عَنْ عَبْدِ اللهِ بْنِ مَسْعُودٍ رضي الله عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَا مِنْ نَبِيٍّ بَعَثَهُ اللهُ فِي أُمَّةٍ قَبْلِي إِلَّا كَانَ لَهُ مِنْ أُمَّتِهِ حَوَارِيُّونَ، وَأَصْحَابٌ يَأْخُذُونَ بِسُنَّتِهِ وَيَقْتَدُونَ بِأَمْرِهِ، ثُمَّ إِنَّهَا تَخْلُفُ مِنْ بَعْدِهِمْ خُلُوفٌ يَقُولُونَ مَا لَا يَفْعَلُونَ، وَيَفْعَلُونَ مَا لَا يُؤْمَرُونَ، فَمَنْ جَاهَدَهُمْ بِيَدِهِ فَهُوَ مُؤْمِنٌ، وَمَنْ جَاهَدَهُمْ بِلِسَانِهِ فَهُوَ مُؤْمِنٌ، وَمَنْ جَاهَدَهُمْ بِقَلْبِهِ فَهُوَ مُؤْمِنٌ، وَلَيْسَ وَرَاءَ ذَلِكَ مِنَ الْإِيمَانِ حَبَّةُ خَرْدَلٍ».
[صحيح] - [رواه مسلم] - [صحيح مسلم: 50]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ငါကိုယ်တော်၏ အလျင်ရှိခဲ့ကြသော အွမ္မသ်များထဲတွင် အလ္လာဟ်အရှင်မြတ်စေလွှတ်ခဲ့သည့် တမန်တော်တိုင်းအတွက် သူ၏ အွမ္မသ်များအနက်မှ သူ့အား ကူညီသူများနှင့် နောက်လိုက်တပည့်သားချင်းများရှိခဲ့ကြသည်။ ၎င်းတို့သည် ထိုတမန်တော်၏ စွန္နသ်လမ်းစဉ်ကို လိုက်နာကြ၍၊ ထိုတမန်တော်၏ အမိန့်အတိုင်း နာခံကျင့်သုံးကြသည်။ ထို့နောက်တဖန် ထိုသူတို့၏နောက်တွင် ( ဤသို့သောသူများ )ပေါ်ပေါက်လာကြမည်။ ၎င်းတို့သည် မိမိတို့မပြုလုပ်ကြသည့်အရာများကို ပြောဆိုကြပြီး၊ မိမိတို့အား အမိန့်ပေးစေခိုင်းထားခြင်းမရှိသောအရာများကို ပြုလုပ်ကြ၏။ သို့ဖြစ်ရာ မည်သူမဆို ၎င်းတို့အား မိမိ၏လက်ဖြင့် တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ မည်သူမဆို ၎င်းတို့အား မိမိ၏နှုတ်လျှာဖြင့် (စကားဖြင့်) တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ မည်သူမဆို ၎င်းတို့အား စိတ်နှလုံးသားဖြင့် (မကောင်းမှုဟု မှတ်ယူပြီး) တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ ထို ( စိတ်နှလုံးသားဖြင့် မကောင်းမှုဟု မှတ်ယူခြင်း၏ နောက်တွင်မူ ) မုန့်ညှင်းစေ့ခန့်မျှပင် အီမာန်ရှိတော့မည် မဟုတ်ပေ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 50]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ- မိမိမတိုင်မီရှိခဲ့သော လူမျိုးစုများထံ စေလွှတ်တော်မူခြင်းခံခဲ့ရသော နဗီတမန်တော်တိုင်းအတွက် သူ၏အွမ္မသ်သားများထဲမှ ရွေးချယ်ခြင်းခံရသူများ၊ အကူအညီပေးသူများ၊ကြိုးပမ်းအားထုတ်သူများ၊ စိတ်စေတနာဖြူစင်သူများ ရှိခဲ့ကြ၏။ ထိုသူတို့သည် ထိုနဗီတမန်တော်၏ နောက်ပိုင်း ခိလာဖသ်( အုပ်ချုပ်မှု )ရာထူးအတွက် သင့်တော်သူများဖြစ်ကြကာ ထိုနဗီတမန် တော်၏ စွန္နသ်လမ်းစဉ်ကို လိုက်နာကြ၍၊ ထိုတမန်တော်၏ အမိန့်အတိုင်း နာခံကျင့်သုံးကြသည်။ထို့နောက် ထိုသူမွန်သူမြတ် ရှေ့ဆောင်ကောင်းများ၏နောက်တွင်နောက်တွင် ( ဤသို့သောသူများ )ပေါ်ပေါက်လာကြမည်။ ၎င်းတို့တွင် မည်သည့်ကောင်းခြင်းမျှ မရှိချေ။ ၎င်းတို့သည် မိမိတို့မပြုလုပ်ကြသည့်အရာများကို ပြောဆိုကြပြီး၊ မိမိတို့အား အမိန့်ပေးစေခိုင်းထားခြင်းမရှိသောအရာများကို ပြုလုပ်ကြ၏။ သို့ဖြစ်ရာ မည်သူမဆို ၎င်းတို့အား မိမိ၏လက်ဖြင့် တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ မည်သူမဆို ၎င်းတို့အား မိမိ၏နှုတ်လျှာဖြင့် (စကားဖြင့်) တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ မည်သူမဆို ၎င်းတို့အား စိတ်နှလုံးသားဖြင့် (မကောင်းမှုဟု မှတ်ယူပြီး) တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ ထို ( စိတ်နှလုံးသားဖြင့် မကောင်းမှုဟု မှတ်ယူခြင်း၏ နောက်တွင်မူ ) မုန့်ညှင်းစေ့ခန့်မျှပင် အီမာန်ရှိတော့မည် မဟုတ်ပေ။