ကောင်းကင်အလယ်သို့ ရောက်ရှိချိန်၌(နေမွန်းတည့်ချိန်) ဖြစ်သည်။ ဆိုလိုသည်မှာ အရိပ်သည် အရှေ့ သို့မဟုတ် အနောက်သို့ မညွှတ်ဘဲ အတိအကျ အလယ်၌ရှိသော အချိန်မှ နေစောင်းသွားသည့် အချိန်အထိဖြစ်သည်။ ထို့နောက် အရှေ့ဘက်မှ အရိပ်စတင်ပေါ်လာချိန်သည် နေ့လယ်ဇုဟုရ်ဆွလာသ်အချိန် စတင်ချိန်ဖြစ်သည်။ ထိုအချိန်သည် အလွန်တိုတောင်းပြီး (၁၅)မိနစ်ခန့် ဖြစ်သည်။ တတိယအချိန် – နေဝင်စပြုချိန်မှနေ၍ နေလုံးဝဝင်သွားသည်အထိ ဖြစ်သည်။