1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အတ္ထုပ္ပတ္တိနှင့် သမိုင်း။

ဟဒီးဆ် မည်သူမဆို ငါကိုယ်တော့်အပေါ် စလာမ်ပို့သလျှင်၊ ငါတော်သည် ထိုသူ့အား စလာမ်ပြန်လည်‌ ဖြေကြားနိုင်ရန် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော့်ဝိညာဉ်ကို ငါကိုယ်တော့်ထံ ပြန်လည်ပေးတော်မူသည် ။

عَنْ أَبِي هُرَيْرَةَ رضي الله عنه أَنَّ رَسُولَ اللهِ صلَّى الله عليه وسلم قال:
«ما مِنْ أحَدٍ يُسلِّمُ علي إلا ردَّ اللهُ عليَّ رُوحي حتى أردَّ عليه السَّلامَ».

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို ငါကိုယ်တော့်အပေါ် စလာမ်ပို့သလျှင်၊ ငါတော်သည် ထိုသူ့အား စလာမ်ပြန်လည်‌ ဖြေကြားနိုင်ရန် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော့်ဝိညာဉ်ကို ငါကိုယ်တော့်ထံ ပြန်လည်ပေးတော်မူသည် ။

إسناده حسن رواه أبو داود وأحمد سنن أبي داود - 2041

ရှင်းလင်းချက်

တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်မှာ - မည်သူမဆို အနီးမှဖြစ်စေ၊ အဝေးမှဖြစ်စေ ကိုယ်တော်မြတ်အ‌ပေါ် စလာမ်ပို့သလျှင် ထိုသူ့အား စလာမ်ပြန်လည်‌ ဖြေကြားနိုင်ရန် ကိုယ်တော်၏ဝိညာဉ်ကို (အလ္လာဟ်အရှင်မြတ်က) ပြန်လည်ပေးတော်မူသည်ဟု မိန့်ကြားခဲ့သည်။ သို့ရာတွင် သိနားလည်ထားရမည့် အချက် မှာ - ဗရ် ဇခ်လောက (သေပြီးနောက်ရှိသော ကြားကာလဘဝ) နှင့် ကဗရ်သင်္ချိုင်းများအတွင်း ရှိသောအရာများသည် အကွယ်မှကိစ္စရပ်များဖြစ်ပြီး၊ ယင်းတို့၏ အမှန်တကယ်အခြေအနေကို အလ္လာဟ်အရှင်မြတ်သာလျှင် သိတော်မူသည်။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ် (ﷺ)ပေါ်သို့ ဒရူးဒ်ဆွလာသ်မြားမြောင်စွာ ပို့သရန် တိုက်တွန်းထားခြင်း။
  2. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ မိမိကဗရ်အတွင်း၌ ရှိ‌နေသော ရှင်သန်မှုသည် လူသားတစ်ဦး၏ ဗရ်ဇခ်လောကတွင် ရှင်သန်နေသော အပြည့်စုံဆုံးသော အသက်ရှင်သန်မှုပင်ဖြစ်သည်။ သို့သော် ယင်း၏အမှန်တကယ်အခြေအနေကို အလ္လာဟ်အရှင်မြတ်သည်သာ သိတော်မူသည်။
  3. ဤဟဒီးစ်တော်သည် "တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ (ကဗရ်အတွင်း၌) အသက်ရှင်သန်မှုသည် ကျွန်ုပ်တို့ ဤလောကတွင် အသက်ရှင်နေထိုင်သကဲ့သို့ပင် ဖြစ်သည်" ဟု ပြောဆိုသူများအတွက် အထောက်အထားမဟုတ်ပါ။ သို့မဟုတ်ပါက ရှိရ်က် (တွဲဖက်ကိုးကွယ်မှု) ကျူးလွန်သူများက ၎င်းတို့၏ ကိုးကွယ်ရာပြုမှုများအတွက် ဤဟဒီးစ်ကို ကိုးကားလာကြမည် ဖြစ်သည်။ (အမှန်စင်စစ်) ၎င်းသည် ဗရ်ဇခ်လောကဆိုင်ရာ အသက်ရှင်သန်မှုသာလျှင် ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

51 ဘာသာစကား
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية