عَنْ عَائِشَةَ أُمِّ المُؤمنينَ رضي الله عنها قَالَتْ:
كُنْتُ أَغْتَسِلُ أَنَا وَالنَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مِنْ إِنَاءٍ وَاحِدٍ كِلاَنَا جُنُبٌ، وَكَانَ يَأْمُرُنِي، فَأَتَّزِرُ، فَيُبَاشِرُنِي وَأَنَا حَائِضٌ، وَكَانَ يُخْرِجُ رَأْسَهُ إِلَيَّ وَهُوَ مُعْتَكِفٌ فَأَغْسِلُهُ وَأَنَا حَائِضٌ.
[صحيح] - [متفق عليه] - [صحيح البخاري: 299]
المزيــد ...
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။
ကျွန်မနှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရေအိုးတစ်လုံးထဲမှပင် ရေအတူချိုးခဲ့ကြသည်။ ကျွန်မတို့ နှစ်ဦးစလုံးသည် (ဂျုနုဗ်) ရေချိုးရန်တာဝန်ထိုက်နေကြပါသည်။ ကိုယ်တော်သည် ကျွန်မ ဓမ္မတာသွေးဆင်းနေစဉ် လုံချည်ဝတ်ရန်စေခိုင်းလေ့ရှိပြီး ကိုယ်တော်သည် ကျွန်မနှင့်ပွေ့ဖက်ကျီစယ်တော်မူသည်။ ကိုယ်တော်သည် အိသိကာဖ် ထိုင်နေစဉ် ကျွန်မအခန်းဘက်သို့ ဦးခေါင်းကို ထုတ်ပေးလေ့ရှိပြီး ကျွန်မသည် ဓမ္မတာသွေးဆင်းသူဖြစ်လျက်နှင့်ပင် ကိုယ်တော်၏ဦးခေါင်းကို ရေဆေးကြောပေးသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 299]
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် သူမကြားရှိ သီးသန့်ဆက်ဆံရေးအ ခြေအနေများကို ပြောပြခဲ့သည်။ ၎င်းတို့အနက် အချို့မှာ သူမသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရေအိုးတစ်လုံးထဲမှပင် ရေအတူခပ်ကာ ဂျနာဗသ်အတွက် ရေချိုးခဲ့သည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူမဓမ္မတာသွေး ဆင်းနေချိန် အတူနေလိုပါက သူမခန္ဓာကိုယ်အား ချက်မှ ဒူးအထိ ဖုံးအုပ်ခိုင်းတော်မူပြီး ပေါင်းသင်းဆက်ဆံခြင်းမရှိဘဲ ပွေ့ဖက်ကျီစယ်တော်မူသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည်ဗလီထဲတွင် အိသိကာဖ် ထိုင်နေစဉ် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆီသို့ မိမိဦးခေါင်းကို ထုတ်ပေးလေ့ရှိပြီး သူမသည် ဓမ္မတာသွေးဆင်းသူဖြစ်လျက်နှင့်ပင် သူမအိမ်အတွင်းမှနေ၍ ကိုယ်တော်၏ ဦးခေါင်းကို ရေဆေးကြောပေးသည်။