عَنْ جَابِرِ بْنِ عَبْدِ اللَّهِ رَضيَ اللهُ عنهُما قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَا أَسْكَرَ كَثِيرُهُ فَقَلِيلُهُ حَرَامٌ».
[حسن] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن أبي داود: 3681]
المزيــد ...
ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"အလွန်အကျွံသောက်သုံးပါက မူးယစ်စေသောအရာ၏ အနည်းငယ်မျှသည်လည်း ဟရာမ်ဖြစ်၏။"
[حسن] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن أبي داود - 3681]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အလွန် အကျွံသောက်မိပါက အသိဉာဏ်ကို ပပျောက်စေသော မည်သည့်သောက်စရာ သို့မဟုတ် စားစရာမဆို၊ အနည်းငယ်သောက်မိလျှင် အသိဉာဏ်ကို မပပျောက်စေသော်လည်း ထိုအနည်းငယ်သောက်ခြင်းသည်ပင် ဟရာမ်ဖြစ်(တားမြစ်ထား)ကြောင်း ရှင်းလင်းမိန့်ကြားတော်မူထားသည်။