عَنْ أَبِي سَعِيدٍ الخُدْرِيِّ رَضيَ اللهُ عنهُ:
أَنَّ رَجُلًا سَمِعَ رَجُلًا يَقْرَأُ: {قُلْ هُوَ اللَّهُ أَحَدٌ} يُرَدِّدُهَا، فَلَمَّا أَصْبَحَ جَاءَ إِلَى رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَذَكَرَ ذَلِكَ لَهُ، وَكَأَنَّ الرَّجُلَ يَتَقَالُّهَا، فَقَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «وَالَّذِي نَفْسِي بِيَدِهِ إِنَّهَا لَتَعْدِلُ ثُلُثَ القُرْآنِ».
[صحيح] - [رواه البخاري] - [صحيح البخاري: 5013]
المزيــد ...
အဘူစအီးဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။
“လူတစ်ဦးသည် အခြားလူတစ်ဦး အား ‘ကွလ် ဟုဝလ္လာဟု အဟဒ်’ အား ထပ်ခါထပ်ခါ ရွတ်ဖတ်နေသည်ကို ကြားလေ၏။ နံနက်ရောက်သော် ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်လာပြီး ထိုအကြောင်းကို လျှောက်ထားလေ၏။ ထိုလူသည် ယင်းစူရဟ်(၏ အကျိုးကျေးဇူး) ကို အနည်းငယ်မျှသာဟု ထင်မှတ်နေပုံရ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ‘‘ငါကိုယ်တော်၏ အသက်ကို စိုးပိုင်တော်မူသော အရှင်မြတ်ကို တိုင်တည်ကျိန်ဆို၍ ပြောမည်။ ဧကန်စင်စစ် ဤစူရဟ်သည် ကုရ်အာန်၏ သုံးပုံတစ်ပုံနှင့် ညီမျှသည်’’ ဟု မိန့်ကြားတော်မူခဲ့၏။
[صحيح] - [رواه البخاري] - [صحيح البخاري - 5013]
အဘူစအီးဒ်အလ်ခုဒ်ရီ (ရဿိယလ္လာဟုအန်ဟု) က ဆင့်ပြန်တင်ပြခဲ့သည်- လူတစ်ဦးသည် အခြားလူတစ်ဦး အား စူရဟ် ‘ကွလ် ဟုဝလ္လာဟု အဟဒ်’ အား တစ်ညလုံး ထပ်ခါထပ်ခါ ရွတ်ဖတ်နေသည်ကို ကြားလေ၏။ နံနက်ရောက်သော် ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်လာပြီး ထိုအကြောင်းကို လျှောက်ထားလေ၏။ လျှောက်ထားမေးမြန်းသူအနေဖြင့် ယင်း (စူရဟ်၏ အကျိုး ကျေးဇူး) ကို အနည်းငယ်မျှသာဟု ထင်မှတ်နေပုံရ၏။ ထိုအခါ တမန်တော်မြတ်က အလေးအနက် ကျိန်ဆိုခြင်းဖြင့် “ငါကိုယ်တော်၏ အသက်ကို စိုးပိုင်တော်မူသော အရှင်မြတ်ကို တိုင်တည်ကျိန်ဆို၍ ပြောမည်။ ဧကန်စင်စစ် ဤစူရဟ်သည် ကုရ်အာန်၏ သုံးပုံတစ်ပုံနှင့် ညီမျှသည်’’ ဟု မိန့်ကြားတော်မူခဲ့၏။