عَنْ عُثْمَانَ رضي الله عنه قَالَ: سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«مَا مِنَ امْرِئٍ مُسْلِمٍ تَحْضُرُهُ صَلَاةٌ مَكْتُوبَةٌ فَيُحْسِنُ وُضُوءَهَا وَخُشُوعَهَا وَرُكُوعَهَا، إِلَّا كَانَتْ كَفَّارَةً لِمَا قَبْلَهَا مِنَ الذُّنُوبِ، مَا لَمْ يُؤْتِ كَبِيرَةً، وَذَلِكَ الدَّهْرَ كُلَّهُ».

[صحيح] - [رواه مسلم] - [صحيح مسلم: 228]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အွတ်စ်မားန် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
"မည်သည့် မွတ်စ်လင်မ်မဆို ၎င်းထံ ဖရဿွ်ဆွလားသ်ဝတ်ပြုချိန် ရောက်ရှိလာပြီး၊ သူသည် ယင်းဖရဿ်ွဆွလားသ်၏ဝူဿွူ၊ (ဆွလားသ်အတွင်း) ခူရှူအ် ( ကျိုးနွံမှု )နှင့် ရူကူအ်( ဦးညွှတ်မှု )တို့ကို ကောင်းမွန်ကျနစွာပြုလုပ်လျှင် ထိုဆွလားသ်သည် ယင်းမတိုင်မီ ပြုလုပ်ခဲ့သော သေးငယ်သောအပြစ်များအား ပလှပ်စေသောအရာ ဖြစ်သည်။ ဤသည် အပြစ်အကုသိုလ်အကြီးစားများ မပြုလုပ်သရွေ့ ဖြစ်သည်။ ထို့ပြင် ယင်းအကျိုးကျေးဇူးသည် အမြဲပင်ဖြစ်၏။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 228]

ရှင်းလင်းချက်

တမန်တော်မြတ်် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ- အကြင်မွတ်စ်လင်မ်တစ်ဦး၏ရှေ့ဝယ် ဖရဿ်ွဆွလားသ် အချိန်ရောက်ရှိလာပြီး၊ ထိုသူသည် ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်၊ ထို့နောက် ကျိုးနွံနှိမ့်ချမှုအပြည့်ဖြင့် ဆွလာသ်ဝတ်ပြုပြီး သူ၏စိတ်နှလုံးနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံး အလ္လာဟ်အရှင်မြတ်၏ဘက်သို့ အာရုံပြုထားလျက်၊ သူ၏စိတ်နှလုံးထဲတွင် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုကို စွဲမြဲစွာ ထားရှိပြီး၊ ရူကူအ်၊ စဂျ်ဒဟ်စသည့် ဆွလားသ်၏ လုပ်ဆောင်ချက်များကို အပြည့်အဝ ကျင့်ဆောင်လျှင်၊ ဤဆွလားသ်သည် ယခင်က ကျူးလွန်မိခဲ့သော သေးငယ်သည့်အပြစ်များအား ပလှပ်စေသော အရာဖြစ်လာမည်။ ဤသည် ကြီးလေးသောအပြစ်များကို မကျူးလွန်သ၍ ဖြစ်သည်။ ဤအကျိုးကျေးဇူးသည် ခေတ်ကာလတိုင်းနှင့် ဆွလားသ်တိုင်းအတွက် သက်ရောက်မှုရှိမည် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ အပြစ်များကို ပလှပ်စေသော ဆွလားသ်ဟူသည် ဗန္နဟ်ကျေးကျွန်သည် ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်ပြီး အလ္လာဟ်အရှင်မြတ်၏ လိုလားနှစ်သက်မှုရရန် ရည်ရွယ်လျှက် အာရုံစူးစိုက်မှုအပြည့်ဖြင့်ဝတ်ပြုသော ဆွလားသ်ပင်ဖြစ်သည်။
  2. ၂။ အေဗာဒသ်ခဝပ်ကိုးကွယ်မှုများကို ပုံမှန်စွဲစွဲမြဲမြဲ ပြုလုပ်ခြင်း၏ အကျိုး
  3. ကျေးဇူးနှင့် ထိုသို့ပြုလုပ်ခြင်းသည် အပြစ်ငယ်များ ခွင့်လွှတ်ခြင်းခံရရန် အကြောင်းခံတစ်
  4. ရပ်ဖြစ်
  5. ကြောင်း(ဖော်ပြထားသည်။)
  6. ၃။ ဝူဿွူကို ကောင်းမွန်ကျနစွာပြုလုပ်ခြင်း၊ ဆွလာသ်ကို ကောင်းမွန်စွာဝတ်ပြုခြင်းနှင့် ဆွလားသ်ဝတ်ပြုရာတွင် ခူရှူအ် (စိတ်ရောကိုယ်ပါ အာရုံစူးစိုက်မှုအပြည့်ဖြင့်ဝတ်ပြုခြင်း) ၏ အကျိုးကျေးဇူး။
  7. ၄။ သေးငယ်သောအပြစ်များမှ ခွင့်လွှတ်ခြင်းခံရရန်အတွက် ကြီးလေးသောအပြစ်အကုသိုလ်များကို ရှောင်ကြဉ်ရန်အရေးကြီးခြင်း။
  8. ၅။ ကြီးလေးသောအပြစ်အကုသိုလ်များသည် စစ်မှန်သည့် သောင်ဗဟ်ပြုလုပ်မှသာလျှင် ပလှပ်ခြင်းခံရမည်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)
ထပ်၍