عَنْ عَائِشَةَ أُمِّ المُؤْمِنين رَضِيَ اللَّهُ عَنْهَا، قَالَتْ:
مَا رَأَيْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مُسْتَجْمِعًا قَطُّ ضَاحِكًا، حَتَّى أَرَى مِنْهُ لَهَوَاتِهِ، إِنَّمَا كَانَ يَتَبَسَّمُ.

[صحيح] - [متفق عليه] - [صحيح البخاري: 6092]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်သည်။ သူမကပြောသည်မှာ
"ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ကိုယ်တော်၏ လည်ချောင်းအတွင်းရှိ အာသီးကိုပင် မြင်နိုင်လောက်အောင် ကျယ်လောင်စွာ ရယ်မောခြင်းမျိုးကို ဘယ်သောအခါမှ မတွေ့မမြင်ခဲ့ဖူးပါ။ ကိုယ်တော်သည် ပြုံးရုံပြုံးတတ်ပါသည်။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 6092]

ရှင်းလင်းချက်

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ပြောပြခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အာသီး (အာခေါင်နှင့် ကပ်‌နေသောအသားတစ်ခု) ပေါ်လာအောင် အလွန်အမင်း ရယ်မောခြင်းမျိုး မပြုခဲ့ပါ။ ကိုယ်တော်သည် ပြုံးရုံသာ ပြုံးတတ်ပါသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တစ်စုံတစ်ရာကို နှစ်သက်မိသောအခါ သို့မဟုတ် ကြိုက်နှစ်သက်သောအခါ၊ ပြုံးရုံသာ ပြုံးတတ်ပါသည်။ ကိုယ်‌တော်၏ ရယ်မောမှုပုံစံသည် ပြုံးရုံသာဖြစ်
  2. သည်။
  3. အိဗ်နု ဟဂျရ် (ဤဟဒီးစ်၏ အဓိပ္ပာယ်ကို ရှင်းလင်းရာတွင်) ဆိုသည်မှာ - ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ထိုသို့ အကျယ်ကြီး ရယ်မောနေသည်ကို မတွေ့ဖူးပါ။ ကိုယ်‌တော်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရယ်မောခြင်းတွင် လုံးဝနှစ်မြုပ်သွားလောက်အောင် ရယ်မောနေခြင်းမျိုးကို မမြင်ဖူးပါဟု ဆိုလိုခြင်းဖြစ်သည်။
  4. အလွန်အကျူး ရယ်မောခြင်းနှင့် ကျယ်လောင်စွာ ဟားတိုက်ရယ်မောခြင်းသည် သူတော်စင်များ၏ စရိုက်လက္ခဏာများထဲမှ မဟုတ်ပါ။
  5. အလွန်အကျူး ရယ်မောခြင်းသည် လူအများအကြားတွင် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ရိုကျိုးပြီး ကြောက်ရွံ့ထိုက်သော စရိုက်ကို ပျောက်ဆုံးစေပါသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (48)
ထပ်၍