عن أبي هريرة قال: قال رسول الله صلى الله عليه وسلم: «أيحب أحدكم إذا رجع إلى أهله أن يجد فيه ثلاث خَلِفَاتٍ عِظَامِ سِمَانٍ؟» قلنا: نعم، قال: «فثلاث آيات يقرأ بهن أحدكم في صلاته خيرٌ له من ثلاث خلفات عظام سمان».
[صحيح] - [رواه مسلم]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ၏မိသားစုထံပြန်ရောက်သောအခါ ဝဖြိုးပြီးဇီးရှိသော ကုလားအုတ်မသုံးကောင်တွေ့ရှိခြင်းအား နှစ်သက်ပါသလားဟု မေးမြန်းတော်မူသည်။ ကျွန်တော်တို့က ဟုတ်ကဲ့ နှစ်သက်ပါသည်ဟုဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ- သင်တို့အနက်တစ်ဦးတစ်ယောက်သည် မိမိ၏ဆွလာသ်အတွင်း၌ အာယာသ်တော်သုံးပိုဒ် ဖတ်မည်ဆိုပါက ဝဖြိုး၍ဇီးရှိသော ကုလားအုတ်အမသုံးကောင်ရရှိခြင်းထက် ပို၍ကောင်းမြတ်ပေသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အဆ်ွဟာဗ်တော်များအား အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မိမိ မိသားစုထံပြန်ရောက်သောအခါ တနည်းအားဖြင့် မိမိအိမ်သို့ပြန်သည့်အခါ မိမိ၏ဇနီး၊ သားသမီးများနှင့်အတူ ဝဖြိုး၍ဇီးရှိသော ကုလားအုတ်အမသုံးကောင်တွေ့ရှိခြင်းအား နှစ်သက်ပါသလားဟု မေးမြန်းတော်မူသည်။ ထိုကုလားအုတ်မျိုးသည် အာရပ်လူမျိုးများအတွက် အဖိုးတန်ဆုံး ပစ္စည်းဥစ္စာများထဲတွင်ပါဝင်သည်။ကျွန်တော်တို့က ဟုတ်ကဲ့ နှစ်သက်ပါသည်ဟုဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ သင်တို့အနက်တစ်ဦးတစ်ယောက်သည် မိမိ၏ဆွလာသ်အတွင်း၌ အာယာသ်တော်သုံးပိုဒ် ဖတ်မည်ဆိုပါက ဝဖြိုး၍ဇီးရှိသော ကုလားအုတ်အမသုံးကောင်ရရှိခြင်းထက် ပို၍ကောင်းမြတ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အာယတ်တော်များသည် အမြဲကျန်ရှိနေမည့်ကောင်းမှုများဖြစ်ပြီး ဇီးရှိသည့်ကုလားအုတ်များသည် ပျောက်ကွယ် ပျက်စီးသွားမည့်အရာများသာဖြစ်ကြသည်။ ဤနေရာတွင် သုံးကောင်ဟုတင်ပြထားခြင်းသည် ထိုအရေအတွက်ဖြင့်သာကန့်သတ်ထားခြင်းမဟုတ်ဘဲ အာယသ်တော်လေးပိုဒ်သည် ဇီးရှိသည့်ကုလားအုတ်လေးကောင်ထက်၊ အာယသ်တော်ငါးပိုဒ်သည် ငါးကောင်ထက် ပို၍ကောင်းမြတ်သည့် သဘောပင်ဖြစ်သည်။ ဆွလာသ်ဆောက်တည်သူသည် ဆွလာသ်၌ အာယသ်တော်အရေအတွက် တိုး၍ဖတ်သည်နှင့်အမျှ အကျိုးကုသိုလ်လည်း တိုးလာမည်ပင်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွလာသ်အတွင်း၌ဖြစ်စေ၊ ဆွလာသ်အပြင်၌ဖြစ်စေ ကုရ်အာန်ကျမ်းမြတ်ရွတ်ဖတ်ခြင်း၏ ထွတ်မြတ်မှုကိုဖေါ်ပြထားသည်။
  2. ကုရ်အာန်ကျမ်းမြတ်ဖတ်ရွတ်ရန် တိုက်တွန်းနှိုးဆော်ထားသည်။
  3. အမြဲကျန်ရှိနေမည့် နောင်တမလွန်ဘဝကို ပျက်စီးသွားမည့်လောကီထက် ဦးစားပေးရမည့်အကြောင်းလာရှိထားသည်။
  4. အမလ်ကျင့်ဆောင်မှုများကို နှိုင်းယှဉ်ပြသကာ ၎င်းတို့၏ထွတ်မြတ်မှုကို ရှင်းပြခြင်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သင်ကြားမှုစနစ်တစ်ခုပင်ဖြစ်သည်။
  5. အမိန့်ပညတ်ချက်များကို ရှင်းပြရန်နှင့် အနီးစပ်ဆုံး နားလည်သဘောပေါက်စေရန်အတွက် ဥပမာများတင်ပြခွင့်ရှိသည်။
ထပ်၍