عن ابن عباس قال: كان النبي صلى الله عليه وسلم لا يعرف فصل السورة حتى تنزل عليه {بسم الله الرحمن الرحيم}.
[صحيح] - [رواه أبو داود]
المزيــد ...

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်ချက်လာရှိခဲ့သည်။ ၎င်းကပြောကြားခဲ့သည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအပေါ် (بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ) မကျရောက်သေးသရွေ့ စူရဟ်တစ်ပုဒ်နှင့် တစ်ပုဒ်ကြားပိုင်းခြားထားသည့် နေရာကိုမသိရှိခဲ့ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အဗူဒါဝူဒ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအပေါ် (بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ) မကျရောက်သေးသရွေ့ စူရဟ်တစ်ပုဒ်နှင့် တစ်ပုဒ်ကြားပိုင်းခြားထားသည့် နေရာကိုမသိရှိခဲ့ပေ။ ဆိုလိုသည်မှာ- အမှန်ပင် ကိုယ်တော်သည် မိမိပေါ်သို့ ‘ဗိစ္စမိလ္လာဟ်’ ကျရောက်လာမှသာ စူရဟ်တစ်ပုဒ်ပြီးဆုံးသွားပြီး နောက်စူရဟ်တစ်ပုဒ်ကျရောက်ပြီဖြစ်ကြောင်း သိရှိခဲ့သည်။ ထို့ကြောင့် ‘ဗိစ္စမိလ္လာဟ်’သည် အခြားအာယသ်တော်များ ကျရောက်ခဲ့သည့်အတိုင်း ကျရောက်လာသည့်အာယသ်တော်ဖြစ်သည်။ သို့သော် အခြားစူရဟ်များဖြင့် နှိုင်းယှဉ်ကာ ‘စူရဟ်သောင်ဗဟ်’၏အစတွင် ဗိစ္စမိလ္လာဟ် ရွတ်ဆိုခြင်းကို မည်သူမျှမပြုရပေ။ ထို့အတူ စူရဟ်၏အလယ်မှ စတင်ဖတ်ရွတ်လျှင်လည်း ဟဒီးဆ်တော်ကိုထောက်ရှု၍ ဗိစ္စမိလ္လာဟ် မဖတ်ဘဲအစပြုခြင်း ပိုမိုကောင်းမွန်သည်။ အဘယ်ကြောင့်ဆိုသော် ဗိစ္စမိလ္လာဟ်ဟူသည့် အာယသ်တော်သည် စူရဟ်များ၏ အစတွင်သာ ကျရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် အချို့ပညာရှင်များတွင် အဆိုကွဲလွဲမှုရှိသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤဟဒီးဆ်တော်၌ ဗိစ္စမိလ္လာဟ်သည် ကုရ်အာန်ကျမ်းတော်မြတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းညွှန်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် သာဝကကြီးက “ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအပေါ် (بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ) မကျရောက်သေးသရွေ့” ဟု ပြောကြားထားသဖြင့် ၎င်းသည် ဝဟီအဖြစ် ကျရောက်လာကြောင်းဖေါ်ပြနေသည်။
  2. ဗိစ္စမိလ္လာဟ်သည် စူရဟ်များကြားတွင် ပိုင်းခြားထားသည့် အာယသ်တော်သာဖြစ်ပြီး စူရဟ်တို့၏ အစိတ်အပိုင်းမဟုတ်ပေ။ ထို့ကြောင့် ၎င်းကို အာယသ်များအဖြစ် မသတ်မှတ်သဖြင့် အာယသ်အရေအတွက်တွင်လည်း ထည့်သွင်းဖော်ပြခြင်းမပြုပေ။ သို့သော် ဗိစ္စမိလ္လာဟ်သည် စူရဟ် ဖာသိဟဟ်၏ အာယသ်ဖြစ်ခြင်း မဖြစ်ခြင်းနှင့်ပတ်သက်၍ အကွဲအလွဲရှိသည်။ ကုရ်အာန်ကျမ်းမြတ်တွင် ဗိစ္စမိလ္လာဟ်ကို စူရဟ်ဖာသိဟဟ်၏ အာယသ်အဖြစ် သတ်မှတ်ထားသည်။ သို့သော်အမှန်ကန်ဆုံးအဆိုမှာ ဗိစ္စမိလ္လာဟ်သည် စူရဟ်နမ်လ်၏ အာယသ် အစိတ်အပိုင်းသာဖြစ်ပြီး စူရဟ်ဖာသိဟဟ်၏ အာယသ်လည်းမဟုတ်သလို အခြားစူရဟ်၏ အာယသ်လည်း မဟုတ်ဘဲ သီးခြားအာယသ်တစ်ခုသာဖြစ်သည်။
  3. ဗိစ္စမိလ္လာဟ်သည် ကုရ်အာန်ကျမ်းမြတ်မှပင်ဖြစ်သည်။ ဗိစ္စမိလ္လာဟ်သည် စူရဟ်ဗရာအဟ် (စူရဟ်သောင်ဗဟ်)နှင့် စူရဟ်ဖာသိဟဟ်တို့မှလွဲ၍ အခြားစူရဟ်များကြားတွင် ပိုင်းခြားထားသောအာယသ်တော်ဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စူရဟ်ဖာသိဟဟ်၏အလျင် ဗိစ္စမိလ္လာဟ်နှင့် ပိုင်းခြားပေးရန် စူရဟ်တစ်ပုဒ်မျှမရှိပေ။ ၎င်းသည် စူရဟ်ဖာသိဟဟ်၏ အစတွင်လာရှိခြင်းသာဖြစ်ပြီး စူရဟ်ဖာသိဟဟ်နှင့် အခြားစူရဟ်တစ်ခုကြားတွင်ပိုင်းခြားပေးရန်လာရှိခြင်းမဟုတ်ပေ။ ထို့အပြင် စူရဟ်သောင်ဗဟ်တွင်လည်း မလာရှိပေ။
အမျိုးအစားများ
ထပ်၍