عَنْ أَنَسٍ رَضِيَ اللَّهُ عَنْهُ قَالَ:
كُنْتُ سَاقِيَ القَوْمِ فِي مَنْزِلِ أَبِي طَلْحَةَ، وَكَانَ خَمْرُهُمْ يَوْمَئِذٍ الفَضِيخَ، فَأَمَرَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مُنَادِيًا يُنَادِي: أَلاَ إِنَّ الخَمْرَ قَدْ حُرِّمَتْ، قَالَ: فَقَالَ لِي أَبُو طَلْحَةَ: اخْرُجْ، فَأَهْرِقْهَا، فَخَرَجْتُ فَهَرَقْتُهَا، فَجَرَتْ فِي سِكَكِ المَدِينَةِ، فَقَالَ بَعْضُ القَوْمِ: قَدْ قُتِلَ قَوْمٌ وَهِيَ فِي بُطُونِهِمْ، فَأَنْزَلَ اللَّهُ: {لَيْسَ عَلَى الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جُنَاحٌ فِيمَا طَعِمُوا} [المائدة: 93] الآيَةَ.

[صحيح] - [متفق عليه] - [صحيح البخاري: 2464]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်။
“ကျွန်ုပ်သည် အဘူသွလ်ဟာ၏အိမ်တွင် လူများကိုအရက်တိုက်ကျွေးသူဖြစ်ခဲ့သည်။ ထိုအချိန်က ၎င်းတို့၏ အရက်မှာ ‘ဖဿွီးဟ်’ (စွန်ပလွံသီးဖြင့် ချက်ထားသော အရက်) ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကြွေးကြော်သူတစ်ဦးကို ‘သတိပြုကြ၊ အရက်ကို ဟရာမ်တားမြစ်လိုက်ပြီ’ ဖြစ်ကြောင်း ကြွေးကြော်ရန် အမိန့်ပေးတော်မူလေသည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ - အဘူသွလ်ဟာက ကျွန်ုပ်အား ‘ထွက်သွားပြီး ယင်းအရက်များကို သွန်ပစ်လော့’ ဟု ပြောဆိုခဲ့၏။ ကျွန်ုပ်သည် ထွက်သွားပြီး ယင်းအရက်များကို သွန်ပစ်လိုက်ရာ၊ မဒီနာမြို့၏လမ်းများတစ်လျှောက် စီးဆင်းသွားသည်။ ထိုအခါ လူအချို့က ‘အရက်သည် သူတို့၏ဝမ်းဗိုက်ထဲတွင်ရှိနေစဉ် လူအချို့သေဆုံးသွားခဲ့ပြီ’ ဟု ပြောကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် [အီမာန်ယုံကြည်ပြီး ကောင်းမှုများပြုကျင့်သောသူများအပေါ်၌ (ယခင်က) သုံးဆောင်ခဲ့သည့်အရာများအတွက် အပြစ်မရှိပေ] (အလ်-မာအိဒဟ် ၅း၉၃) ဟူသော အာယတ်တော်ကို ချပေးတော်မူခဲ့၏။”

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 2464]

ရှင်းလင်းချက်

အနတ်စ် ဗင်န် မာလစ်က်(ရဿွိယလ္လာဟုအန်ဟု)က ဤသို့ ဆင့်ပြန်တင်ပြခဲ့သည်- သူသည် မိမိမိခင်၏ခင်ပွန်းဖြစ်သူ အဘူသွလ်ဟာ(ရဿွိယလ္လာဟုအန်ဟု)၏ အိမ်ရှိလူများကို အရက်တိုက်ကျွေးသည့် တာဝန်ကိုထမ်း‌ဆောင်ခဲ့သည်။ ထိုအချိန်က ၎င်းတို့၏ အရက်မှာ ‘ဖဿွီးဟ်’ (မှည့်သွားသောစွန်ပလွံသီးခြောက်နှင့် မမှည့်သေးသော စွန်ပလွံသီးအစိမ်းကို ရောချက်ထားသောအရက်) ဖြစ်သည်။‌ ထိုအချိန်တွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကြွေးကြော်သူက ‘သတိပြုကြ၊ အရက်ကို ဟရာမ်တားမြစ်လိုက်ပြီ’ ဖြစ်ကြောင်း ကြွေးကြော်လာသည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ - အဘူသွလ်ဟာက ကျွန်ုပ်အား ‘ထွက်သွားပြီး ယင်းအရက်များကို သွန်ပစ်လော့’ ဟု ပြောဆိုခဲ့၏။ ကျွန်ုပ်သည် ထွက်သွားပြီး ယင်းအရက်များကို သွန်ပစ်လိုက်ရာ၊ မဒီနာမြို့၏လမ်းများတစ်လျှောက် စီးဆင်းသွားသည်။ ထိုအခါ လူအချို့က "အရက်ဟရာမ်မဖြစ်မီက သူတို့၏ဝမ်းထဲတွင် အရက်ရှိနေသည့် စွဟာဗဟ်များလည်း သေဆုံးသွားပြီ" ဟု ပြောကြရာ အလ္လာဟ်အရှင်က ဤအာယသ်တော်ကို ချမှတ်တော်မူခဲ့သည်-
[အီမာန်ယုံကြည်ပြီး ကောင်းမှုများပြုကျင့်သောသူများအပေါ်၌ (ယခင်က) သုံးဆောင်ခဲ့သည့်အရာများအတွက် အပြစ်မရှိပေ]။ (အလ်-မာအိဒဟ် ၅း၉၃) ဆိုလိုသည်မှာ အရက်ဟရာမ်မဖြစ်မီက သောက်စားခဲ့ကြသော အီမာန်ယုံကြည်သူများအတွက် ထိုအရာတွင် အပြစ်တစ်စုံတစ်ရာ မရှိပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. (ဤဟဒီးစ်တော်တွင်) အဘူသွလ်ဟာနှင့် အခြားစွဟာဗဟ်သာဝကကြီးများ၏ ထူးကဲမြင့်မြတ်မှုကို တင်ပြထားသည်။ အကြောင်းမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို လျင်မြန်စွာ၊ မေးခွန်းထုတ်ခြင်းမရှိဘဲ လိုက်နာခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤသည်သာ စစ်မှန်သောမွတ်စ်လင်မ်တစ်ဦး၏ လမ်းစဉ် ဖြစ်သည်။
  2. အလ်ခမ်ရ် ဆိုသည်မှာ - မူးယစ်စေတတ်သော အရာအားလုံးကို ခြုံငုံခေါ်ဆိုခြင်းဖြစ်သည်။
  3. ‘ဖဿွီးဟ်’ ဆိုသည်မှာ မမှည့်သေးသော စွန်ပလွံသီးနှင့် မှည့်သွားသောစွန်ပလွံသီးတို့ကို မီးမထိစေဘဲ ဖျော်စပ်ထားသော အရည်တစ်မျိုးဖြစ်သည်။ အလ်ဗုစ်ရ် ဆိုသည်မှာ- မှည့်ခါနီး စွန်ပလွံသီးကို ဆိုလိုသည်။
  4. အိဗ်နုဟဂျရ် က မုဟလ်လဗ်၏ ပြောဆိုချက်ကို ကိုးကားပြီး “အရက်ကို လမ်းပေါ်တွင် သွန်ပစ်ရခြင်းမှာ ၎င်းကို ငြင်းပယ်ကြောင်း ကြေညာရန်နှင့် ၎င်းကို စွန့်လွှတ်ခြင်းအား ထင်ရှားစေရန်ဖြစ်ပြီး ယင်းသည် လမ်းပေါ်သွန်ချခြင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်ရသည်ထက် အကျိုးများသော နည်းလမ်းဖြစ်သည်” ဟု ဆိုထားသည်။
  5. အလ္လာဟ်အရှင်မြတ်၏ ဗန္ဒဟ်ကျေးကျွန်များအပေါ် ထားရှိသော ကရုဏာတော်နှင့် အရှင်မြတ်သည် အမိန့်တော်မချမှတ်မီက ပြုလုပ်ခဲ့သည့်အပြစ်အတွက် စစ်ဆေးမေးမြန်းတော်မူမည် မဟုတ်ကြောင်း ဖော်ပြထားခြင်း။
  6. အလ္လာဟ်အရှင်မြတ်သည် အရက်ကို ဟရာမ်တားမြစ်တော်မူခဲ့သည်။ အကြောင်းမှာ ၎င်းတွင် အသိဉာဏ်နှင့် စည်းစိမ်ဥစ္စာကို ထိခိုက်စေသော ဆိုးကျိုးများ ပါဝင်ပြီး ၎င်းကြောင့် လူသားသည် သတိဉာဏ်ကင်းမဲ့ကာ အပြစ်များစွာကို ကျူးလွန်တတ်သောကြောင့် ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အင်ဒိုနီးရှား ဘင်္ဂလီ ထပ်၍ (36)