عَنْ عَبْدِ اللَّهِ بْنِ مَسْعُودٍ رَضِيَ اللَّهُ عَنْهُ رَفَعَهُ:
فِي قَوْلِ اللَّهِ عَزَّ وَجَلَّ: {وَمَنْ يُرِدْ فِيهِ بِإِلْحَادٍ بِظُلْمٍ نُذِقْهُ مِنْ عَذَابٍ أَلِيمٍ} [الحج: 25] قَالَ: «لَوْ أَنَّ رَجُلًا هَمَّ فِيهِ بِإِلْحَادٍ وَهُوَ بِعَدَنِ أَبْيَنَ لَأَذَاقَهُ اللَّهُ عَذَابًا أَلِيمًا».

[صحيح] - [رواه أحمد والحاكم] - [المستدرك على الصحيحين: 3461]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
{وَمَنْ يُرِدْ فِيهِ بِإِلْحَادٍ بِظُلْمٍ نُذِقْهُ مِنْ عَذَابٍ أَلِيمٍ} [အလ်-ဟဂ်ျ ၂၅] (ထိုမြင့်မြတ်သောအိမ်တော်၌ မတရားသဖြင့် လွန်ကျူးခြင်းဖြင့် ရည်ရွယ်သူအား ငါအရှင်မြတ်သည် ပြင်းထန်စွာသော ပြစ်ဒဏ်ကို ခံစေအံ့) ဟူသော အလ္လာဟ်အရှင်မြတ်၏ မိန့်တော်မူချက်နှင့် ပတ်သက်၍ အိဗ်နု မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု) က ပြောကြားခဲ့သည်– “လူတစ်ယောက်သည် ‘အဒန်အဗ်ယန်’ (ယီမင်နိုင်ငံရှိ ဝေးလံသောနေရာ)၌ပင် ထိုအိမ်တော်အား လွန်ကျူးရန် ကြံစည်မိရုံမျှဖြင့် အလ္လာဟ်အရှင်မြတ်သည် သူ့အား ပြင်းထန်သော ပြစ်ဒဏ်ကို မြည်းစမ်းခံစားစေတော်မူလိမ့်မည်” ဟု မိန့်ဆိုတော်မူခဲ့သည်။

[صحيح] - [رواه أحمد والحاكم] - [المستدرك على الصحيحين - 3461]

ရှင်းလင်းချက်

အဗ်ဒုလ္လာဟ် ဘင်န် မတ်စ်အူးဒ်် (ရဿွိယလ္လာဟုအန်ဟု) သည် အလ္လာဟ် အရှင်မြတ်၏ အမိန့်တော် {وَمَنْ يُرِدْ فِيهِ بِإِلْحَادٍ بِظُلْمٍ نُذِقْهُ مِنْ عَذَابٍ أَلِيمٍ} (ထိုမြင့်မြတ်သောအိမ်တော်၌ မတရားသဖြင့် လွန်ကျူးခြင်းဖြင့် ရည်ရွယ်သူအား ငါအရှင်မြတ်သည် ပြင်းထန်စွာသော ပြစ်ဒဏ်ကို ခံစေအံ့) [အလ်-ဟဂ်ျ ၂၅] ဟူသော အာယတ်တော်နှင့် ပတ်သက်၍ တင်ပြခဲ့သည်။ ၎င်းကပြောကြားခဲ့သည်မှာ – “လူတစ်ဦးဦးသည် မိမိစိတ်ထဲ၌ မက္ကာမြို့တော်၏ဟရမ်နယ်နမိတ်အတွင်း၌ မကောင်းမှုတစ်ခုကို ပြုလုပ်ရန်ကြံစည်ပြီး စိတ်ပိုင်းဖြတ်လိုက်ပါက၊ ထိုအရာသည် ဟရမ်မြေ၌ အလ္လာဟ်အရှင်မြတ် ဟရာမ်ဟူ၍ တားမြစ်တော်မူသည့်အရာကို ချိုးဖောက်ခြင်း ဖြစ်သည်။ ဥပမာ နှုတ်ဖြင့် (ဆဲဆိုခြင်း) သို့မဟုတ် တစ်စုံတစ်ဦးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းကဲ့သို့သော အပြစ်များဖြစ်ပြီး၊ ထိုအပြစ်သည် မတရားမှုဖြစ်ကြောင်း သူနားလည်ပါက၊ ထိုစိတ်ပိုင်းဖြတ်မှုသည် ယီမင်နိုင်ငံရှိ 'အေဒင်မြို့'၌ ဖြစ်ခဲ့သည်တိုင်အောင်၊ ထိုသူသည် ထိုအကြံအစည်အတွက် အလ္လာဟ်အရှင်မြတ်ထံမှ နာကျင်စေသောပြစ်ဒဏ်ကို ခံထိုက်တန်သူဖြစ်သွားပေမည်။ သူသည် ထိုအကြံကို လက်တွေ့မကျူးလွန်ရသေးသည်တိုင် ဖြစ်သည်။ ထို့ကြောင့် ထိုအကြံအစည်စိတ်ကူးကပင် ပြစ်ဒဏ်ခံရန် လုံလောက်သောကြောင့် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မက္ကာမြို့တော်၏ ထူးခြားချက်နှင့် ကြီးကျယ်မြင့်မြတ်မှုကို ဖော်ပြထားခြင်း။
  2. ရှိုင်ခ်စအ်ဒီက မိန့်ဆိုသည်မှာ- ဤအာယသ်တော်တွင် ဟရမ်နယ်နမိတ် (မက္ကာမြို့တော်) ကို ရိုသေလေးစားရမှု၊ ၎င်းအား အလွန်ဂုဏ်ပေးလေးစားရမှုနှင့် ထိုမြို့တော်တွင် အပြစ်ဒုစရိုက်များကျူးလွန်ရန် ရည်ရွယ်ခြင်းနှင့် ကျူးလွန်ခြင်းမှ သတိပေးထားကြောင်း ပါဝင်သည်။
  3. အိမာမ်ဿွတ်ဟားက်က မိန့်ဆိုသည်မှာ- မက္ကာမြို့တော်၌ လူတစ်ယောက်သည် အခြားနေရာ၌ရှိစဉ် အပြစ်တစ်ခုကိုကျူးလွန်ရန် ကြံစည်မိရုံဖြင့် ထိုအပြစ်ကို မကျူးလွန်ရသေးသော်လည်း ၎င်းအတွက် ထိုအပြစ်အား ရေးမှတ်ခံရပေသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الإندونيسية البنغالية ထပ်၍ (34)