عَنْ زَيْنَبَ بِنْتِ جَحْشٍ رَضِيَ اللَّهُ عَنْها أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ دَخَلَ عَلَيْهَا فَزِعًا يَقُولُ:
«لاَ إِلَهَ إِلَّا اللَّهُ، وَيْلٌ لِلْعَرَبِ مِنْ شَرٍّ قَدِ اقْتَرَبَ، فُتِحَ اليَوْمَ مِنْ رَدْمِ يَأْجُوجَ وَمَأْجُوجَ مِثْلُ هَذِهِ» وَحَلَّقَ بِإِصْبَعِهِ الإِبْهَامِ وَالَّتِي تَلِيهَا، قَالَتْ زَيْنَبُ بِنْتُ جَحْشٍ فَقُلْتُ يَا رَسُولَ اللَّهِ: أَنَهْلِكُ وَفِينَا الصَّالِحُونَ؟ قَالَ: «نَعَمْ إِذَا كَثُرَ الخَبَثُ».

[صحيح] - [متفق عليه] - [صحيح البخاري: 3346]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဇိုင်နဗ် ဗင်န်သေ့ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ) ထံမှ ဆင့်ပြန်လာရှိသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် ကြောက်ရွံ့ထိတ် လန့်စွာဖြင့် (ဤသို့) ပြောဆိုလျက် သူမထံသို့ ကြွမြန်းလာတော်မူခဲ့သည်။
အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်မရှိပါ။ မကြာမီဖြစ်ပေါ်လတ္တံ့သော ဘေးဆိုးကြောင့် အာရဗ်တို့အတွက် ပျက်စီးခြင်း ဆိုက်ရောက်လာလိမ့်မည်။ ယနေ့ ယအ်ဂျူးဂျ်၊ မအ်ဂျူးဂျ် (တို့အား တားဆီးထားသော) တံတိုင်းဟာ ဤမျှလောက် ပွင့်သွားခဲ့ပြီဖြ‌စ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏လက်မနှင့်လက်ညိုးကို ကွင်းပုံသဏ္ဍာန် ပြုလုပ်ပြတော်ခဲ့သည်။ ဇိုင်နဗ် ဗင်န်သေ့ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ)က ပြောပြခဲ့သည်။ ထိုအခါ ကျွန်မ က "အို အ လ္လာဟ်အရှင်မြတ်ရဲ့ ရစူလ်တမန်တော်၊ ကျွန်မတို့ထဲတွင် သူတော် ကောင်းများ ရှိနေသေးသည့်တိုင် ကျွန်မတို့ ပျက်စီးကြရမည်လား" ဟု ပြန်လည် မေးမြန်းလျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ဟုတ်တယ်၊မကောင်းမှုတွေ များပြားလာတယ့်အခါ (ထိုသို့ဖြစ်လာလိမ့်)" ဟု မိန့်ကြားတော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 3346]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် ကြောက်ရွံ့ထိန်လန့်စွာဖြင့် ဇိုင်နဗ် ဗင်န်သိ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ) ထံသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်က ကိုယ်တော်သည် "လာအိလာဟာ အစ်လလ္လလ္လာဟ်" ( အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်မရှိပါ) ဟူသော ကလိမဟ်တော်ကို ရွတ်ဆိုနေခဲ့သည်။ ဤအချက်သည် မလိုလားအပ်သော အရာတစ်ခုခု ဖြစ်ပေါ်လာတော့မည်ကို ညွှန်ပြနေပြီး၊ ထိုအရာမှ လွတ်မြောက်ရန် အလ္လာဟ်အရှင်မြတ်ထံ ခှိုလုံခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပေ။ ထို့‌နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အာရဗ်တို့အတွက် ပျက်စီးခြင်းသည် မကြာမီဖြစ်ပေါ်လတ္တံ့သော ဘေးဆိုးကြောင့် ဆိုက် ရောက်လာလိမ့်မည်။ ယနေ့ ယအ်ဂျူးဂျ်၊ မအ်ဂျူးဂျ် (တို့အား တားဆီးထားသော) တံတိုင်းဟာ ဤမျှလောက် ပွင့်သွားခဲ့ပြီဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ လက်မနှင့်လက်ညိုးကို ကွင်းပုံသဏ္ဍာန် ပြုလုပ်ပြတော်ခဲ့သည်။ ထိုတံတိုင်းမှာ ဇုလ်ကရ်နိုင်းန်ဘုရင်က တည်ဆောက်ခဲ့သော တံတိုင်းဖြစ်သည်။ ထိုအခါ ဇိုင်နဗ် (ရဿွိယလလာဟုအန်ဟာ) က "ကျွန်မတို့ထဲတွင် သူတော်ကောင်းများ ရှိနေပါလျက် အလ္လာဟ်အရှင်မြတ်သည် ကျွန်မတို့အပေါ် ပျက်စီးခြင်းကို အဘယ်သို့ လွှမ်းမိုးကျ ရောက်စေတော်မူမည်နည်း" ဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က " မကောင်းသည့်လုပ်ရပ်များ ကျူးလွန်ခြင်းနှင့် ဇိနာလုပ်ခြင်း၊ အရက်သေစာသောက်စားခြင်း စသည့် မကောင်းမှုဒုစရိုက်များ များပြားလာသောအခါ ပျက်စီးခြင်းသည် လူသားအားလုံးကို လွမ်းခြုံသွားလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စိုးရိမ်ပူပန်သောအချိန်များ၌၊ မုအ်မင်တစ်ဦး၏ နှလုံးသားသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းမှ ပြတ်တောက်သွားခြင်း မရှိစေရ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းဖြင့်သာ စိတ်နှလုံးအေးချမ်းမှု ရရှိနိုင်သောကြောင့်ဖြစ်သည်။
  2. ပြစ်မှုဒုစရိုက်များကို ငြင်းပယ်ရန်နှင့် ယင်းပြစ်မှုဒုစရိုက်များဖြစ်ပေါ်ခြင်းကို တားဆီးရန် တိုက်တွန်းနှိုးဆော်ထားခြင်း။
  3. အလုံးစုံသော ပျက်စီးခြင်းသည် ပြစ်မှုဒုစရိုက်များ များပြားလာခြင်း၊ ထိုအပြစ်များ ကျယ်ပြန့်စွာ ဖြစ်ပေါ်လာခြင်းနှင့် သူတော်ကောင်းများ အမြောက်အမြား ရှိနေစေကာမူ ယင်းပြစ်မှုဒုစရိုက်တို့ကို တားဆီးရန် ကြိုးပမ်းမှုမရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည်။
  4. ဘေးဒုက္ခများသည် ကောင်းသောသူနှင့် မကောင်းသောသူ အားလုံးအပေါ်သို့ လွမ်းခြုံကျရောက်တတ်သည်။ ‌သို့‌ရာတွင် သူတို့သည် မိမိတို့၏ ရည်စူးချက်များအတိုင်း ပြန်လည်ရှင်ပြန်ထမြောက်ရမည်ဖြစ်သည်။
  5. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "အာရဗ်တို့အတွက် ပျက်စီးခြင်းသည် မကြာမီဖြစ်ပေါ်လတ္တံ့သော ဘေးဆိုးကြောင့် ဆိုက်ရောက်လာလိမ့်မည်" ဟု အထူးသဖြင့် အာရပ်များကို ရည်ညွှန်းမိန့်ကြားခြင်းမှာ ထိုအချိန်က အစ္စလာမ်သာသနာကိုလက်ခံထားသူ အများစုမှာ အာရဗ်လူမျိုးများ ဖြစ်သောကြောင့်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (51)
ထပ်၍