عَنْ عُقْبَةَ بْنِ عَامِرٍ رَضيَ اللهُ عنهُ قَالَ: قَالَ لِي رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«أُنْزِلَ -أَوْ أُنْزِلَتْ- عَلَيَّ آيَاتٌ لَمْ يُرَ مِثْلُهُنَّ قَطُّ، الْمُعَوِّذَتَيْنِ».
[صحيح] - [رواه مسلم] - [صحيح مسلم: 814]
المزيــد ...
အုက်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“ငါကိုယ်တော်မြတ်အပေါ်၌ ဤကဲ့သို့သော အာယတ်တော်များ ချပေးတော်မူခြင်းခံရသည်။ ယင်းတို့၏ ပမာတူကို ယခင်ကမည်သည့်အခါမျှ မတွေ့မြင်ဖူးပေ။ ၎င်းတို့မှာ ‘အလ်-မုအောင်ဝ်ဝိဇ်သိုင်းန်’ (စူရဟ်ဖလက်နှင့် စူရဟ်နားစ်) ဖြစ်သည်။”
[صحيح] - [رواه مسلم] - [صحيح مسلم - 814]
အွတ်က်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သူ့အား ဤသို့မိန့်ကြားတော်မူခဲ့သည်− “အလ္လာဟ်အရှင်မြတ်သည် ယနေ့ည၌ ငါကိုယ်တော့်ထံ အာယသ်တော်များကို ချပေးတော်မူခဲ့သည်။ ယင်းတို့၏ပမာတူကို ယခင်ကမည်သည့်အခါမျှ မတွေ့မြင်ဖူးပေ။ (ခိုလှုံခွင့်တောင်းခံခြင်းနှင့်ပတ်သတ်၍ ချပေးတော်မူခဲ့သည့် စူရဟ်နှစ်ပုဒ်ကို ဆိုလိုသည် ) ၎င်းတို့မှာ ‘အလ်-မုအောင်ဝ်ဝိဇ်သိုင်းန်’ (စူရဟ်ဖလက်နှင့် စူရဟ်နားစ်) ဖြစ်သည်။