عَنْ عُثْمَانَ رضي الله عنه قَالَ: سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«مَا مِنَ امْرِئٍ مُسْلِمٍ تَحْضُرُهُ صَلَاةٌ مَكْتُوبَةٌ فَيُحْسِنُ وُضُوءَهَا وَخُشُوعَهَا وَرُكُوعَهَا، إِلَّا كَانَتْ كَفَّارَةً لِمَا قَبْلَهَا مِنَ الذُّنُوبِ، مَا لَمْ يُؤْتِ كَبِيرَةً، وَذَلِكَ الدَّهْرَ كُلَّهُ».
المزيد
အွတ်စ်မားန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
"မည်သည့် မွတ်စ်လင်မ်မဆို ၎င်းထံ ဖရ်ဿွ် ဆွလာသ်ဝတ်ပြုချိန် ကျရောက်လာသည့်အခါ ၎င်းအနေဖြင့် ထိုဆွလာသ်အတွက် ဝူဿွူရေသန့်စင်ခြင်း၊ (ဆွလာသ်အတွင်း) ခူရှူအ် ကျိုးနွံခြင်းနှင့် ရူကူအ် ဦးညွှတ်ခြင်းတို့ကို ကောင်းမွန် ကျနစွာပြုလုပ်မည်ဆိုလျှင် အပြစ်အကုသိုလ်ကြီးများကို မကျူးလွန်သရွေ့ ထိုဆွလာသ်သည် ယင်းမတိုင်မီက ပြုလုပ်ခဲ့သော အပြစ်များကို ပလပ်စေမည့် ကဖ္ဖာရဟ်ပင်ဖြစ်သည်။ ထို့ပြင် ယင်းအကျိုးကျေးဇူးသည် အမြဲပင်ဖြစ်၏။"